Home » Sport » အိုးထရက္ဖိုဒ့္ကိုေရာက္ရွိအျပီးတစ္ႏွစ္အၾကာမွာ ယူႏုိက္တက္စ္အတြက္ ဆန္းခ်က္ ဘာေတြလုပ္ေဆာင္ထား ေပးခဲသလဲ

အိုးထရက္ဖိုဒ့္ကိုေရာက္ရွိအျပီးတစ္ႏွစ္အၾကာမွာ ယူႏုိက္တက္စ္အတြက္ ဆန္းခ်က္ ဘာေတြလုပ္ေဆာင္ထား ေပးခဲသလဲ

အိုးထရက္ဖိုဒ့္ကိုေရာက္ရွိအျပီးတစ္ႏွစ္အၾကာမွာ ယူႏုိက္တက္စ္အတြက္ ဆန္းခ်က္ ဘာေတြလုပ္ေဆာင္ထား ေပးခဲသလဲ

 

ပီးခဲ႔တဲ႔ ႏွစ္ေဆာင္းရာသီေစ်းကြက္ အတြင္းမွာ ယူႏိုက္တက္အသင္းကို ေျပာင္း ေရႊ႕လာခဲ႕တဲ႔ ဆန္းခ်က္ တေယာက္ အိုးထရက္ဖိုဒ့္ေျမကို ေရာက္ရွိေနတာ တႏွစ္တင္းတင္း ျပည့္ေျမာက္ခဲ႔ျပီလည္းျဖစ္ပါတယ္။ အာဆင္နယ္ အသင္းရဲ႕ အဓိ က တိုက္စစ္ ကစားသမား တဦး ျဖစ္တဲ႔ ဒီခ်ီလီသား ကို ေခၚယူႏိုင္ခဲ႔တဲ႔ နည္းျပ ေမာ္ရင္ဟိုရဲ႕ လုပ္ရပ္ဟာ အမ်ားအျမင္ မွာ ခ်ီးက်ဴးခံခဲရျပီး ေမ်ွာ္လင့္တျကီး ေစာင့္ျကည့္ျခင္း ကိုလည္း ခံခဲ႔ရ ပါတယ္။ ဒါေပမယ့္ ဆန္းခ်က္ရဲ႕ အဆိုပါတႏွစ္တာ ကာလ ေတြဟာ အိပ္မက္ဆိုးေတြနဲ႔ လမိုက္ညေတြကို သာျဖတ္သန္း ေနခဲ႔ရတာျဖစ္ပါတယ္။သူဟာ အသင္းသစ္ အတြက္ ျပိဳင္ပြဲစံု ၃၂ပြဲ ပါဝင္ ကစားခြင့္ ရထားခဲ႔ေပ မယ့္ ေလးဂိုးသာ သြင္းယူထားႏိုင္ ခဲ႔ပါတယ္။ မစ္ခီတာရန္း နဲ႔ အလဲအထပ္အျဖစ္ေရာက္လာခဲ႔တဲ႔ ဆန္းခ်က္ အေနနဲ႔အာဆင္နယ္အသင္းအတြက္ လုပ္ေဆာင္ေပးႏိုင္သလို ဘာလို မစြမ္းေဆာင္ထားႏိုင္ ေတာ့တာလဲ ဂိုးရ ရွိမွဳ ႏွဳန္း အေတာ္ေလးက်ဆင္းေနခဲ႔တဲ႔ ေနာက္ကြယ္က အေျကာင္း ျပခ်က္ကဘာလဲ ယူႏိုက္တက္ အသင္းအတြက္လာျခင္းေကာင္းတဲ႔သူတေယာက္ျဖစ္ လာမွာလား ဆိုတဲ႔ ေမးခြန္း ေတြအတြက္ အေျဖရွာရေတာ့ မယ့္ အခ်ိန္အခါမ်ိဳး ေရာက္လာေနျပီ လည္းျဖစ္ပါတယ္။

