Home » Sport » ေဆာင္းရာသီ အေျပာင္းအေရႊ႕မွာ ကစားသမား အဝင္/အထြက္ အမ်ားဆံုး အသင္း ျဖစ္လာႏုိင္တဲ့ ခ်ယ္လ္ဆီး

ေဆာင္းရာသီ အေျပာင္းအေရႊ႕မွာ ကစားသမား အဝင္/အထြက္ အမ်ားဆံုး အသင္း ျဖစ္လာႏုိင္တဲ့ ခ်ယ္လ္ဆီး

ေဆာင္းရာသီ အေျပာင္းအေရႊ႕မွာ ကစားသမား အဝင္/အထြက္ အမ်ားဆံုး အသင္း ျဖစ္လာႏုိင္တဲ့ ခ်ယ္လ္ဆီး

ေဆာင္းရာသီ ေစ်းကြက္ ဟာ ပံုမွန္ အားျဖင့္ ကစားသမား အေရာင္းအဝယ္ ပါးသလုိ ဥေရာပ ေဘာလံုး အသင္း ေတြဟာ ၄င္းတို႕ အသင္း မွာ လိုအပ္ ေနတဲ့ ေနရာ ေတြ အတြက္သာ ကစားသမား ၁ ဦး ၊ ၂ ဦး ေလာက္သာ ထပ္ျဖည့္ ၾကေလ့ ရွိတာ ျဖစ္ပါတယ္အထူးသျဖင့္ အသင္းၾကီးေတြဟာ ပုိက္ဆံေတြ အေလအလြင့္မျဖစ္ေအာင္ လုိအပ္သည္ေနရာေတြသာ ခၚယူအားျဖည့္ၾကတာကုိလည္း ေတြ႔ရမွာပါ  ။ ေလာေလာဆယ္ မွာေတာ့ ခ်ယ္ဆီး အသင္း ရဲ႕ အေျပာင္းအေရႊ႕ သတင္း ေတြဟာ အျခား ဥေရာပ အသင္းေတြ ထက္ ပိုျပီး မ်ားေနတာ ကို ေတြ႕ရပါတယ္ ။ ခ်ယ္လ္ဆီး အသင္း ဟာ ယခုႏွစ္ ေဘာလံုး ရာသီ ရဲ႕ ေဆာင္းရာသီ အေျပာင္းအေရႊ႕ မွာ ကစားသမား ေခၚယူမႈ အေနနဲ႕ ေဒါ့မြန္ အသင္း ရဲ႕ ေတာင္ပံ ကစားသမား ခရစ္တီယန္ ပူလီဆစ္ ကို ေပါင္ ၅၇ သန္း နဲ႕ ေခၚယူ ထားျပီး ျဖစ္ပါတယ္။

၄င္းဟာ ေဒါ့မြန္ အသင္း မွာပဲ ရာသီကုန္ အထိ အငွား ထပ္ ကစား သြားမွာ ဆိုေပမယ့္ ၄င္းဟာ ဒီေဆာင္းရာသီ အေျပာင္းအေရႊ႕ ေစ်းကြက္ မွာ ခ်ယ္လ္ဆီး မွ စတင္ ေခၚယူ ခဲ့တဲ့ ပထမဆံုး ကစားသမား လည္း ျဖစ္ပါတယ္ ။ လက္ရွိ မွာ ခ်ယ္လ္ဆီး အသင္း ဟာ အငွား ကစားသမား တခ်ိဳ႕ ကိုလည္း အငွား စာခ်ဳပ္ သက္တမ္း တိုးထားျပီး လည္း ျဖစ္ပါတယ္ ။ ဘာတန္ မွာ ကစားေနတဲ့ လူငယ္ ဂိုးသမား ဘရတ္ဒ္ေလ ေကာလင္းစ္ ကို ရာသီကုန္ အထိ စာခ်ဳပ္ သက္တမ္းတိုး အငွားခ် ထားလိုက္ သလို ေကစီ ပါလ္မာ ကို ဘရစၥတိုးလ္ စီးတီး သို႕ ၊ လူးဝစ္ ေဘကာ ကို ရီးဒင္း အသင္းထံ သို႕ အငွား အသီးသီး ထပ္ခ် လိုက္ျပန္ ပါတယ္ ။ အခ်ိဳ႕ အငွား ကစားသမား ကိုလည္း

