Home » Sport » ဒဏ္ရာျပသနာေတြျကံုေနရတဲ႔ ခံစစ္ပိုင္းအတြက္ လီဗာပူး အသင္း ေခၚယူသင့္ေနတဲ႔ ခံစစ္ကစားသမား (၆) ဦး

ဒဏ္ရာျပသနာေတြျကံုေနရတဲ႔ ခံစစ္ပိုင္းအတြက္ လီဗာပူး အသင္း ေခၚယူသင့္ေနတဲ႔ ခံစစ္ကစားသမား (၆) ဦး

ဒဏ္ရာျပသနာေတြျကံုေနရတဲ႔ ခံစစ္ပိုင္းအတြက္ လီဗာပူး အသင္း ေခၚယူသင့္ေနတဲ႔ ခံစစ္ကစားသမား (၆) ဦး

လီဗာပူး အသင္းဟာ နည္း ျပ ျကီး ကေလာ့ပ္ရဲ႕ ဦးေဆာင္မွဳ ေအာက္မွာ အသင္းအတြက္ ပထမဆံုး ပရီးမီးယား လိဂ္ဆုဖလားျကီးကို ရယူႏိုင္ဖို႔အေျခအေနေကာင္းေနပါတယ္။သူတို့ဟာ ပြဲစဥ္၂၃ အျပီးမွာ ဒုတိယေနရာက မန္စီးတီး ကို ေလးမွတ္တတိယေနရာက စပါးအသင္းကို ၉မွတ္အထိျဖတ္ထားျပီး ခ်န္ပီယံဆုကို ရင္ခုန္ေမ်ွာ္လင့္ႏိုင္ေနျပီလည္းျဖစ္ပါတယ္။ သူတို႔ အသင္းရဲ႕ ယံုျကည္မွဳ ဟာအျမင့္ဆံုး အေနအထားမ်ိဳးမွာရွိေနေပမယ့္ ခံစစ္ပိုင္း ဒဏ္ရာျပသနာေတြဟာ သူတို့ရဲ႕ ျကိုးပမ္းမွဳကို အေႏွာက္အယွက္ေပးလာဖြယ္ ရွိေနပါတယ္။ ေနာက္တန္း ကစားသမားေတြျဖစ္တဲ႔ အာႏိုး၊ လိုဗရန္ နဲ႔ ဂ်ိဳးဂိုမက္စ္တို့ဟာ ဒဏ္ရာေတြေျကာင့္ အနားယူေနရတာျဖစ္ျပီး မာတစ္ကေတာ့မျကာ ေသးမီကမွ ညွပ္ရိုးဒဏ္ရာကေန သက္သာလာတာျဖစ္ပါတယ္။ ကြင္းလယ္လူေတြျဖစ္တဲ႔ဖာဘင္ဟိုနဲ႔ မီနာတို့ဟာ တခါတရံမွာ ခံစစ္ပိုင္း မွာ ဆင္းကစားရေလ့ရွိျပီး ပဲေလ့စ္နဲ႔ ပြဲစဥ္မွာ အနီကတ္ထိခဲ႔တဲ႔မီနာေျကာင့္ ကေလာ့ပ္အေနနဲ႕ ေဆာင္းရာသီေစ်းကြက္ အတြင္းမွာခံစစ္ပိုင္းကို အားျဖည့္ဖို႔လိုအပ္လာေနတာျဖစ္ပါတယ္။

ဒါေျကာင့္ လည္း လီဗာပူး အသင္းက ပစ္မွတ္ထားသင့္တဲ႔ ခံစစ္ကစားသမားေကာင္း (၆) ဦးကို 90 minutes သတင္းစာက ေဖာ္ျပသြားခဲ႔ပါတယ္။

၁။နီကိုအယ္ဗက္ဒီ(မိုခ်န္ဂလာဘတ္)