ျပီးခဲ႔တဲ႔ ၁၂ လတာ ကာလ အတြင္းမွာ ယူႏိုက္တက္ အသင္းသားဘဝမွာဆန္းခ်က္အတြက္ အေကာင္းဆံုး အခိုက္အတန္လို ႔ေျပာႏိုင္ တဲ႔ပြဲစဥ္ကေတာ့ အိုးထရက္ဖိုဒ့္ မွာ နယူးကာဆယ္ကို အႏိုင္ရ ခဲ႔တဲ႔ပြဲစဥ္ျဖစ္ပါတယ္။ ဆန္းခ်က္ ဟာ ပြဲျပီးခါနီး မိနစ္ ၂၀အလိုမွာ လူစားလဲဝင္  ေရာက္ခြင့္ရ ခဲ႔တာျဖစ္ေပမယ့္ ၃-၂ ဂိုးနဲ႔ ျပန္ျပီးအႏိုင္ရ ရွိေအာင္ အဓိကေနရာကေန စြမ္းေဆာင္ေပးႏိုင္ခဲ႔ပါတယ္။ သူရဲ႔ ပရီးမီးယားလိဂ္မွာ ၈၅၄မိနစ္ျကာ ဂိုးေပါက္ ေပ်ာက္ေနမွဳကို လည္း ဒီပြဲစဥ္မွာ ရပ္တန့္လိုက္ႏိုင္ခဲ႔တာျဖစ္ပါတယ္။ အံ့ျသဖို႔ေကာင္းတာ ကေတာ့ ဒါဟာ ပရီးမီးယားလိဂ္မွာ သူ႔ရဲ႕ ဂိုးေပါက္ေပ်ာက္ဆံုးမွဳ အျကာဆံုး အခ်ိန္အပိုင္းအျခားမဟုတ္တာပါပဲ။ သူဟာ အာဆင္နယ္ အသင္းမွာရွိေနစဥ္ အမွတ္ေပးျပိဳင္ပြဲမွာ ၈၉၈မိနစ္အထိ ဂိုးေပါက္ ေပ်ာက္ခဲ႔ဖူးတာ ျဖစ္ပါတယ္။ ျပီးခဲ႔တဲ႔ ဇန္နဝါရီကေန အခုႏွစ္ ဇန္နဝါရိီ အထိ ယူႏိုက္တက္ အတြက္ အေကာင္းဆံုးေပးဆပ္ႏိုင္ခဲ႔တဲ႔ ပြဲကေတာ့ အီတီဟတ္မွာ မန္စီးတီးအသင္းကို ၃-၂ ဂိုးနဲ႔အႏိုင္ရခဲ႔တဲ႔ပြဲျဖစ္ျပီး ၃ဂိုးစလံုးကို သူက ဖန္တီးေပးခဲ႔တာျဖစ္ပါတယ္။ ဒါေပမယ့္ သူ႔ဟာ ေနာက္ထပ္ထူးထူးျခားျခားဘာမွလုပ္ျပထားႏိုင္ျခင္း မရွိေသးလို႔ သူ႔အေပၚ ယူႏိုက္တက္ ပရိသတ္ေတြရဲ႕ မွန္းခ်က္နဲ႔ႏွမ္းထြက္ကိုက္ညီမွဳ မရွိထားေသးတာေတာ့ အေသအခ်ာ ပါပဲ။

