Home » Sport » ဂ်ာဂန္ကေလာ့ ရဲ႕ လက္ေအာက္မွာ ဘယ္သူမဆုိ ကစားခ်င္မွာ ေသခ်ာတယ္လို႕ ဆုိလိုက္တဲ့ ဘာစီလုိနာ တုိက္စစ္မွဳး လူ၀စ္ဆြာရက္ဇ္

ဂ်ာဂန္ကေလာ့ ရဲ႕ လက္ေအာက္မွာ ဘယ္သူမဆုိ ကစားခ်င္မွာ ေသခ်ာတယ္လို႕ ဆုိလိုက္တဲ့ ဘာစီလုိနာ တုိက္စစ္မွဳး လူ၀စ္ဆြာရက္ဇ္

ဂ်ာဂန္ကေလာ့ ရဲ႕ လက္ေအာက္မွာ ဘယ္သူမဆုိ ကစားခ်င္မွာ ေသခ်ာတယ္လို႕ ဆုိလိုက္တဲ့ ဘာစီလုိနာ တုိက္စစ္မွဳး လူ၀စ္ဆြာရက္ဇ္

ဘာစီလုိနာ တုိက္စစ္မွဳး လူး၀စ္ ဆြာရက္ဇ္ က သူဟာ လီဗာပူး နည္းျပ ယာဂန္ ကေလာ့ရဲ႕ လက္ေအာက္မွာ ကစားဖို႕ အခြင့္အေရး ရခဲ့မယ္ဆုိရင္ ေပ်ာ္ရႊင္မိမွာ ျဖစ္တယ္လို႕ ဆုိလိုက္ျပီး ဒါဟာ သူ႕ကစားသမားဘ၀ တစ္ခ်ိန္ခ်ိန္ မွာ ျဖစ္လာ ႏုိင္ေပမယ့္ မၾကာမီ ျဖစ္ဖို႕ေတာ့ အခြင့္အေရး မရွိဘူး လို႕ ၀န္ခံသြားပါတယ္။ ဆြာရက္ဇ္ ဟာ အန္ဖီး ပရိတ္သတ္ ေတြရဲ႕ အခ်စ္ေတာ္ ကစားသမား ျဖစ္ျပီး လြန္ခဲ့တဲ့ ၂၀၁၁ ခုႏွစ္ က ေအဂ်က္ အသင္း မွ လီဗာပူး ကုိ ေျပာင္းလာ ခဲ့ကာ ျပိဳင္ပြဲစံု ပြဲေပါင္း ၁၁၀ ကစား ေပးခဲ့ကာ ၆၉ ဂိုး သြင္းယူ ေပးခဲ့ ပါတယ္။

ဆြာရက္ဇ္ ဟာ လြန္ခဲ့တဲ့ ၂၀၁၃ – ၁၄ ေဘာလံုး ရာသီ မွာ မာေဆးဆုိက္ ကလပ္ ကုိ လြန္ခဲ့တဲ့ ၁၉၉၀ ေနာက္ပိုင္း ပထမဦးဆံုး အၾကိမ္ အမွတ္ေပးဖလား ဆြတ္ခူး ေပးႏုိင္ဖုိ႕ နီးစပ္ ခဲ့ေပမယ့္လည္း မန္ခ်က္ စတာစီးတီး အသင္းရဲ႕ ေက်ာ္တက္ျခင္း ကုိ ခံခဲ့ ရကာ ဒုတိယ ေနရာနဲ႕ သာ ေက်နပ္ ခဲ့ရပါတယ္။ ထုိ႕ေနာက္ ဆြာရက္ဇ္ ဟာ လီဗာပူး ကေန ဘာစီလိုနာ အသင္းကို ေျပာင္းေရြ႕ သြားခဲ့ျပီး ကတ္တလန္ ကလပ္ မွာ ၎ရဲ႕ သြင္းဂိုး ႏွဳန္းဟာ ပိုမုိ ျမင့္တက္ လာခဲ့ျပီး ေဘာလံုးေလာက ရဲ႕ ဖန္တီးမွဳ အေကာင္းဆံုး တုိက္စစ္ ကစားသမား ေတြ ထဲက တစ္ဦး ျဖစ္တဲ့ လီယြန္နယ္ မက္ဆီ နဲ႕ တြဲဖက္ ကစားကာ လာလီဂါ ၁၄၉ ပြဲမွာ ၁၂၅ ဂိုး သြင္းယူ ႏုိင္ခဲ့ ပါတယ္။ ဆြာရက္ဇ္ ထြက္ခြာသြားခဲ့တဲ့ ေနာက္ပိုင္း လီဗာပူးအသင္းဟာ တုိက္စစ္ပိုင္း က်ဆင္းမွဳေတြ ရွိခဲ့ ေပမယ့္လည္း နည္းျပ ယာဂန္ကေလာ့ ေရာက္လာခဲ့ျပီးေနာက္ပိုင္း အသင္းရဲ႕ အေနအထားဟာ တစ္ႏွစ္ထက္ တစ္ႏွစ္ အတက္ က္ကုိ ေရာက္ လ ခဲ့ကာ လက္ရွိ မွာေတာ့

