Home » Sport » ဒီရာသီ ပရီးမီးယားလိဂ် ရဲ့ စွမ်းေ​ဆာင်ရည် ​​အ​ကောင်းဆုံး ကွင်းလယ်​ဖန်​တီးရှင်တွေအဖြစ် ရပ်တည်နေတဲ့ ကစားသမား​( ၃) ဦး

ဒီရာသီ ပရီးမီးယားလိဂ် ရဲ့ စွမ်းေ​ဆာင်ရည် ​​အ​ကောင်းဆုံး ကွင်းလယ်​ဖန်​တီးရှင်တွေအဖြစ် ရပ်တည်နေတဲ့ ကစားသမား​( ၃) ဦး

ဒီရာသီ ပရီးမီးယားလိဂ် ရဲ့ စွမ်းေ​ဆာင်ရည် ​​အ​ကောင်းဆုံး ကွင်းလယ်​ဖန်​တီးရှင်တွေအဖြစ် ရပ်တည်နေတဲ့ ကစားသမား​( ၃) ဦး

၂၀၁၈ – ၁၉ ပရီးမီးယားလိဂ် ​ဘောလုံး ရာသီိ ရဲ့ ရာသီဝက်​ ကာလကို ​ကျော်​ဖြတ်​ လာခဲ့ပြီဖြစ်​ပါတယ်​။ ပရီးမီးယားလိဂ် ပြိုင်​ပွဲ ဟာ တစ်​နှစ်​ထက်​ တစ်​နှစ်​ ပြိုင်​ဆိုင်​မှု ပိုမို ပြင်းထန်​ လာခဲ့သလို လှပတဲ့ ကစားကွက်​ ၊ သွင်းဂိုး ​တွေကလည်း ​ဖျော်​​ဖြေမှု ရသကို ​ပေးစွမ်းလျက်​ ရှိ​နေပါတယ်​။ ဒါ​ပေမယ့်​ ပရိတ်​သတ်​ ​တွေအ​နေနဲ့ ဒီလို ဂိုး​တွေ ရရှိ​အောင်​ ဖန်​တီး​ပေး ထားခဲ့တဲ့ သူ​တွေကို​တော့ ​မေ့ထားလို့ မရပါဘူး။  ဒီကစားသမား ​တွေရဲ့ အကွက်​မြင်​မှု ၊ ဖန်​တီးမှု စွမ်းရည်​ ၊ ​ဘောလုံး အရည်​အ​သွေး ၊ လိမ်​​ခေါက်​မှု စွမ်းရည်​ ​တွေဟာ အခြား ကစားသမား ​တွေနဲ့ ခြာနား​နေ ခဲ့ပါတယ်​။ ဒီရာသီ မှာ​တော့ ကျွန်​​တော်တို့ အ​နေနဲ့ တစ်​ဦးချင်း စွမ်းရည်​ နဲ့ သွင်းယူ ခဲ့တဲ့ ဂိုး​တွေ ၊ အသင်းလိုက်​ လုပ်​အား နဲ့ ရခဲ့တဲ့ ဂိုး​တွေကို မြင်​ထား ခဲ့ပြီး ဖြစ်​ကာ အချို့ ကစားသမား ​တွေက​တော့ သူတို့ရဲ့ ဖန်​တီးမှု အရည်​အ​သွေး နဲ့ ပရီးမီးယားလိဂ် ပြိုင်​ပွဲရဲ့ ဂုဏ်​ကို ပိုမို ​တောက်​ပ​စေခဲ့ ပါတယ်​။

ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ်​ ၂၂ အပြီးမှာ အ​ကောင်းဆုံး စွမ်း​ဆောင်​ရည်​ကို ပြသထားတဲ့ ကွင်းလယ်​ဖန်​တီးရှင်​ ၃ ဦးကိုလည်း ပရိတ်သတ်တွေ အတွက် ​ဖော်​ပြ ​ပေးလိုက်​ပါတယ်​။

၁ – ဟာဇက်​ (ချဲလ်​ဆီး)