ေမာ္ရင္ဟိုဟာ ဒီရာ သီမွာ ေပါ့ဘာဆန္းခ်က္တို့ကို ကစားသမားေကာင္းေတြကို ေကာင္းေကာင္း အသံုးမခ် ႏိုင္ခ႔ဲပဲ ရလဒ္ဆိုးေတြဆက္ တိုက္ျကံုေတြ႕ခဲ႔ရ လို႔ရာထူးကေန ထုတ္ပယ္ျခင္းခံခဲ႔ရတာျဖစ္ပါတယ္။ ယာယီနည္းျပ ဆိုးလ္ရွားလက္ထက္မွာ ေတာ့ ၇ပြဲကစား ရာႏွဳန္းျပည့္အႏိုင္နဲ႔ ယူႏိုက္တက္ တို့ျပန္လာေနျပီလည္းျဖစ္ပါတယ္။ ဆန္းခ်က္ လည္း ဆိုးလ္ရွားရဲ႕ျပဳျပင္ေျပာင္းလဲေပးထားႏိုင္ခဲ႔တာေတြအတြက္ ခ်ီးက်ဴး စကား ဆိုခဲ႔ပါေသးတယ္။ ဆန္းခ်က္က “အသင္းမွာ ရွိတဲ႔ ကစားသမားတိုင္းဟာ ေမာ္ရင္ဟို လက္ထက္တုန္းကလို ပဲ ရွိေနတာ ျဖစ္ပါတယ္။ ဒါေပမယ့္ ဆိုးလ္ရွားရဲ႕ ဦးေဆာင္မွဳေအာက္မွာ တိုက္စစ္ဆင္မွဳအပိုင္းမွာ ေအာင္ျမင္တိုးတက္ေနခဲ႔ သလိုခံစစ္ကစား ပံုကလည္း ပိုေကာင္းလာ ပါတယ္။ သူဟာ အသင္းရဲ႕ သမိုင္းေျကာင္းမွာ အမ်ားျကီးပါဝင္ ပတ္သက္ ထားခဲ႔ရသူျဖစ္လို႔လည္း သူအမွာစကားေျပာတိုင္းမွာ ဘယ္နည္းလမ္းမ်ိဳးသံုးရမယ္ဆိုတာကို အလင္းျပေလ့ရွိပါတယ္။ သူစြဲကိုင္ထားတဲ႔ ေဘာလံုး ဝိေသသတခု ကေတာ့ ေဘာလံုးကို ထိခ်က္မ်ားမ်ား ကစားဖို႔၊ ပြဲကို ထိန္းခ်ဳပ္ျပီး ဂိုးသြင္းယူဖို႔ ပဲျဖစ္ပါတယ္။

သူဟာ ကစားသမား ဘဝမွာ တိုက္စစ္မွဴး တဦး ျဖစ္ခဲ့ေပမယ့္ အခုခ်ိန္မွာေတာ့ က်ြန္ေတာ္တို့ကို အသင္းရဲ႕ ပင္နယ္တိီ ဧရိယာကိုလည္း ေကာင္းေကာင္း ေစာင့္ ေရွာက္ ေစခ်င္တတ္သူျဖစ္ပါတယ္။ ဒီနည္းေျကာင့္ ပဲ က်ြန္ေတာ္တို႔ ပိုေကာင္းလာခဲ႔တာျဖစ္ပါတယ္” လို႔ေျပာ ထားခဲ႔တာျဖစ္ပါတယ္။ ဆန္းခ်က္ ဟာ ဒီရာသီမွာပြဲကစားခြင့္ရဖို႔ ရုန္းကန္ေနရေပမယ့္ ပြဲကစား ခ်ိန္နဲ႔ ဂိုးဖန္တီး ေပးမွဳ အခ်ိဳး မွာ အသင္းေဖာ္အားလံုး ထက္အသာ ရေနတာကို ေတြ႔ရမွာျဖစ္ပါတယ္။(တပြဲလ်ွင္ ၀.၅၃ ဂိုးဖန္ တီးေပး) သူဟာ ဒီရာသီမွာ လိဂ္ပြဲ၁၁ ပြဲပါဝင္ကစားေပးထားျပီး ဂိုးေပါက္ ကန္သြင္းမွဳ ၁၄ျကိမ္ျပဳလုပ္ထား ႏိုင္ခဲ႔ေပမယ့္ ၁ဂိုးသာ ရရွိထားပါေသးတယ္။အဆိုပါ အခ်က္အလက္ေတြကို ေထာက္ရွဳ ျခင္းအားျဖင့္ ဆန္းခ်က္ ဟာ အခြင့္အေရး ဖန္တီးမွဳ အပိုင္းအတြက္ ပိုသင့္ေတာ္ျပီး ဂိုးအမ်ားအျပားသြင္းယူေပးမယ့္သူမဟုတ္ဘူး ဆိုတာ ကိုေတာ့ ေတြ႔ရမွာျဖစ္ပါတယ္။ ဆန္းခ်က္အေနနဲ႔ ဂိုးေတြျပန္ရဖို႔ လတ္တေလာမွာ ဂိုးေတြဆက္တိုက္ သြင္း ယူေနတဲ႔ ရတ္ဖို႔ဒ္ဆီကေနသင္ခန္းစာ ယူလုပ္ေဆာင္သြားဖို႔ လိုအပ္ေနပါတယ္။ဆန္းခ်က္ဟာ ဒဏ္ရာ ျပသနာေတြ ရွိေနခဲ႔ေပမယ့္ အသင္းအတြက္ ျမန္ျမန္ျပန္ကစားေပးခ်င္ေနသူျဖစ္ျကီး ေရွ႔ေလ်ွာက္ အေကာင္း ေတြပဲျဖစ္လာႏိုင္မယ္ လို႔ ဆိုးလ္ရွားက အေကာင္းျမင္သံုးသပ္ေနပါတယ္။