အသက္ ၂၂ ႏွစ္အရြယ္ သာရွိေသးေပမယ့္ ဒီရာသီ မွာမိုခ်န္ဂလာဘတ္အသင္းရဲ႕ အဓိက ကစားသမားတဦးအျဖစ္ရွိေနျပီး လိဂ္ပြဲ ၁၅ပြဲ ပါဝင္ ကစားေပးထားပါတယ္။သူ႔ရဲ႕အသင္းဟာ ေပးဂိုး၁၈ဂိုးသာရွိထားေသးတာေျကာင့္လည္း ဘြန္ဒက္လီဂါ ရဲ႕ ခံစစ္ေကာင္းမြန္တဲ႔ အသင္းတသင္းအျဖစ္ရွိေနပါတယ္။ဆြစ္ဇာလန္ အသင္းအတြက္ ၉ပြဲကစားေပးထားျပီးျပီ ျဖစ္တဲ႔ အယ္ဗက္ဒီဟာခံစစ္ေနရာစံုမွာ ကစားႏိုင္သူျဖစ္တယ္လို႔ လည္းသိရပါတယ္။

၂။ ဂ်ီမီနက္စ္ (ေအတီကို )

၂၀၁၃ မွာ မက္ဒရစ္ေျမကို ေရာက္လာခဲ႔တဲ႔ ဂ်ီမီနက္စ္ဟာ အသက္ ၂၄ ႏွစ္အရြယ္သာရွိေနေသးတာျဖစ္ပါတယ္။ဒါေပမယ့္ ေအတီကို အတြက္ဗဟိုခံစစ္နဲ႔ ခံစစ္ညာအစြန္မွာ ျပိဳင္ပြဲစံု ပြဲေပါင္း ၁၅၀ အထိကစားေပးထားခဲ႔ျပီးျပီျဖစ္ပါတယ္။သူဟာလာလီဂါ ခ်န္ပီယံဆု၊ကိုပါဒယ္ေရး၊ယူရိုပါလိဂ္ နဲ႔ ယူအီအက္ေအ စူပါဖလားေတြကို လည္း ဆြတ္ခူးထားႏိုင္ခဲ႔ပါတယ္။ဥရုေဂြး အသင္းအတြက္ ၄၇ပြဲအထိကစားေပးထားတဲ႔ ဂ်ီမီနက္စ္ဟာ လီဗာပူး အသင္း လိုအပ္တဲ႔ အေတြ႔အျကံုေကာ၊ အရည္အေသြးပါျကြယ္ဝတ႔ဲ ကစားသမားမ်ိဳးျဖစ္ပါတယ္။

၃။ ခရစ္တန္ဆန္ ( ခ်ဲဆီးလ္)

ပါရမီရွင္ ခံစစ္ကစားသမားတဦးျဖစ္ေပမယ့္ ဆာရီရဲ႕ မ်က္ႏွာသာေပးမွဳ ေပ်ာက္ေနခဲ႔လို႔ အရံခံုထိုင္ေနရသူျဖစ္ပါတယ္။အဆိုပါ ဒိန္းမတ္ သား ဟာ ဒီရာသီခ်ဲဆီးလ္ အသင္းမွာ ျပိဳင္ပြဲစံု ၁၂ပြဲသာ ပါဝင္ ကစားထားရပါေသးတယ္။ပြဲအမ်ားစုဟာ ယူရိုပါလိဂ္မွာျဖစ္ျပီး ပရီးမီးယားလိဂ္မွာေတာ့ တပြဲသာ ကစားထားရေသးတာျဖစ္ပါတယ္။ဗဟိုခံစစ္နဲ႔ ခံစစ္ညာအစြန္မွာကစားႏိုင္သူ ခရစ္တန္ဆန္ အေနနဲ႔ ပြဲကစားခြင့္ ရဖို႔ စတန္းဖို႔ဒ္ဘရစ္ခ်္ကို စြန့္ခြာခ်င္ရင္ေတာ့ အန္ဖိီးလ္ေျမက အသင့္ေတာ္ဆံုးျဖစ္လာႏိုင္ပါတယ္။

၄။ ဟိုဝီဒက္ (လိုကိုမိုတစ္ေမာ္စကို)

