Home » Sport » ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရကာ လိဂ်ဖလား ဖိုင်နယ် သို့တက်ရောက်ခဲ့ပြီး မန်ချက်စတားစီးအသင်းနဲ့ ရင်ဆိုင်ရတော့မယ့် ချယ်လ်ဆီး
ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရကာ လိဂ်ဖလား ဖိုင်နယ် သို့တက်ရောက်ခဲ့ပြီး မန်ချက်စတားစီးအသင်းနဲ့ ရင်ဆိုင်ရတော့မယ့် ချယ်လ်ဆီး
ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရကာ လိဂ်ဖလား ဖိုင်နယ် သို့တက်ရောက်ခဲ့ပြီး မန်ချက်စတားစီးအသင်းနဲ့ ရင်ဆိုင်ရတော့မယ့် ချယ်လ်ဆီး
Unicode
အိမ်ရှင် ချယ်လ်ဆီး အသင်း ဟာ ၄ – ၃ – ၃ ကစားကွက် ကို အသုံးပြုပြီး ပွဲထွက် လာခဲ့ ပါတယ် ။ ဧည့်သည် တော့တင်ဟမ် အသင်း ကတော့ ၄ – ၂ – ၃ – ၁ ကစားကွက် ကို အသုံးပြုပြီး ပွဲထွက် လာခဲ့ ပါတယ် ။ နှစ်ဘက်အသင်းရဲ့ အဓိကကစားသမား အများစုနဲ့ ပွဲထွက်ခဲ့ပြီး ပွဲချိန်တော်တော်များများကို စိုးမိုးနိုင်ခဲ့တာ ကတော့ အိမ်ရှင် ချယ်လ်ဆီး အသင်းပါ ပွဲချိန် ၂၇ မိနစ် မှာ ထောင့်ကန်ဘော မှ ပြန်လျှံကျ လာတာ ကို အဝေးကန်ချက် နဲ့ အပြင်း ကန်သွင်း ကာ ချယ်လ်ဆီး အတွက် ဦးဆောင်ဂိုး ကို ရယူ နိုင်ခဲ့ ပါတယ် ။ ပွဲချိန် ၃၃ မိနစ် မှာ ဒဏ်ရာ ခဲ့တဲ့ ဘင်ဒေးဗီးစ် အစား ဒန်နီရို့စ် ဝင်ကစား ပါတယ် ။ပွဲချိန် ၃၅ မိနစ် မှာ ဟာဇတ် နောက်ခံလူ တယောက် ကို လှည့်ထွက်ပြီး ဂျရူး ကို ပေးပို့ ခဲ့ပေမယ့် ထိချက် လွဲခဲ့ ပါတယ် ။ပွဲချိန် ၃၇ မိနစ် မှာ အက်ဇ်ပီလီကွီတာ ရဲ့ ပေးပို့မှု ကို ဟာဇတ် အပိုင် ပိတ်သွင်း နိုင်ခဲ့လို့ ချယ်လ်ဆီး ဖက်က ၂ ဂိုးပြတ် နဲ့ ဦးဆောင် နိုင်ခဲ့ ပါတယ် ။ ပထမပိုင်း ပြီးခါနီး မှာ ချယ်လ်ဆီး ဖက်က ဟာဇတ် ရဲ့ တဦးကောင်း အတိုးအလှုပ် တွေနဲ့ ပေးပို့မှု တွေက နေ နောက်ထပ် သွင်းဂိုး ရဖို့ အခွင့်အရေး ရှိခဲ့ပေမယ့် နောက်ထပ် ဂိုး ထပ်မသွင်း နိုင်ခဲ့ပါဘူးပထမပိုင်း အပြီး ၂ ဖက် အသင်း ရဲ့ ခြေစွမ်း အရ ချယ်လ်ဆီး အသင်း ကတော့ ဒီ ကနေ့ ပွဲမှာ ဟာဇတ် ကို False 9 မထား တော့တဲ့ အတွက် ဟာဇတ် ဟာ အရင် ပွဲတွေ ကထက် လွတ်လွတ်လပ်လပ် ပိုကစား လာနိုင် ခဲ့တာ ကို တွေ့ရပါတယ် ။ ပွဲကြီး တွေမှာ ခြေစွမ်း ပြလေ့ ရှိတဲ့ အစဉ်အလာ အတိုင်း ယနေ့ ပွဲမှာလည်း ဟာဇတ် သွင်းဂိုး တဂိုး ထပ်ရခဲ့ ပြန်ပါတယ် ။ တော့တင်ဟမ် က တော့ ၄င်းတို့ ရဲ့ အဓိက တိုက်စစ် ကစားသမား ၃ ဦး ဖြစ်တဲ့ ဟယ်ရီကိန်း ၊ အလီ ၊ ဆွန် တို့ကို ဆုံးရှုံး ထားရတာ ကြောင့် ယနေ့ ပွဲစဉ် မှာ အဲရစ်ဆင် တယောက်တည်း ကိုသာ အားကိုး နေခဲ့ ရပါတယ် ။ အရန် တိုက်စစ်မှူး လော်ရန်းတေး ဟာ တော့တင်ဟမ် အတွက် လူပို တဦး လိုသာ ဖြစ်ခဲ့ ရပြီး ဘောလုံး ပေးပို့မှု တွေက အစ လွဲချော် နေခဲ့တာ ကို တွေ့ရပါတယ် ။ ဒုတိယပိုင်း ပွဲပြန် စတာ နဲ့ ချယ်လ်ဆီး ဖက်က တရစပ် ထိုးဖောက်မှု မှ ထောင့်ကန်ဘော စရခဲ့ပြီး နောက်ခံလူ တွေ ဖျက်ထုတ် ရမှာ ဂျော်ဂျင်ဟို ပြန်ပိတ် ခဲ့ပေမယ့် တော့တင်ဟမ် ဂိုးသမား ဂါဇန်နီဂါ ကာကွယ် နိုင်ခဲ့ ပါတယ် ။ ဆက်တိုက် ဆိုသလို ပဲ တော့တင်ဟမ် ဖက်က တန်ပြန် တိုက်စစ် မှ တဆင့် ရို့စ် ရဲ့ ဖြတ်ပေးမှု ကောင်းခဲ့ ပေမယ့် ဒေးဗစ် လူးဝဇ် လျင်လျင်မြန်မြန် ပဲ ရှင်းထုတ် ခဲ့ပါတယ် မိနစ် ၅၀ မှာ ဒန်နီရို့စ် ရဲ့ ဖြတ်တင် ပေးပို့မှု ကို လော်ရန်းတေး ခေါင်းတိုက် သွင်းယူ နိုင်ခဲ့ ပါတယ် ။ ဆက်တိုက် ဆိုသလို ချယ်လ်ဆီး ဖက်က ထပ်မံ ထိုးဖောက် ခဲ့ပြီး ကန်တေ ရဲ့ အနီးကပ် ပေးပို့မှု ကို ဂျရူး အပိုင် ပိတ်သွင်းခွင့် ရခဲ့ပေမယ့် ဂါဇန်နီဂါ ကာကွယ် နိုင်ခဲ့ ပါတယ် ။ ပွဲချိန် ၅၇ မိနစ် မှာ ကန်တေ ရဲ့ အနီးကပ် ထိုးပေးမှု ကို ဟာဇတ် အပိုင် ကန်သွင်းခွင့် ရခဲ့ပေမယ့် ဂိုးတိုင်ဘေး က ကပ်ထွက် ခဲ့ရပါတယ် ။ ပွဲချိန် ၆၄ မိနစ် မှာ ချယ်လ်ဆီး ဖက်က အချိတ်အဆက် မိိမိ ထိုးဖောက်မှု မှ တဆင့် ပတ်ဒရို ပိတ်သွင်း ခဲ့ပေမယ့် ဂါဇန်နီဂါ ကာကွယ် နိုင်ခဲ့ ပါတယ် ၆၈ မိနစ် မှာ တော့ ဂါဇန်နီဂါ ရဲ့ အဝေးဘော ပေးပို့မှု ကို လူးကပ် မော်ရာ ဆွဲဆွဲပြေးပြေး ရယူ ပြီး ကန်သွင်း ခဲ့ပေမယ့် တိုင်ဘေး မှ ကပ်ထွက် ခဲ့ရပါတယ် ။ ပွဲချိန် ရ၅ မိနစ် မှာ ပတ်ဒရို အစား ဝီလီယံ ဝင်ကစား ပါတယ် ။ ပွဲချိန် ရ၉ မိနစ် မှာ ဆစ်ဆိုခို အစား ဒေးဗစ်ဆင် ဆန်းချက်ဇ် ဝင်ကစား ပါတယ် ။ ချယ်လ်ဆီး ဖက်ကလည်း ဘာကလေ အစား ကိုဗာဆစ် ဝင်ကစား ပါတယ် ။ ဒုတိယပိုင်း ပြီးခါနီး မှာ အီမာဆင် ရဲ့ ဖြတ်တင်ဘော ကို ဂျရူး ခေါင်းတိုက် ခဲ့ပေမယ့် လွဲချော် ခဲ့ပါတယ် ။ ပင်နယ်တီ အဆုံးအဖြတ် မှာတော့ ချဲလ်ဆီး ဘက်က ၀ီလ်ယံ ၊ အက်ဇ်ပီလီကွီတာ ၊ ဂျော်ဂျင်ဟို နဲ့ ဒေးဗစ် လူးဝစ် တို့ ဂိုးဝင် ခဲ့ကြပြီး စပါး ဘက်က အဲရစ် ဆင် နဲ့ လာမယ်လာ တို့ သာ ဂိုးဝင်ကာ ဒိုင်ယာ နဲ့ လူးကပ် မော်ရာတို့ ရဲ့ ပင်နယ်တီတွေ လွဲချော် ခဲ့ကြတာ ကြောင့် ချဲလ်ဆီး က ၄ – ၂ ဖြင့် အနိုင်ရကာ ဗိုလ်လုပွဲ မှာတော့ မန်ချက်စတားမန်စီးတီး နဲ့ ရင်ဆိုင် ကစားရတော့မှာ ဖြစ်ပါတယ်။