 

 

ဘယ်​ဂျီယံ စတား က​တော့ ဒီရာသီ ပရီးမီးယားလိဂ် မှာ အ​ကောင်းဆုံး စွမ်း​ဆောင်​ရည်​ကို ပြသ​နေသူ​ ဖြစ်​ပြီး ပြီးခဲ့တဲ့ ရက်​ပိုင်းက ထုတ်​ပြန်​ခဲ့တဲ့ Sky Sports ရဲ့ ဒီရာသီ ပုံစံ​ကောင်း ပြသ​နေတဲ့ ကစားသမား စာရင်းရဲ့ ထိပ်​ဆုံး ​နေရာမှာ ဆက်​လက်​ ရပ်​တည်​ထားဆဲ ဖြစ်​ပါတယ်​။ ဟာဇက်​ဟာ နည်းပြ ​မော်​ရီဇီယိုဆာရီ ရဲ့ တိုက်​စစ်​ အားပြု ကစားဟန်​ မှာ အထူး အ​ရေးပါ​နေတဲ့ ကစားသမား ဖြစ်​ပြီး လက်​ရှိအချိန်​ထိလည်း စွမ်း​ဆောင်​ရည်​ ​ကောင်းကို ပြသ​နေဆဲပါ။ ဟာဇက်​ဟာ ရာသီအစ ပိုင်းက ​တောင်​ပံတိုက်​စစ်​ မှာ အဓိကကစား ခဲ့ရ​ပေမယ့်​လည်း မန်​စီးတီး ကို ၂ ဂိုး ဂိုးမရှိနဲ့ နိုင်​ခဲ့တဲ့ ပွဲအပြင်​ အဲဒီ ​နောက်​ပိုင်း ပွဲ​ အ​တော်​များများ မှာ False 9 ပုံစံ နဲ့ ကစား​နေရပါတယ်​။ ဟာဇက်​ဟာ ဒီရာသီ ပရီးမီးယားလိဂ် မှာ ချဲလ်​ဆီး ရဲ့ သွင်းဂိုး ၂၀ မှာ တိုက်​ရိုက်​ပါဝင်​ပက်​သက်​ခဲ့ပြီး ဒါဟာ ဒီရာသီ ချဲလ်​ဆီး အသင်း ရထားတဲ့ သွင်းဂိုး​တွေရဲ့ ထက်​ဝက်​မှာ ပါဝင်​ ခဲ့တာ ဖြစ်​ပါတယ်​။

ပွဲစဉ်​ ၁၆ ပွဲ ကစားရန်​ ကျန်​​နေ​သေးချိန်​မှာ ဟာဇက်​ဟာ ကြံခိုင်​မှုပိုင်း တစ်​စုံတစ်​ရာ ထိခိုက်​မှု မရှိခဲ့ဘူးဆိုရင်​ လန်​ဒန်​ ကလပ်​အတွက်​ ဒီရာသီ ချန်​ပီိယံလိဂ်​ ဝင်​ခွင့်​ အတွက်​ ​မျှော်​လင့်​ချက်​ ပိုမို အား​ကောင်း သွားမှာ ဖြစ်​ပါတယ်​။ ဒီရာသီ ဘယ်​ဂျီယံ စတားရဲ့ စွမ်း​ဆောင်​ရည်​ အချက်​အလက်​ ​တွေက​တော့ ဟာဇက်​ဟာ လိဂ်​ သွင်းဂိုး ၁၀ ဂိုး သွင်း​ပေးထားတဲ့ အပြင်​ ဂိုးဖန်​တီးမှု ၁၀ ကြိမ်​ ပြုလုပ်​ ​ပေးထားခဲ့ပြီး ​ဘောလုံး​ပေးပို့ရာမှာတိကျမှု ၈၃ % ရှိ​နေပါတယ်​။ ၎င်းဟာ လိမ်​​ခေါက်​​ကျော်​ဖြတ်​မှု ၆၂ ကြိမ်​ ​အောင်​မြင်​မှု ရထားခဲ့ပြီး ဖြတ်​တင်​​ဘော ၁၂ ကြိမ်​ ထိ ရောက်​မှု ရှိခဲ့ပါတယ်​။ ဒါ့အပြင်​ ဟာဇက်​ဟာ ၉၁.၁၅ မိနစ်​တိုင်း အသင်းရဲ့ သွင်းဂိုး တစ်​ဂိုးမှာ ပါဝင်​ ပက်​သက်​ ထားခဲ့ပါတယ်​။