လီဗာပူး အသင္းဟာ မုိဟာမက္ ဆာလား ၊ ေရာ္ဘတ္တုိ ဖာမီႏုိ နဲ႕ ဆာဒီယုိ မာေနး တို႕ ရွိေနတဲ့ ဥေရာပ ရဲ႕ အေကာင္းဆံုး တိုက္စစ္ အတြဲေတြ ထဲက တစ္ခုနဲ႕ အတူ ပရီးမီးယား လိဂ္မွာေကာ ဥေရာပ ပြဲေတြမွာပါ ေၾကာက္စရာ တုိက္စစ္ အင္အားစု ကုိ ပိုင္ဆုိင္ ထားလုိ႔ ေနပါတယ္။ ယာဂန္ကေလာ့ ရဲ႕ ဦးေဆာင္မွဳ နဲ႕ အတူ အဆုိပါ ၃ ဦးတြဲ တုိက္စစ္ဟာ အသင္းအတြက္ ဂိုးေပါင္း မ်ားစြာ ကုိ သြင္းယူ ေပးခဲ့ၾကျပီး ဆြာရက္ဇ္ နဲ႕ စတားရစ္ခ်္ တို႕ရဲ႕ SAS လုိ႕ နာမည္ေက်ာ္ ခဲ့တဲ့ တိုက္စစ္ အတြဲကိုေတာင္ လီဗာပူး ပရိတ္သတ္ေတြ ေမ့သြား ေစခဲ့ပါတယ္။ လီဗာပူး တုိက္စစ္မွဳးေဟာင္း က သူဟာ နည္းျပ ယာဂန္ ကေလာ့ ကုိ အရမ္း သေဘာက်တယ္လို႕ ၀န္ခံ သြားခဲ့ ပါတယ္။ ေဒ့ါမြန္ နည္းျပေဟာင္း ယာဂန္ကေလာ့ ရဲ႕ လက္ေအာက္ မွာ ကစား ခ်င္သလား ဆုိတဲ့ ေမးခြန္း ကို ဆြာရက္ဇ္ က “ လက္ရွိ အခ်ိန္မွာေတာ့ ကၽြန္ေတာ္ တို႕ဟာ မတူညီတ့ဲ ကလပ္ အသင္း ႏွစ္ခု အတြက္ ကုိယ္စီ အလုပ္လုပ္ ေနၾကပါတယ္။

ဒါ့ေၾကာင့္ ဒီအခ်ိန္မွာ ဒါဟာ ကၽြန္ေတ္ာ့ အတြက္ ျပသနာ မဟုတ္ ပါဘူး။ ဒါေပမယ့္ အမွန္ပါပဲ။ ကစားသမား တုိင္းဟာ နည္းျပ ယာဂန္ ကေလာ့ ရဲ လက္ေအာက္မွာ အလုပ္လုပ္ လိုၾက ပါတယ္။” လို႕ ေျပာလုိက္ ပါတယ္။ ဆြာရက္ဇ္ က “လီဗာပူး အသင္း မွာ ကစား ခဲ့တဲ့ ဘယ္ကစားသမား မဆို ဒီကလပ္ နဲ႕ တစ္သက္လံုး ဆက္သြယ္မွု ရွိေနမွာ ျဖစ္ပါတယ္။ ဒီအသင္း ဟာ အရမ္း ေကာင္းတဲ့ ပံုစံနဲ႕ ကစား ေနျပီး ဒီႏွစ္မွာ သူတုိ႕ လုပ္ျပ ေနတာကို ကၽြန္ေတာ္ စိတ္လွဳပ္ရွားစြာ ေစာင့္ၾကည့္ ေနပါတယ္။