ဆိုးလ္ရွားက  “သူ(ဆန္းခ်က္) ဟာ ေလ့က်င္ေရးအစီအစဥ္ေတြမွာမခံခ်င္စိတ္နဲ႔ ျကိုးစားေနပါတယ္။သူရဲ႕ ျကိုးစားအားထုတ္မွဳနဲ႔ စိတ္ေန သေဘာ ထား ဟာအံ့မခန္းပါပဲ။ပြဲေတြမွာသူပါဝင္ကစားတာကို ျမငခ်င္ေနပါျပီ။ အခုဆို က်ြန္ေတာ့္မွာ ေရြးခ်ယ္ စရာ ကစားသမားေကာင္းေတြအမ်ားျကီး ရွိေနပါျပီ ” လို႔ေျပာသြားခဲ႔တာျဖစ္ပါတယ္။ အိုးထရက္ဖိုဒ့္အနာဂတ္ရဲ႕ ေရာင္နီသန္းစ အခ်ိန္အခါမ်ိဳးကို ေရာက္ရွိေနျပီျဖစ္ေပမယ့္ ဆန္းခ်က္တေယာက္ ေျပာင္းေရႊ႕သြားႏိုင္ေျခ ရွိတဲ႔အသင္းအခ်ိဳ႔လည္းရွိေနပါေသးတယ္။

#PSG

ျပင္သစ္ ထိပ္သီးPSG အသင္းဟာယူႏိုက္တက္မွာ ဆန္းခ်က္စတင္ရုန္းကန္ေနရကတည္းကအျကိမ္ျကိမ္ ခ်ိတ္ဆက္ေနခဲ႔တဲ႔အသင္းတသင္းျဖစ္ပါတယ္။ ရီးရဲလ္ အသင္းကို တခ်ိန္ခ်ိန္မွာ ေျပာင္းေရႊ႕ႏိုင္တဲ႔အမ္ဘာေပရဲ႕ ေနရာအတြက္ ဒီခ်ီလီ သားကို ရည္ရြယ္ထားတာျဖစ္တယ္လို႔ သတင္းေတြကဆိုပါတယ္။

#ေအစီနဲ႔အင္တာ

အဂၤလန္ နဲ႔ စပိန္ေျမေတြ မွာ ေအာင္ျမင္မွဳေတြရယူခဲ႔တဲ႔ ကစားသမားအခ်ိဳ႔ဟာ အီတလီကုိေျပာင္းေရႊ႕ေနျကျပီး ေရာ္နယ္ဒိုက အျမင္သာဆံုးဥပမာတခုျဖစ္ပါတယ္။ဂ်ဴဗီအသင္းက သူ႔ကို အလိုမရွိေလာက္ေပမယ့္ မီလန္ ျမိဳ႔ခံႏွစ္သင္းကေတာ့ လိုခ်င္ေကာင္း လိုခ်င္ေနႏိူင္ပါတယ္။