အသက္ ၃၀ အရြယ္ရွိေနျပီျဖစ္တဲ႔ဟိဝီဒက္ ရဲ႕ အရည္အေသြးကို ကေလာ့ပ္ေကာင္းေကာင္းသတိထားမိမွာေသခ်ာပါတယ္။အေျကာင္းကေတာ့သူ ေဒါ့မြန္အသင္းကို ကိုင္တြယ္ေနစဥ္မွာ ဟိုဝီဒက္က ေရွာ္ေကးလ္ မွာ ကစားေနခဲ႔လို႔ျဖစ္ပါတယ္။ဟိုဝီဒက္ဟာ ၂၀၁၄ ကမၻာဖလား ခ်န္ပီယံ ဂ်ာမနီ အသင္းရဲ႕ခံစစ္ဘယ္အစြန္ ကစားသမားတဦးျဖစ္ျပီး လီဗာပူး အတြက္ ပါးနပ္တဲ႔ေခၚယူမွဳ မ်ိဳးျဖစ္လာႏိုင္ပါတယ္။

၅။ မီလီေတာ္( ေပၚတုိ )

အသက္ ၂၁ ႏွစ္အရြယ္သာရွိေသးတဲ႔ မီလီေတာ္ဟာ ဒီရာသီအစ မွာ ေပၚတို အသင္းကိုေရာက္လာခဲ႔တာျဖစ္ပါတယ္။ဒါေပမယ့္ ဗဟို ခံစစ္ေနရာကို အပိုင္စားရ ရွိေနျပီး လိ ဂ္ပြဲ ၁၈ပြဲအျပီး မွာ ၁၅ပြဲအထိ ပါဝင္ခြင့္ရထားပါတယ္။ဒါ့အျပင္ ခ်န္ပီယံလိဂ္အုပ္စု ၆ပြဲမွာလည္း ၅ပြဲအထိပါဝင္ ကစားထားခဲ႔ရပါတယ္။ခံစစ္ေနရာစံုမွာျမန္ႏွဳန္းျမင့္ ကစားႏိုင္တဲ႔ သူ႔ကို ရီးရဲလ္ နဲ႔ ယူႏိုက္တက္ တို႔ကလည္း အခုရက္ပိုင္းအတြက္ စိတ္ဝင္စားတဲ႔ သတင္းေတြ ထြက္ခဲ႔ပါေသးတယ္။လူငယ္ေတြကို အေရာင္တင္ေပးရာမွာေက်ာ္ျကားတဲ႔ ကေလာ့ပ္ရဲ႔ လက္ေအာက္ကို မီလီေတာ္ ေရာက္လာမလားဆိုတာကေတာ့ စိတ္ဝင္စားစရာပါပဲ။

၆။ အိုင္ဗန္ႏိူဗစ္( ဇင္းနစ္ )

အိုင္ဗန္ႏိုဗစ္ဟာ ဇင္းနစ္ အသင္းနဲ႔ စာခ်ုဳပ္သက္တမ္းေနာက္ဆံုး၆ လအတြင္းကို ေရာက္ရွိေနပါတယ္။ ဒီဆားဘီးယားဝါရင့္ခံစစ္ကစသမားျကီးဟာ ခ်ဲဆီးလ္ အသင္းမွာရွိေနခဲ႔တဲ႔ ၉ရာသီအတြင္းမွာေအာင္ျမင္မွဳ အလီလီ ဆြတ္ခူးႏိုင္ခဲ႔ပါတယ္။ပရီးမီးယားလိဂ္ဖလား ၃လံုး၊ FA ဖလား၃လံုး၊ ခ်န္ပီယံလိဂ္၊ ယူရိုပါလိဂ္နဲ႔ EFL ဖလားေတြ ဆြတ္ခူးထားခဲ႔တဲ႔ အိုင္ဗန္ႏိုဗစ္ဟာ ၂၀၁၇ ခုႏွစ္မွာ ရုရွားေျမကို ထြက္ခြာလာခဲ႔တာ ျဖစ္ပါတယ္။ စတန္းဖို႔ဒ္ဘရစ္ခ်္မွာ ခံစစ္ညာအစြန္ ကစားသမား ျဖစ္ခဲ႔တဲ႔ သူဟာ အခုခ်ိန္မွာေတာ့ ဗဟိုခံစစ္ကစားသမား တဦးအျဖစ္ အဓိက ပါဝင္ ကစားေနပါတယ္။ ပရီးမီးယားလိဂ္အေတြ႔အျကံုျကြယ္ဝတဲ႔ အိုင္ဗန္ႏိုဗစ္ဟာ လီဗာပူး အသင္း အတြက္ အေကာင္းဆံုး ေခၚယူမွဳ မ်ိဳးျဖစ္လာႏိုင္ပါတယ္။ ကဲ လီဗာပူးအသင္းအတြက္ ဘယ္ကစား သမားေတြက အသင့္ေတာ္ဆုံး ျဖစ္မလဲ ဆုိတာ ပရိတ္သတ္ၾကီးက ေျပာခဲ့ေပးအုံးေနာ္။