၂ – ​ပေါလ်​​ပေါ့ဘာ ( မန်​ယူနိုက်​တက်​ )

 

ပေါ့ဘာဟာ ဒီရာသီ ယူနိုက်​တက်​ ရဲ့ အဓိက ကစားသမား ဖြစ်​ပြီး ရာသီအစပိုင်းမှာ အထ​နှေးမှု​တွေ ရှိ​နေခဲ့​ပေမယ့်​လည်း ဟို​ဆေး​မော်​ရင်​ညို ရဲ့ ​နေရာကို အိုလီဂန်​နာ ဆိုးရှား ​ရောက်​လာ ခဲ့ပြီး​နောက်​ပိုင်း ဂျု​ဗင်​တပ်​ မှာ ပြသ ခဲ့တဲ့ အရည်​အ​သွေး ​တွေကို ပြသလျက်​ ရှိ​နေပါတယ်​။ ပေါ့ဘာဟာ စပါးကို ဝင်​ဘာ​လေမှာ ၁-၀ နဲ့ နိုင်​ခဲ့တဲ့ ပွဲမှာ ရပ်​ဖို့ဒ်​ ရဲ့ ဂိုးအတွက်​ ဖန်​တီး ​ပေးနိုင်​ခဲ့တာ အပါအဝင်​ ဆိုးရှားရဲ့ လက်​​အောက်​မှာ ၄ ဂိုးသွင်းကာ ၄ ဂိုး ဖန်​တီး​ပေး နိုင်​ခဲ့ပါတယ်​။ ​ပေါ့ဘာ ဟာ ဆိုးရှား ရဲ့ လက်​​အောက်​မှာ တိုက်​စစ်​ ​နေရာစုံ ကို လွတ်​လွတ်​လပ်​လပ်​ ​ကစားခွင့်​ ရ​နေပြီး ဒါဟာ ၎င်းရဲ့ အ​ကောင်းဆုံး အရည်​အ​သွေး ထွက်​​ပေါ် လာခဲ့တဲ့ အဓိက အချက်​ ဖြစ်​နိုင်​ကာ ယူနိုက်​တက်​ တို့ ဒီရာသီ Top 4 ဝင်​ဖို့အတွက်​ ​ပေါ့ဘာ အ​နေနဲ့ ဒီပုံစံ​ကောင်းကို ဆက်​ထိန်းထားနိုင်​ဖို့ လို​နေပါတယ်​။

ဒီရာသီ အချက်​အလက်​ ​တွေအရ က​တော့ ​ပေါ့ဘာဟာ ယူနိုက်​တက်​ အတွက်​ ၇ ဂိုး သွင်းကာ ၇ ဂိုး ဖန်​တီး ​ပေးထား နိုင်​ခဲ့ပြီး ​ဘောလုံး​ပေးဖို့ရာမှာ တိကျမှု ၈၄ % ထိ ရှိ​နေပါတယ်​။ ​ပေါ့ဘာဟာ လိမ်​​ခေါက်​​ကျော်​ဖြတ်​ ရာမှာ ​အောင်​မြင်​မှု ၃၈ ကြိမ်​ ရှိထား ခဲ့ပြီး ဖြတ်​တင်​​ဘော ၁၇ ကြိမ်​ ​အောင်​မြင်​မှု ရထားပါတယ်​။ ​ပေါ့ဘာဟာ ဥ​ရောပ မှာ အသင်းရဲ့ သွင်းဂိုး​တွေ မှာ တိုက်​ရိုက်​ ပါဝင်​ ပက်​သက်​မှု အများဆုံး ​ဗဟိုကွင်းလယ်​ ကစားသမား ဖြစ်​ပါတယ်​။