ကၽြန္ေတ္ာတုိ႕ အမ်ားၾကီး ေမွ်ာ္လင့္ ထားတယ္လို႕ ထင္မိ ပါတယ္။” လို႕ ေျပာလိုက္ ပါတယ္။ ဆြာရက္ဟာ သူ႕ရဲ႕ လီဗာပူး ကစားသမား ဘ၀ ေနာက္ဆံုး ရာသီ ျဖစ္တဲ့ ၂၀၁၃-၁၄ ရာသီ မွာေတာ့ ပရီးမီးယားလိဂ္ ၃၃ ပြဲ ကစား ၃၁ ဂိုး ထိ သြင္းယူ ေပးႏုိင္ခဲ့ျပီး တစ္ဦးခ်င္း ဆုေတြ အေနနဲ႕ Liverpool Player of the Year ဆု ၊ PFA Players’ Player of the Year ဆု ၊ ပရီးမီးယားလိဂ္ ေရႊဖိနပ္ဆု ၊ ဥေရာပ ပူးတြဲ ေရႊဖိနပ္ ဆု ၊ Premier League Player of the Season ဆု နဲ႕ FSF Player of the Year ဆု ေတြကို ဆြတ္ခူး ႏုိင္ခဲ့သူသူတစ္ေယာက္လည္း ျဖစ္ပါတယ္။