Unicode


ဒဏ်ရာပြသနာတွေကြုံနေရတဲ့ ခံစစ်ပိုင်းအတွက် လီဗာပူး အသင်း ခေါ်ယူသင့်နေတဲ့ ခံစစ်ကစားသမား (၆) ဦး
လီဗာပူး အသင်းဟာ နည်း ပြ ကြီး ကလော့ပ်ရဲ့ ဦးဆောင်မှု အောက်မှာ အသင်းအတွက် ပထမဆုံး ပရီးမီးယား လိဂ်ဆုဖလားကြီးကို ရယူနိုင်ဖို့အခြေအနေကောင်းနေပါတယ်။သူတို့ဟာ ပွဲစဉ်၂၃ အပြီးမှာ ဒုတိယနေရာက မန်စီးတီး ကို လေးမှတ်တတိယနေရာက စပါးအသင်းကို ၉မှတ်အထိဖြတ်ထားပြီး ချန်ပီယံဆုကို ရင်ခုန်မျှော်လင့်နိုင်နေပြီလည်းဖြစ်ပါတယ်။
သူတို့ အသင်းရဲ့ ယုံကြည်မှု ဟာအမြင့်ဆုံး အနေအထားမျိုးမှာရှိနေပေမယ့် ခံစစ်ပိုင်း ဒဏ်ရာပြသနာတွေဟာ သူတို့ရဲ့ ကြိုးပမ်းမှုကို အနှောက်အယှက်ပေးလာဖွယ်ရှိနေပါတယ်။ နောက်တန်း ကစားသမားတွေဖြစ်တဲ့ အာနိုး၊ လိုဗရန် နဲ့ ဂျိုးဂိုမက်စ်တို့ဟာ ဒဏ်ရာတွေကြောင့် အနားယူနေရတာဖြစ်ပြီး မာတစ်ကတော့မကြာ သေးမီကမှ ညှပ်ရိုးဒဏ်ရာကနေ သက်သာလာတာဖြစ်ပါတယ်။
ကွင်းလယ်လူတွေဖြစ်တဲ့ဖာဘင်ဟိုနဲ့ မီနာတို့ဟာ တခါတရံမှာ ခံစစ်ပိုင်း မှာ ဆင်းကစားရလေ့ရှိပြီး ပဲလေ့စ်နဲ့ ပွဲစဉ်မှာ အနီကတ်ထိခဲ့တဲ့မီနာကြောင့် ကလော့ပ်အနေနဲ့ ဆောင်းရာသီစျေးကွက် အတွင်းမှာခံစစ်ပိုင်းကို အားဖြည့်ဖို့လိုအပ်လာနေတာဖြစ်ပါတယ်။
ဒါကြောင့် လည်း လီဗာပူး အသင်းက ပစ်မှတ်ထားသင့်တဲ့ ခံစစ်ကစားသမားကောင်း (၆) ဦးကို 90 minutes သတင်းစာက ဖော်ပြသွားခဲ့ပါတယ်။
၁။နီကိုအယ်ဗက်ဒီ(မိုချန်ဂလာဘတ်)
အသက် ၂၂ နှစ်အရွယ် သာရှိသေးပေမယ့် ဒီရာသီ မှာမိုချန်ဂလာဘတ်အသင်းရဲ့ အဓိက ကစားသမားတဦးအဖြစ်ရှိနေပြီး လိဂ်ပွဲ ၁၅ပွဲ ပါဝင် ကစားပေးထားပါတယ်။သူ့ရဲ့အသင်းဟာ ပေးဂိုး၁၈ဂိုးသာရှိထားသေးတာကြောင့်လည်း ဘွန်ဒက်လီဂါ ရဲ့ ခံစစ်ကောင်းမွန်တဲ့ အသင်းတသင်းအဖြစ်ရှိနေပါတယ်။ဆွစ်ဇာလန် အသင်းအတွက် ၉ပွဲကစားပေးထားပြီးပြီ ဖြစ်တဲ့ အယ်ဗက်ဒီဟာခံစစ်နေရာစုံမှာ ကစားနိုင်သူဖြစ်တယ်လို့ လည်းသိရပါတယ်။