#ရီးရဲလ္မက္ဒရစ္

စပိန္ေျမကိုဆန္းခ်က္ျပန္ဖို႔ စဥ္းစားခဲ႔ရင္ေတာ့ အသင္းေဟာင္း ဘာကာထက္ ေရာ္နယ္ဒိုရဲ႕ကြက္လပ္ ကို ျဖည့္ထားႏိုင္ျခင္းမရွိေသးတဲ႔ရီးရဲကိုသာေရာက္ဖို႔မ်ားေနပါတယ္။ဒါေပမယ့္ မဟာျပိဳင္ဘက္ကို ေျပာင္းေရႊ႕ ခဲ႔ရင္ေတာ့ အသင္းေဟာင္းပရိသတ္ေတြရဲ႕ ေလွာင္ေျပာင္ေဝဖန္မွဳေတြကိုခံရႏိုင္ေျခရွိေနပါတယ္။

#ဘိုင္ယန္ျမဴးနစ္

အခုေႏြမွာ ေရာ္ဘင္ထြက္ခြာဖို႔ ရွိေနသလို ရစ္ဘာရီကလည္း ၃၆ႏွစ္အရြယ္ရွိေနျပီျဖစ္လို႔ အစားထိုးႏိုင္မယ့္ သူလိုေနပါတယ္။ ဆန္းခ်က္ကလည္း အသက္ ၃၀ အတြင္းဝင္ေရာက္ေနျပီဆိုေပမယ့္ သူ႔ရဲ႕ ကစားသမားဘဝ အဆံုးသတ္ဟာ ဂ်ာမန္ေျမမွာလည္း ျဖစ္လာႏိုင္ေနပါတယ္။