Unicode


ဂျာဂန်ကလော့ ရဲ့ လက်အောက်မှာ ဘယ်သူမဆို ကစားချင်မှာ သေချာတယ်လို့ ဆိုလိုက်တဲ့ ဘာစီလိုနာ တိုက်စစ်မှုး လူဝစ်ဆွာရက်ဇ်
ဘာစီလိုနာ တိုက်စစ်မှုး လူးဝစ် ဆွာရက်ဇ် က သူဟာ လီဗာပူး နည်းပြ ယာဂန် ကလော့ရဲ့ လက်အောက်မှာ ကစားဖို့ အခွင့်အရေး ရခဲ့မယ်ဆိုရင် ပျော်ရွှင်မိမှာ ဖြစ်တယ်လို့ ဆိုလိုက်ပြီး ဒါဟာ သူ့ကစားသမားဘဝ တစ်ချိန်ချိန် မှာ ဖြစ်လာ နိုင်ပေမယ့် မကြာမီ ဖြစ်ဖို့တော့ အခွင့်အရေး မရှိဘူး လို့ ၀န်ခံသွားပါတယ်။ ဆွာရက်ဇ် ဟာ အန်ဖီး ပရိတ်သတ် တွေရဲ့ အချစ်တော် ကစားသမား ဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ် က အေဂျက် အသင်း မှ လီဗာပူး ကို ပြောင်းလာ ခဲ့ကာ ပြိုင်ပွဲစုံ ပွဲပေါင်း ၁၁၀ ကစား ပေးခဲ့ကာ ၆၉ ဂိုး သွင်းယူ ပေးခဲ့ ပါတယ်။ ဆွာရက်ဇ် ဟာ လွန်ခဲ့တဲ့ ၂၀၁၃ – ၁၄ ဘောလုံး ရာသီ မှာ မာဆေးဆိုက် ကလပ် ကို လွန်ခဲ့တဲ့ ၁၉၉၀ နောက်ပိုင်း ပထမဦးဆုံး အကြိမ် အမှတ်ပေးဖလား ဆွတ်ခူး ပေးနိုင်ဖို့ နီးစပ် ခဲ့ပေမယ့်လည်း မန်ချက် စတာစီးတီး အသင်းရဲ့ ကျော်တက်ခြင်း ကို ခံခဲ့ ရကာ ဒုတိယ နေရာနဲ့ သာ ကျေနပ် ခဲ့ရပါတယ်။ ထို့နောက် ဆွာရက်ဇ် ဟာ လီဗာပူး ကနေ ဘာစီလိုနာ အသင်းကို ပြောင်းရွေ့ သွားခဲ့ပြီး ကတ်တလန် ကလပ် မှာ ၎င်းရဲ့ သွင်းဂိုး နှုန်းဟာ ပိုမို မြင့်တက် လာခဲ့ပြီး ဘောလုံးလောက ရဲ့ ဖန်တီးမှု အကောင်းဆုံး တိုက်စစ် ကစားသမား တွေ ထဲက တစ်ဦး ဖြစ်တဲ့ လီယွန်နယ် မက်ဆီ နဲ့ တွဲဖက် ကစားကာ လာလီဂါ ၁၄၉ ပွဲမှာ ၁၂၅ ဂိုး သွင်းယူ နိုင်ခဲ့ ပါတယ်။ ဆွာရက်ဇ် ထွက်ခွာသွားခဲ့တဲ့ နောက်ပိုင်း လီဗာပူးအသင်းဟာ တိုက်စစ်ပိုင်း ကျဆင်းမှုတွေ ရှိခဲ့ ပေမယ့်လည်း နည်းပြ ယာဂန်ကလော့ ရောက်လာခဲ့ပြီးနောက်ပိုင်း အသင်းရဲ့ အနေအထားဟာ တစ်နှစ်ထက် တစ်နှစ် အတက် က်ကို ရောက် လ ခဲ့ကာ လက်ရှိ မှာတော့ လီဗာပူး အသင်းဟာ မိုဟာမက် ဆာလား ၊ ရော်ဘတ်တို ဖာမီနို နဲ့ ဆာဒီယို မာနေး တို့ ရှိနေတဲ့ ဥရောပ ရဲ့ အကောင်းဆုံး တိုက်စစ် အတွဲတွေ ထဲက တစ်ခုနဲ့ အတူ ပရီးမီးယား လိဂ်မှာကော ဥရောပ ပွဲတွေမှာပါ ကြောက်စရာ တိုက်စစ် အင်အားစု ကို ပိုင်ဆိုင် ထားလို့ နေပါတယ်။ ယာဂန်ကလော့ ရဲ့ ဦးဆောင်မှု နဲ့ အတူ အဆိုပါ ၃ ဦးတွဲ တိုက်စစ်ဟာ အသင်းအတွက် ဂိုးပေါင်း များစွာ ကို သွင်းယူ ပေးခဲ့ကြပြီး ဆွာရက်ဇ် နဲ့ စတားရစ်ချ် တို့ရဲ့ SAS လို့ နာမည်ကျော် ခဲ့တဲ့ တိုက်စစ် အတွဲကိုတောင် လီဗာပူး ပရိတ်သတ်တွေ မေ့သွား စေခဲ့ပါတယ်။ လီဗာပူး တိုက်စစ်မှုးဟောင်း က သူဟာ နည်းပြ ယာဂန် ကလော့ ကို အရမ်း သဘောကျတယ်လို့ ၀န်ခံ သွားခဲ့ ပါတယ်။ ဒေ့ါမွန် နည်းပြဟောင်း ယာဂန်ကလော့ ရဲ့ လက်အောက် မှာ ကစား ချင်သလား ဆိုတဲ့ မေးခွန်း ကို ဆွာရက်ဇ် က “ လက်ရှိ အချိန်မှာတော့ ကျွန်တော် တို့ဟာ မတူညီတဲ့ ကလပ် အသင်း နှစ်ခု အတွက် ကိုယ်စီ အလုပ်လုပ် နေကြပါတယ်။ ဒါ့ကြောင့် ဒီအချိန်မှာ ဒါဟာ ကျွန်တေ်ာ့ အတွက် ပြသနာ မဟုတ် ပါဘူး။ ဒါပေမယ့် အမှန်ပါပဲ။ ကစားသမား တိုင်းဟာ နည်းပြ ယာဂန် ကလော့ ရဲ လက်အောက်မှာ အလုပ်လုပ် လိုကြ ပါတယ်။” လို့ ပြောလိုက် ပါတယ်။ ဆွာရက်ဇ် က “လီဗာပူး အသင်း မှာ ကစား ခဲ့တဲ့ ဘယ်ကစားသမား မဆို ဒီကလပ် နဲ့ တစ်သက်လုံး ဆက်သွယ်မှု ရှိနေမှာ ဖြစ်ပါတယ်။ ဒီအသင်း ဟာ အရမ်း ကောင်းတဲ့ ပုံစံနဲ့ ကစား နေပြီး ဒီနှစ်မှာ သူတို့ လုပ်ပြ နေတာကို ကျွန်တော် စိတ်လှုပ်ရှားစွာ စောင့်ကြည့် နေပါတယ်။ ကျွန်တေ်ာတို့ အများကြီး မျှော်လင့် ထားတယ်လို့ ထင်မိ ပါတယ်။” လို့ ပြောလိုက် ပါတယ်။ ဆွာရက်ဟာ သူ့ရဲ့ လီဗာပူး ကစားသမား ဘဝ နောက်ဆုံး ရာသီ ဖြစ်တဲ့ ၂၀၁၃-၁၄ ရာသီ မှာတော့ ပရီးမီးယားလိဂ် ၃၃ ပွဲ ကစား ၃၁ ဂိုး ထိ သွင်းယူ ပေးနိုင်ခဲ့ပြီး တစ်ဦးချင်း ဆုတွေ အနေနဲ့ Liverpool Player of the Year ဆု ၊ PFA Players’ Player of the Year ဆု ၊ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု ၊ ဥရောပ ပူးတွဲ ရွှေဖိနပ် ဆု ၊ Premier League Player of the Season ဆု နဲ့ FSF Player of the Year ဆု တွေကို ဆွတ်ခူး နိုင်ခဲ့သူသူတစ်ယောက်လည်း ဖြစ်ပါတယ်။