၃ – ဘာနာဒို​ဆေးလ်​​ဗား (မန်​စီးတီး)

 

ဘာနာဒိုဟာ ရတဲ့ အခွင့်​အ​ရေး ကို အပိုင်​ အသုံးချကာ ကိုယ့်​လမ်းကိုယ်​ ​ဖောက်​နိုင်​ ခဲ့ပါတယ်။ စီးတီး ရဲ့ ကွင်းလယ်​ ​ဗိုလ်​ချုပ်​ ဖြစ်​သူ ကယ်​​ဗင်​ဒီဘရိုင်း ဟာ ဒီရာသီ ဒဏ်​ရာပြသနာ ​တွေ​ကြောင့်​ အသင်းရဲ့ ပွဲစဉ်​ အများစု ကို လွဲ​ချော်​ ခဲ့ချိန်​မှာ ဘာနာဒိုဟာ ဒီ​နေရာ ဝင်​​ရောက်​ ကစားခွင့်​ ရခဲ့ပြီး နည်းပြ ပက်​ဂွာဒီယိုလာ ရဲ့ ယုံကြည်​ ကိုးစားမှုကို ရယူသွားခဲ့ ပါတယ်​။ ပေါ်တူဂီ လက်​​ရွေးစင်​ ဟာ ဒီရာသီ သွင်းဂိုး အများဆုံး ဖြစ်​​နေတဲ့ စီးတီးရဲ့ တိုက်​စစ်​ပိုင်း မှာ အ​ဓိကကျသူ ဖြစ်​ခဲ့ပြီး တစ်​ပွဲပျမ်းမျှ ​ဘောလုံး ထိချက်​ ၇၂ ကြိမ်​ ရှိထားပါတယ်​။ ဒီရာသီ ပရီးမီးယားလိဂ် ဖလားကို လီ​ဗာပူး နဲ့ အပြိုင်​ကြဲ သွားရမယ့်​ စီးတီးအတွက်​ ဘာနာဒို​ဆေးလ်​​ဗား ၊ ဖာနန်​ဒင်​ညို နဲ့ ​ဒေး​ဗစ်​​​ဆေးလ်​​ဗား တို့ဟာ လက်​ရှိမှာ​တော့ အသင်းအတွက်​ အဓိက အ​ရေးပါတဲ့ ​ဒောက်တိုင်​​တွေ ဖြစ်​​နေပါတယ်​။

စွမ်း​ဆောင်​ရည်​ အချက်​အလက်​ ​တွေအရ က​တော့ ဘာနာဒိုဟာ စီးတီး အတွက်​ ၅ ဂိုးသွင်​ စွမ်း​ဆောင်​ရည်​ အချက်​အလက်​ ​တွေအရ က​တော့ ဘာနာဒိုဟာ စီးတီး အတွက်​ ၅ ဂိုးသွင်းကာ ၊ ၆ဂိုး ဖန်​တီး​ပေး နိုင်​ခဲ့ပြီး ​ဘောလုံး​ပေးပို့ရာမှာတိကျမှု ၈၇% ထိရှိထား ပါတယ်​။ ​ဘာနာဒို ဟာ လိမ်​​ခေါက်​ ​ကျော်​ဖြတ်​မှု ၂၂ ကြိမ်​ ​အောင်​မြင်​မှု ရခဲ့ပြီး ဖြတ်​တင်​​ဘော အကြိမ်​ ၄၀ ​အောင်​မြင်​မှု ရထားပါတယ်​။ ဘာနာဒိုဟာ ဒီရာသီ စီးတီး အတွက်​ ၃ ပွဲကစားတဲ့ အခါတိုင်း သွင်းဂိုး တစ်​ဂိုးမှာ ပါဝင်​ပက်​သက်​ ထားခဲ့ပါတယ်​။