၂။ ဂျီမီနက်စ် (အေတီကို )
၂၀၁၃ မှာ မက်ဒရစ်မြေကို ရောက်လာခဲ့တဲ့ ဂျီမီနက်စ်ဟာ အသက် ၂၄ နှစ်အရွယ်သာရှိနေသေးတာဖြစ်ပါတယ်။ဒါပေမယ့် အေတီကို အတွက်ဗဟိုခံစစ်နဲ့ ခံစစ်ညာအစွန်မှာ ပြိုင်ပွဲစုံ ပွဲပေါင်း ၁၅၀ အထိကစားပေးထားခဲ့ပြီးပြီဖြစ်ပါတယ်။သူဟာလာလီဂါ ချန်ပီယံဆု၊ကိုပါဒယ်ရေး၊ယူရိုပါလိဂ် နဲ့ ယူအီအက်အေ စူပါဖလားတွေကို လည်း ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။ဥရုဂွေး အသင်းအတွက် ၄၇ပွဲအထိကစားပေးထားတဲ့ ဂျီမီနက်စ်ဟာ လီဗာပူး အသင်း လိုအပ်တဲ့ အတွေ့အကြံုကော၊ အရည်အသွေးပါကြွယ်ဝတဲ့ ကစားသမားမျိုးဖြစ်ပါတယ်။
၃။ ခရစ်တန်ဆန် ( ချဲဆီးလ်)
ပါရမီရှင် ခံစစ်ကစားသမားတဦးဖြစ်ပေမယ့် ဆာရီရဲ့ မျက်နှာသာပေးမှု ပျောက်နေခဲ့လို့ အရံခုံထိုင်နေရသူဖြစ်ပါတယ်။အဆိုပါ ဒိန်းမတ် သား ဟာ ဒီရာသီချဲဆီးလ် အသင်းမှာ ပြိုင်ပွဲစုံ ၁၂ပွဲသာ ပါဝင် ကစားထားရပါသေးတယ်။ပွဲအများစုဟာ ယူရိုပါလိဂ်မှာဖြစ်ပြီး ပရီးမီးယားလိဂ်မှာတော့ တပွဲသာ ကစားထားရသေးတာဖြစ်ပါတယ်။ဗဟိုခံစစ်နဲ့ ခံစစ်ညာအစွန်မှာကစားနိုင်သူ ခရစ်တန်ဆန် အနေနဲ့ ပွဲကစားခွင့် ရဖို့ စတန်းဖို့ဒ်ဘရစ်ချ်ကို စွန့်ခွာချင်ရင်တော့ အန်ဖိီးလ်မြေက အသင့်တော်ဆုံးဖြစ်လာနိုင်ပါတယ်။
၄။ ဟိုဝီဒက် (လိုကိုမိုတစ်မော်စကို)
အသက် ၃၀ အရွယ်ရှိနေပြီဖြစ်တဲ့ဟိဝီဒက် ရဲ့ အရည်အသွေးကို ကလော့ပ်ကောင်းကောင်းသတိထားမိမှာသေချာပါတယ်။အကြောင်းကတော့သူ ဒေါ့မွန်အသင်းကို ကိုင်တွယ်နေစဉ်မှာ ဟိုဝီဒက်က ရှော်ကေးလ် မှာ ကစားနေခဲ့လို့ဖြစ်ပါတယ်။ဟိုဝီဒက်ဟာ ၂၀၁၄ ကမ္ဘာဖလား ချန်ပီယံ ဂျာမနီ အသင်းရဲ့ခံစစ်ဘယ်အစွန် ကစားသမားတဦးဖြစ်ပြီး လီဗာပူး အတွက် ပါးနပ်တဲ့ခေါ်ယူမှု မျိုးဖြစ်လာနိုင်ပါတယ်။