အသင္း သို႕ ျပန္ေခၚ ခဲ့ျပီး ပံုမွန္ ေနရာ မရပဲ ဒဏ္ရာ ျပႆနာ ေတြနဲ႕ ရုန္းကန္ ေနရတဲ့ ေနာက္ခံလူ ဘာဘာရာမန္ ကို ရာသီ အစ က အငွားခ် ထားတဲ့ ေရွာ္လ္ေကး အသင္း မွ ျပန္လည္ ေခၚယူ ခဲ့သလို အိုင္ကီ အဂ္ဘို ကိုလည္း စကန္ေသာ့ပ္ အသင္း မွ ျပန္လည္ ေခၚယူ ခဲ့တာ ျဖစ္ပါတယ္ ။ လက္ရွိ မွာလည္း ခ်ယ္လ္ဆီး အသင္း ဟာ အသင္း ရဲ႕ ဝါရင့္ ကြင္းလယ္လူ ဖာဘရီဂတ္စ္ ကို မိုနာကို အသင္း သို႕ ေျပာင္းေရႊ႕ ခြင့္ျပဳ ရေတာ့မွ ျဖစ္သလို တိုက္စစ္မွဴး အယ္လ္ဗာရို မိုရာတာ ကို လည္း စပိန္ ကလပ္ ၂ သင္း ျဖစ္တဲ့ ဆီဗီလာ နဲဲ အက္သလက္တီကို တို႕ အနက္ တသင္း ထံသို႕ ရာသီဝက္ အငွား နဲ႕ ေစလႊတ္ ေတာ့မွာ လည္း ျဖစ္ပါတယ္ ။ ထို႕အျပင္ ေဘာလံုး ရာသီ စကတည္း က ပြဲကစားခြင့္အခ်ိဳ႕ သာ ရရွိ ထားေသးတဲ့ ေတာင္ပံ ကစားသမား ဗစ္တာ ေမာ့ဆက္စ္ နဲ႕ ဝါရင့္ ေနာက္ခံလူ ဂယ္ရီ ကာေဟးလ္ တို႕ကို လည္း ခ်ယ္လ္ဆီး အသင္း ဟာ ယခု ဇန္နဝါရီ မွာ ေနာက္ထပ္ အငွား ၆လ နဲ႕ ထပ္မံ လက္လႊတ္ ေတာ့မွာလည္း ျဖစ္ပါတယ္ ။ တပြဲမွာ ကစား ရေသးျခင္း မရွိေသးတဲ့ ကြင္းလယ္လူ ဒရင့္ခ္ ဝါးတား ကိုလည္း ၄င္းရဲ႕ ဆရာေဟာင္း ရာနီေရးရီ ကိုင္တြယ္ ေနတဲ့ ဖူလ္ဟမ္ အသင္း က အျပီးသတ္ ေခၚယူ ဖို႕ လည္း ျပင္ဆင္ ေနပါတယ္။