Unicode


အိုးထရက်ဖိုဒ့်ကိုရောက်ရှိအပြီးတစ်နှစ်အကြာမှာ ယူနိုက်တက်စ်အတွက် ဆန်းချက် ဘာတွေလုပ်ဆောင်ထား ပေးခဲသလဲ
ပီးခဲ့တဲ့ နှစ်ဆောင်းရာသီစျေးကွက် အတွင်းမှာ ယူနိုက်တက်အသင်းကို ပြောင်း ရွှေ့လာခဲ့တဲ့ ဆန်းချက် တယောက် အိုးထရက်ဖိုဒ့်မြေကို ရောက်ရှိနေတာ တနှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီလည်းဖြစ်ပါတယ်။ အာဆင်နယ် အသင်းရဲ့ အဓိ က တိုက်စစ် ကစားသမား တဦး ဖြစ်တဲ့ ဒီချီလီသား ကို ခေါ်ယူနိုင်ခဲ့တဲ့ နည်းပြ မော်ရင်ဟိုရဲ့ လုပ်ရပ်ဟာ အများအမြင် မှာ ချီးကျူးခံခဲရပြီး မျှော်လင့်တကြီး စောင့်ကြည့်ခြင်းကိုလည်း ခံခဲ့ရ ပါတယ်။ ဒါပေမယ့် ဆန်းချက်ရဲ့ အဆိုပါတနှစ်တာ ကာလ တွေဟာ အိပ်မက်ဆိုးတွေနဲ့ လမိုက်ညတွေကို သာဖြတ်သန်းနေခဲ့ရတာဖြစ်ပါတယ်။သူဟာ အသင်းသစ် အတွက် ပြိုင်ပွဲစုံ ၃၂ပွဲ ပါဝင် ကစားခွင့် ရထားခဲ့ပေ မယ့် လေးဂိုးသာ သွင်းယူထားနိုင် ခဲ့ပါတယ်။မစ်ခီတာရန်း နဲ့ အလဲအထပ်အဖြစ်ရောက်လာခဲ့တဲ့ ဆန်းချက် အနေနဲ့အာဆင်နယ်အသင်းအတွက် လုပ်ဆောင်ပေးနိုင်သလို ဘာလို မစွမ်းဆောင်ထားနိုင် တော့တာလဲ ဂိုးရ ရှိမှု နှုန်း အတော်လေးကျဆင်းနေခဲ့တဲ့ နောက်ကွယ်က အကြောင်း ပြချက်ကဘာလဲ ယူနိုက်တက် အသင်းအတွက်လာခြင်းကောင်းတဲ့သူတယောက်ဖြစ် လာမှာလား ဆိုတဲ့ မေးခွန်း တွေအတွက် အဖြေရှာရတော့ မယ့် အချိန်အခါမျိုး ရောက်လာနေပြီ လည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၁၂ လတာ ကာလ အတွင်းမှာ ယူနိုက်တက် အသင်းသားဘဝမှာဆန်းချက်အတွက် အကောင်းဆုံး အခိုက်အတန်လို့ပြောနိုင်တဲ့ပွဲစဉ်ကတော့ အိုးထရက်ဖိုဒ့် မှာ နယူးကာဆယ်ကို အနိုင်ရ ခဲ့တဲ့ပွဲစဉ်ဖြစ်ပါတယ်။ ဆန်းချက် ဟာ ပွဲပြီးခါနီး မိနစ် ၂၀အလိုမှာ လူစားလဲဝင် ရောက်ခွင့်ရ ခဲ့တာဖြစ်ပေမယ့် ၃-၂ ဂိုးနဲ့ ပြန်ပြီးအနိုင်ရ ရှိအောင် အဓိကနေရာကနေ စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ သူရဲ့ ပရီးမီးယားလိဂ်မှာ ၈၅၄မိနစ်ကြာ ဂိုးပေါက် ပျောက်နေမှုကို လည်း ဒီပွဲစဉ်မှာ ရပ်တန့်လိုက်နိုင်ခဲ့တာဖြစ်ပါတယ်။အံ့သြဖို့ကောင်းတာကတော့ ဒါဟာ ပရီးမီးယားလိဂ်မှာ သူ့ရဲ့ ဂိုးပေါက်ပျောက်ဆုံးမှု အကြာဆုံး အချိန်အပိုင်းအခြားမဟုတ်တာပါပဲ။ သူဟာ အာဆင်နယ် အသင်းမှာရှိနေစဉ် အမှတ်ပေးပြိုင်ပွဲမှာ ၈၉၈မိနစ်အထိ ဂိုးပေါက် ပျောက်ခဲ့ဖူးတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီကနေ အခုနှစ်ဇန်နဝါရိီအထိ ယူနိုက်တက် အတွက် အကောင်းဆုံးပေးဆပ်နိုင်ခဲ့တဲ့ ပွဲကတော့ အီတီဟတ်မှာ မန်စီးတီးအသင်းကို ၃-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲဖြစ်ပြီး ၃ဂိုးစလုံးကို သူက ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် သူ့ဟာ နောက်ထပ်ထူးထူးခြားခြားဘာမှလုပ်ပြထားနိုင်ခြင်း မရှိသေးလို့ သူ့အပေါ် ယူနိုက်တက် ပရိသတ်တွေရဲ့ မှန်းချက်နဲ့နှမ်းထွက်ကိုက်ညီမှု မရှိထားသေးတာတော့ အသေအချာ ပါပဲ။ မော်ရင်ဟိုဟာ ဒီရာသီမှာ ပေါ့ဘာဆန်းချက်တို့ကို ကစားသမားကောင်းတွေကို ကောင်းကောင်း အသုံးမချ နိုင်ခဲ့ပဲ ရလဒ်ဆိုးတွေဆက်တိုက်ကြုံတွေ့ခဲ့ရလို့ရာထူးကနေ ထုတ်ပယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ယာယီနည်းပြ ဆိုးလ်ရှားလက်ထက်မှာ တော့ ရပွဲကစား ရာနှုန်းပြည့်အနိုင်နဲ့ ယူနိုက်တက် တို့ပြန်လာနေပြီလည်းဖြစ်ပါတယ်။ ဆန်းချက် လည်း ဆိုးလ်ရှားရဲ့ပြုပြင်ပြောင်းလဲပေးထားနိုင်ခဲ့တာတွေအတွက် ချီးကျူးစကားဆိုခဲ့ပါသေးတယ်။ ဆန်းချက်က – – – “အသင်းမှာ ရှိတဲ့ ကစားသမားတိုင်းဟာ မော်ရင်ဟို လက်ထက်တုန်းကလို ပဲ ရှိနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဆိုးလ်ရှားရဲ့ ဦးဆောင်မှုအောက်မှာ တိုက်စစ်ဆင်မှုအပိုင်းမှာ အောင်မြင်တိုးတက်နေခဲ့ သလိုခံစစ်ကစားပုံကလည်း ပိုကောင်းလာ ပါတယ်။ သူဟာ အသင်းရဲ့ သမိုင်းကြောင်းမှာ အများကြီးပါဝင် ပတ်သက် ထားခဲ့ရသူဖြစ်လို့လည်း သူအမှာစကားပြောတိုင်းမှာ ဘယ်နည်းလမ်းမျိုးသုံးရမယ်ဆိုတာကို အလင်းပြလေ့ရှိပါတယ်။သူစွဲကိုင်ထားတဲ့ ဘောလုံး ဝိသေသတခု ကတော့ ဘောလုံးကို ထိချက်များများ ကစားဖို့၊ ပွဲကို ထိန်းချုပ်ပြီး ဂိုးသွင်းယူဖို့ ပဲဖြစ်ပါတယ်။သူဟာ ကစားသမား ဘဝမှာ တိုက်စစ်မှူး တဦး ဖြစ်ခဲ့ပေမယ့် အခုချိန်မှာတော့ ကျွန်တော်တို့ကို အသင်းရဲ့ ပင်နယ်တိီ ဧရိယာကိုလည်း ကောင်းကောင်း စောင့် ရှောက် စေချင်တတ်သူဖြစ်ပါတယ်။ ဒီနည်းကြောင့် ပဲ ကျွန်တော်တို့ ပိုကောင်းလာခဲ့တာဖြစ်ပါတယ်” လို့ပြော ထားခဲ့တာဖြစ်ပါတယ်။ဆန်းချက်ဟာ ဒီရာသီမှာပွဲကစားခွင့်ရဖို့ ရုန်းကန်နေရပေမယ့် ပွဲကစား ချိန်နဲ့ ဂိုးဖန်တီး ပေးမှု အချိုး မှာ အသင်းဖော်အားလုံးထက်အသာရနေတာကို တွေ့ရမှာဖြစ်ပါတယ်။(တပွဲလျှင် ၀.