၅။ မီလီတော်( ပေါ်တို )
အသက် ၂၁ နှစ်အရွယ်သာရှိသေးတဲ့ မီလီတော်ဟာ ဒီရာသီအစ မှာ ပေါ်တို အသင်းကိုရောက်လာခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ဗဟို ခံစစ်နေရာကို အပိုင်စားရ ရှိနေပြီး လိ ဂ်ပွဲ ၁၈ပွဲအပြီး မှာ ၁၅ပွဲအထိ ပါဝင်ခွင့်ရထားပါတယ်။ဒါ့အပြင် ချန်ပီယံလိဂ်အုပ်စု ၆ပွဲမှာလည်း ၅ပွဲအထိပါဝင် ကစားထားခဲ့ရပါတယ်။ခံစစ်နေရာစုံမှာမြန်နှုန်းမြင့် ကစားနိုင်တဲ့ သူ့ကို ရီးရဲလ် နဲ့ ယူနိုက်တက် တို့ကလည်း အခုရက်ပိုင်းအတွက် စိတ်ဝင်စားတဲ့ သတင်းတွေ ထွက်ခဲ့ပါသေးတယ်။လူငယ်တွေကို အရောင်တင်ပေးရာမှာကျော်ကြားတဲ့ ကလော့ပ်ရဲ့ လက်အောက်ကို မီလီတော် ရောက်လာမလားဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။
၆။ အိုင်ဗန်နိူဗစ်( ဇင်းနစ် )
အိုင်ဗန်နိုဗစ်ဟာ ဇင်းနစ် အသင်းနဲ့ စာချုုပ်သက်တမ်းနောက်ဆုံး၆ လအတွင်းကို ရောက်ရှိနေပါတယ်။ ဒီဆားဘီးယားဝါရင့်ခံစစ်ကစသမားကြီးဟာ ချဲဆီးလ် အသင်းမှာရှိနေခဲ့တဲ့ ၉ရာသီအတွင်းမှာအောင်မြင်မှု အလီလီ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ပရီးမီးယားလိဂ်ဖလား ၃လုံး၊ FA ဖလား၃လုံး၊ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ EFL ဖလားတွေ ဆွတ်ခူးထားခဲ့တဲ့ အိုင်ဗန်နိုဗစ်ဟာ ၂၀၁၇ ခုနှစ်မှာ ရုရှားမြေကို ထွက်ခွာလာခဲ့တာ ဖြစ်ပါတယ်။ စတန်းဖို့ဒ်ဘရစ်ချ်မှာ ခံစစ်ညာအစွန် ကစားသမား ဖြစ်ခဲ့တဲ့ သူဟာ အခုချိန်မှာတော့ ဗဟိုခံစစ်ကစားသမား တဦးအဖြစ် အဓိက ပါဝင် ကစားနေပါတယ်။ ပရီးမီးယားလိဂ်အတွေ့အကြံုကြွယ်ဝတဲ့ အိုင်ဗန်နိုဗစ်ဟာ လီဗာပူး အသင်း အတွက် အကောင်းဆုံး ခေါ်ယူမှု မျိုးဖြစ်လာနိုင်ပါတယ်။ ကဲ လီဗာပူးအသင်းအတွက် ဘယ်ကစား သမားတွေက အသင့်တော်ဆုံး ဖြစ်မလဲ ဆိုတာ ပရိတ်သတ်ကြီးက ပြောခဲ့ပေးအုံးနော်။