ခ်ယ္လ္ဆီး အသင္း ဟာ ယခု ဇန္နဝါရီ အေျပာင္းအေရႊ႕ မွာ လိုအပ္ ေနတဲ့ တိုက္စစ္မွဴး ေနရာ နဲ႕ ကြင္းလယ္ တေနရာ တို႕ကို ထပ္မံ ျဖည့္တင္း ဖို႕ အဓိက ျပင္ဆင္ ေနပါတယ္ ။ အထူးသျဖင့္ အေထာင္ တိုက္စစ္ ေနရာ ဟာ ရာသီ အစ ကတည္းက အဓိက လိုအပ္ခ်က္ အေနနဲ႕ ရပ္တည္ ေနတာလည္း ျဖစ္ပါတယ္ ။ အဆံုးသတ္ ေကာင္းမြန္ တဲ့ တိုက္စစ္မွဴး တေယာက္ အတြက္ ခ်ယ္လ္ဆီး အသင္း ဟာ ေအစီမီလန္ အသင္း တိုက္စစ္မွဴး ဂြန္ဇာလို ဟီဂြာအင္ ၊ ဘုန္းေမာက္ အသင္း တိုက္စစ္မွဴး ေကာ္လမ္ ဝီလ္ဆင္ ၊ ဝက္စ္ဟမ္း အသင္း တိုက္စစ္မွဴး မာကို အေနာ္တိုဗစ္ တို႕ အနက္ တဦး ကို အရ ေခၚယူ ႏိုင္ဖို႕ ျပင္ဆင္ ေနပါတယ္ ။

ကြင္းလယ္ မွာ ဖာဘရီဂတ္စ္ ေနရာ အစားထိုး ဖို႕ အတြက္ ကယ္ဂလီယာရီ ကြင္းလယ္လူ နီကိုလို ဘာရီလာ နဲ႕ ဇင္းနစ္ ကြင္းလယ္လူ လီအန္ဒရို ပါေရးဒက္စ္ တို႕ကို ေခၚယူ ဖို႕ ခ်ိန္ရြယ္ ေနျပီး ပါေရးဒက္စ္ မွာ ခ်ယ္လ္ဆီး မွ ေခၚယူႏိုင္ဖို႕ ပိုျပီး အခြင့္အေရး မ်ားေနတဲ့ ကစားသမား လည္း ျဖစ္ပါတယ္ ။  ထို႕အျပင္ ဘိုင္ယန္ျမဴးနစ္ မွ ခ်ိတ္ဆက္ ေနတဲ့ ေတာင္ပံ ကစားသမား ဟတ္ဒ္ဆန္ အိုဒိြဳင္း ရဲ႕ အေျပာင္းအေရႊ႕ သတင္း ဟာ အခု အခ်ိန္ မွာ လူေျပာမ်ား ေနတဲ့ သတင္း တပုဒ္ အေနနဲ႕ ရွိေနျပီး ဘိုင္ယန္ ဖက္က အိုဒိြဳင္း အတြက္ ေပါင္ ၃၅ သန္း နဲ႕ ေလးၾကိမ္ေျမာက္ အျဖစ္ ကမ္းလွမ္း ထားျပီး ျဖစ္ပါတယ္ ။