၅၃ ဂိုးဖန် တီးပေး) သူဟာ ဒီရာသီမှာ လိဂ်ပွဲ၁၁ ပွဲပါဝင်ကစားပေးထားပြီး ဂိုးပေါက် ကန်သွင်းမှု ၁၄ကြိမ်ပြုလုပ်ထား နိုင်ခဲ့ပေမယ့် ၁ဂိုးသာ ရရှိထားပါသေးတယ်။အဆိုပါ အချက်အလက်တွေကို ထောက်ရှု ခြင်းအားဖြင့် ဆန်းချက် ဟာ အခွင့်အရေး ဖန်တီးမှု အပိုင်းအတွက် ပိုသင့်တော်ပြီး ဂိုးအများအပြားသွင်းယူပေးမယ့်သူမဟုတ်ဘူး ဆိုတာ ကိုတော့ တွေ့ရမှာဖြစ်ပါတယ်။ ဆန်းချက်အနေနဲ့ ဂိုးတွေပြန်ရဖို့ လတ်တလောမှာ ဂိုးတွေဆက်တိုက် သွင်း ယူနေတဲ့ ရတ်ဖို့ဒ်ဆီကနေသင်ခန်းစာ ယူလုပ်ဆောင်သွားဖို့ လိုအပ်နေပါတယ်။ဆန်းချက်ဟာ ဒဏ်ရာ ပြသနာတွေ ရှိနေခဲ့ပေမယ့် အသင်းအတွက် မြန်မြန်ပြန်ကစားပေးချင်နေသူဖြစ်ကြီး ရှေ့လျှောက် အကောင်း တွေပဲဖြစ်လာနိုင်မယ် လို့ ဆိုးလ်ရှားက အကောင်းမြင်သုံးသပ်နေပါတယ်။ ဆိုးလ်ရှားက – – – “သူ(ဆန်းချက်) ဟာ လေ့ကျင်ရေးအစီအစဉ်တွေမှာမခံချင်စိတ်နဲ့ ကြိုးစားနေပါတယ်။သူရဲ့ ကြိုးစားအားထုတ်မှုနဲ့ စိတ်နေ သဘော ထား ဟာအံ့မခန်းပါပဲ။ပွဲတွေမှာသူပါဝင်ကစားတာကို မြငချင်နေပါပြီ။ အခုဆို ကျွန်တော့်မှာ ရွေးချယ် စရာ ကစားသမားကောင်းတွေအများကြီး ရှိနေပါပြီ ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။ အိုးထရက်ဖိုဒ့်အနာဂတ်ရဲ့ ရောင်နီသန်းစ အချိန်အခါမျိုးကို ရောက်ရှိနေပြီဖြစ်ပေမယ့် ဆန်းချက်တယောက် ပြောင်းရွှေ့သွားနိုင်ခြေ ရှိတဲ့အသင်းအချို့လည်းရှိနေပါသေးတယ်။
#PSG
ပြင်သစ် ထိပ်သီးPSG အသင်းဟာယူနိုက်တက်မှာ ဆန်းချက်စတင်ရုန်းကန်နေရကတည်းကအကြိမ်ကြိမ် ချိတ်ဆက်နေခဲ့တဲ့အသင်းတသင်းဖြစ်ပါတယ်။ ရီးရဲလ် အသင်းကို တချိန်ချိန်မှာ ပြောင်းရွှေ့နိုင်တဲ့အမ်ဘာပေရဲ့ နေရာအတွက် ဒီချီလီ သားကို ရည်ရွယ်ထားတာဖြစ်တယ်လို့ သတင်းတွေကဆိုပါတယ်။
#အေစီနဲ့အင်တာ
အင်္ဂလန် နဲ့ စပိန်မြေတွေ မှာ အောင်မြင်မှုတွေရယူခဲ့တဲ့ ကစားသမားအချို့ဟာ အီတလီကိုပြောင်းရွှေ့နေကြပြီး ရော်နယ်ဒိုက အမြင်သာဆုံးဥပမာတခုဖြစ်ပါတယ်။ဂျူဗီအသင်းက သူ့ကို အလိုမရှိလောက်ပေမယ့် မီလန် မြို့ခံနှစ်သင်းကတော့ လိုချင်ကောင်း လိုချင်နေနိူင်ပါတယ်။
#ရီးရဲလ်မက်ဒရစ်
စပိန်မြေကိုဆန်းချက်ပြန်ဖို့ စဉ်းစားခဲ့ရင်တော့ အသင်းဟောင်း ဘာကာထက် ရော်နယ်ဒိုရဲ့ကွက်လပ် ကို ဖြည့်ထားနိုင်ခြင်းမရှိသေးတဲ့ရီးရဲကိုသာရောက်ဖို့များနေပါတယ်။ဒါပေမယ့် မဟာပြိုင်ဘက်ကို ပြောင်းရွှေ့ ခဲ့ရင်တော့ အသင်းဟောင်းပရိသတ်တွေရဲ့ လှောင်ပြောင်ဝေဖန်မှုတွေကိုခံရနိုင်ခြေရှိနေပါတယ်။
#ဘိုင်ယန်မြူးနစ်
အခုနွေမှာ ရော်ဘင်ထွက်ခွာဖို့ ရှိနေသလို ရစ်ဘာရီကလည်း ၃၆နှစ်အရွယ်ရှိနေပြီဖြစ်လို့ အစားထိုးနိုင်မယ့် သူလိုနေပါတယ်။ ဆန်းချက်ကလည်း အသက် ၃၀ အတွင်းဝင်ရောက်နေပြီဆိုပေမယ့် သူ့ရဲ့ ကစားသမားဘဝ အဆုံးသတ်ဟာ ဂျာမန်မြေမှာလည်း ဖြစ်လာနိုင်နေပါတယ်။