Unicode


ဆောင်းရာသီ အပြောင်းအရွှေ့မှာ ကစားသမား အဝင်/အထွက် အများဆုံး အသင်း ဖြစ်လာနိုင်တဲ့ ချယ်လ်ဆီး
ဆောင်းရာသီ စျေးကွက် ဟာ ပုံမှန် အားဖြင့် ကစားသမား အရောင်းအဝယ် ပါးသလို ဥရောပ ဘောလုံး အသင်း တွေဟာ ၄င်းတို့ အသင်း မှာ လိုအပ် နေတဲ့ နေရာ တွေ အတွက်သာ ကစားသမား ၁ ဦး ၊ ၂ ဦး လောက်သာ ထပ်ဖြည့် ကြလေ့ ရှိတာ ဖြစ်ပါတယ်အထူးသဖြင့် အသင်းကြီးတွေဟာ ပိုက်ဆံတွေ အလေအလွင့်မဖြစ်အောင် လိုအပ်သည်နေရာတွေသာ ခါ်ယူအားဖြည့်ကြတာကိုလည်း တွေ့ရမှာပါ ။ လောလောဆယ် မှာတော့ ချယ်ဆီး အသင်း ရဲ့ အပြောင်းအရွှေ့ သတင်း တွေဟာ အခြား ဥရောပ အသင်းတွေ ထက် ပိုပြီး များနေတာ ကို တွေ့ရပါတယ် ။ ချယ်လ်ဆီး အသင်း ဟာ ယခုနှစ် ဘောလုံး ရာသီ ရဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ မှာ ကစားသမား ခေါ်ယူမှု အနေနဲ့ ဒေါ့မွန် အသင်း ရဲ့ တောင်ပံ ကစားသမား ခရစ်တီယန် ပူလီဆစ် ကို ပေါင် ၅၇ သန်း နဲ့ ခေါ်ယူ ထားပြီး ဖြစ်ပါတယ် ။ ၄င်းဟာ ဒေါ့မွန် အသင်း မှာပဲ ရာသီကုန် အထိ အငှား ထပ် ကစား သွားမှာ ဆိုပေမယ့် ၄င်းဟာ ဒီဆောင်းရာသီ အပြောင်းအရွှေ့ စျေးကွက် မှာ ချယ်လ်ဆီး မှ စတင် ခေါ်ယူ ခဲ့တဲ့ ပထမဆုံး ကစားသမား လည်း ဖြစ်ပါတယ် ။ လက်ရှိ မှာ ချယ်လ်ဆီး အသင်း ဟာ အငှား ကစားသမား တချို့ ကိုလည်း အငှား စာချုပ် သက်တမ်း တိုးထားပြီး လည်း ဖြစ်ပါတယ် ။ ဘာတန် မှာ ကစားနေတဲ့ လူငယ် ဂိုးသမား ဘရတ်ဒ်လေ ကောလင်းစ် ကို ရာသီကုန် အထိ စာချုပ် သက်တမ်းတိုး အငှားချ ထားလိုက် သလို ကေစီ ပါလ်မာ ကို ဘရစ္စတိုးလ် စီးတီး သို့ ၊ လူးဝစ် ဘေကာ ကို ရီးဒင်း အသင်းထံ သို့ အငှား အသီးသီး ထပ်ချ လိုက်ပြန် ပါတယ် ။ အချို့ အငှား ကစားသမား ကိုလည်း အသင်း သို့ ပြန်ခေါ် ခဲ့ပြီး ပုံမှန် နေရာ မရပဲ ဒဏ်ရာ ပြဿနာ တွေနဲ့ ရုန်းကန် နေရတဲ့ နောက်ခံလူ ဘာဘာရာမန် ကို ရာသီ အစ က အငှားချ ထားတဲ့ ရှော်လ်ကေး အသင်း မှ ပြန်လည် ခေါ်ယူ ခဲ့သလို အိုင်ကီ အဂ်ဘို ကိုလည်း စကန်သော့ပ် အသင်း မှ ပြန်လည် ခေါ်ယူ ခဲ့တာ ဖြစ်ပါတယ် ။ လက်ရှိ မှာလည်း ချယ်လ်ဆီး အသင်း ဟာ အသင်း ရဲ့ ဝါရင့် ကွင်းလယ်လူ ဖာဘရီဂတ်စ် ကို မိုနာကို အသင်း သို့ ပြောင်းရွှေ့ ခွင့်ပြု ရတော့မှ ဖြစ်သလို တိုက်စစ်မှူး အယ်လ်ဗာရို မိုရာတာ ကို လည်း စပိန် ကလပ် ၂ သင်း ဖြစ်တဲ့ ဆီဗီလာ နဲဲ အက်သလက်တီကို တို့ အနက် တသင်း ထံသို့ ရာသီဝက် အငှား နဲ့ စေလွှတ် တော့မှာ လည်း ဖြစ်ပါတယ် ။ ထို့အပြင် ဘောလုံး ရာသီ စကတည်း က ပွဲကစားခွင့်အချို့ သာ ရရှိ ထားသေးတဲ့ တောင်ပံ ကစားသမား ဗစ်တာ မော့ဆက်စ် နဲ့ ဝါရင့် နောက်ခံလူ ဂယ်ရီ ကာဟေးလ် တို့ကို လည်း ချယ်လ်ဆီး အသင်း ဟာ ယခု ဇန်နဝါရီ မှာ နောက်ထပ် အငှား ၆လ နဲ့ ထပ်မံ လက်လွှတ် တော့မှာလည်း ဖြစ်ပါတယ် ။ တပွဲမှာ ကစား ရသေးခြင်း မရှိသေးတဲ့ ကွင်းလယ်လူ ဒရင့်ခ် ဝါးတား ကိုလည်း ၄င်းရဲ့ ဆရာဟောင်း ရာနီရေးရီ ကိုင်တွယ် နေတဲ့ ဖူလ်ဟမ် အသင်း က အပြီးသတ် ခေါ်ယူ ဖို့ လည်း ပြင်ဆင် နေပါတယ် ။ ချယ်လ်ဆီး အသင်း ဟာ ယခု ဇန်နဝါရီ အပြောင်းအရွှေ့ မှာ လိုအပ် နေတဲ့ တိုက်စစ်မှူး နေရာ နဲ့ ကွင်းလယ် တနေရာ တို့ကို ထပ်မံ ဖြည့်တင်း ဖို့ အဓိက ပြင်ဆင် နေပါတယ် ။ အထူးသဖြင့် အထောင် တိုက်စစ် နေရာ ဟာ ရာသီ အစ ကတည်းက အဓိက လိုအပ်ချက် အနေနဲ့ ရပ်တည် နေတာလည်း ဖြစ်ပါတယ် ။ အဆုံးသတ် ကောင်းမွန် တဲ့ တိုက်စစ်မှူး တယောက် အတွက် ချယ်လ်ဆီး အသင်း ဟာ အေစီမီလန် အသင်း တိုက်စစ်မှူး ဂွန်ဇာလို ဟီဂွာအင် ၊ ဘုန်းမောက် အသင်း တိုက်စစ်မှူး ကော်လမ် ဝီလ်ဆင် ၊ ဝက်စ်ဟမ်း အသင်း တိုက်စစ်မှူး မာကို အနော်တိုဗစ် တို့ အနက် တဦး ကို အရ ခေါ်ယူ နိုင်ဖို့ ပြင်ဆင် နေပါတယ် ။ ကွင်းလယ် မှာ ဖာဘရီဂတ်စ် နေရာ အစားထိုး ဖို့ အတွက် ကယ်ဂလီယာရီ ကွင်းလယ်လူ နီကိုလို ဘာရီလာ နဲ့ ဇင်းနစ် ကွင်းလယ်လူ လီအန်ဒရို ပါရေးဒက်စ် တို့ကို ခေါ်ယူ ဖို့ ချိန်ရွယ် နေပြီး ပါရေးဒက်စ် မှာ ချယ်လ်ဆီး မှ ခေါ်ယူနိုင်ဖို့ ပိုပြီး အခွင့်အရေး များနေတဲ့ ကစားသမား လည်း ဖြစ်ပါတယ် ။ ထို့အပြင် ဘိုင်ယန်မြူးနစ် မှ ချိတ်ဆက် နေတဲ့ တောင်ပံ ကစားသမား ဟတ်ဒ်ဆန် အိုဒွိုင်း ရဲ့ အပြောင်းအရွှေ့ သတင်း ဟာ အခု အချိန် မှာ လူပြောများ နေတဲ့ သတင်း တပုဒ် အနေနဲ့ ရှိနေပြီး ဘိုင်ယန် ဖက်က အိုဒွိုင်း အတွက် ပေါင် ၃၅ သန်း နဲ့ လေးကြိမ်မြောက် အဖြစ် ကမ်းလှမ်း ထားပြီး ဖြစ်ပါတယ် ။