Home » Sport » မန္ယူနဲ႔ ခ်န္ပီယံလိဂ္ပြဲကို ေသခ်ာသေလာက္ေနမာလြဲေခ်ာ္ဖုိ႔ ရွိေနတဲ့ PSG အသင္းတုိက္စစ္မွဴး ေနမာ

မန္ယူနဲ႔ ခ်န္ပီယံလိဂ္ပြဲကို ေသခ်ာသေလာက္ေနမာလြဲေခ်ာ္ဖုိ႔ ရွိေနတဲ့ PSG အသင္းတုိက္စစ္မွဴး ေနမာ

မန္ယူနဲ႔ ခ်န္ပီယံလိဂ္ပြဲကို ေသခ်ာသေလာက္ေနမာလြဲေခ်ာ္ဖုိ႔ ရွိေနတဲ့ PSG အသင္းတုိက္စစ္မွဴး ေနမာ

ဒဏ္ရာေၾကာင့္ အနားယူေနရတဲ့ ပီအက္စ္ဂ်ီအသင္းတုိက္စစ္မွဴးေနမာဟာ ေဖေဖာ္၀ါရီလအတြင္း မန္ယူ အသင္းနဲ႔ ရင္ဆုိင္ကစားဖုိ႔ရွိေနတဲ့ ခ်န္ပီယံလိဂ္ 16 သင္းအဆင့္ပြဲ(ပ-အေက်ာ)စဥ္ကို လြဲေခ်ာ္ဖုိ႔ေသခ်ာသြား ခဲ့ၿပီလုိ႔ ၿဗိတိန္သတင္းစာေတြက အခုိင္အမာေဖာ္ျပခဲ့ၾကပါတယ္။

အသက္ 26 ႏွစ္အရြယ္ ေနမာဟာ ၿပီးခဲ့တဲ့ ၾကားရက္က စထရာေဘာ့ကိုအႏုိင္ရခဲ့တဲ့ ျပင္သစ္ဖလားပြဲစဥ္မွာ ေျခေခ်ာင္းရိုးဒဏ္ရာရရွိ သြားခဲ့တာ ျဖစ္ၿပီး ဒါဟာ 2018 ကမာၻ႔ဖလားမတုိင္ခင္က ၿပိဳင္ပြဲအမီျပန္ကစားႏုိင္ဖုိ႔ အသည္းအသန္ရုန္းကန္ခဲ့ရတဲ့ ဒဏ္ရာအမ်ဳိး အစား လည္းျဖစ္ခဲ့တာပါ။ လက္ရွိအခ်ိန္အထိ ပီအက္စ္ဂ်ီအသင္းက ေနမာရဲ႕အေျခအေနအေသးစိတ္ကို ထုတ္ျပန္ေၾကညာျခင္းမရွိေသးေပမယ့္ သတင္းေတြမွာေတာ့ မန္ယူနဲ႔ပြဲကို လြဲေခ်ာ္ဖုိ႔ေသခ်ာၿပီလုိ႔ ဆုိခဲ့ပါတယ္။

ပီအက္စ္ဂ်ီနဲ႔ မန္ယူတုိ႔ဟာ ေဖေဖာ္၀ါရီ 12 ရက္ေန႔မွာ ပထမအေက်ာ့ကစားရမွာျဖစ္ၿပီး မတ္လ 6 ရက္ေန႔မွာ ကစားရမယ့္ ဒုတိယအေက်ာ့အမီျပန္လာႏုိင္မလားဆုိတာကုိေတာ့ မသိရေသးပါဘူး။ေနမာဟာ ဒီရာသီ ၿပိဳင္ပြဲ အရပ္ရပ္ 23 ပြဲမွာ ပီအက္စ္ဂ်ီအတြက္ ဂိုး 20 သြင္းယူေပးထားၿပီး သူမပါ၀င္ႏုိင္မႈက နည္းျပဆုိးလ္ရွား လက္ ထက္ မွာ 8 ပြဲဆက္တုိက္ႏုိင္ကာ အေကာင္းဆံုးေျခစြမ္းျပေနတဲ့ မန္ယူကိုရင္ဆုိင္ဖုိ႔အတြက္ အခက္အခဲတစ္ရပ္ လည္း ျဖစ္လာႏုိင္ပါတယ္။

ပီအက္စ္ဂ်ီနည္းျပတူခ်ယ္ကေတာ့ မန္ယူနဲ႔ပြဲမွာ ေနမာျပန္မလာႏုိင္ဘူးလုိ႔ ေျပာၾကား ျခင္း မရွိေပမယ့္ အရမ္း,အရမ္းကိုခက္ခဲမယ္ဆုိတာကို Super Difficult ဆုိတဲ့စကားလံုး အသံုးျပဳကာ ဖြင့္ဟခဲ့ပါ တယ္။

Unicode


မန်ယူနဲ့ ချန်ပီယံလိဂ်ပွဲကို သေချာသလောက်နေမာလွဲချော်ဖို့ ရှိနေတဲ့ PSG အသင်းတိုက်စစ်မှူး နေမာ
ဒဏ်ရာကြောင့် အနားယူနေရတဲ့ ပီအက်စ်ဂျီအသင်းတိုက်စစ်မှူးနေမာဟာ ဖေဖော်ဝါရီလအတွင်း မန်ယူ အသင်းနဲ့ ရင်ဆိုင်ကစားဖို့ရှိနေတဲ့ ချန်ပီယံလိဂ် 16 သင်းအဆင့်ပွဲ(ပ-အကျော)စဉ်ကို လွဲချော်ဖို့သေချာသွား ခဲ့ပြီလို့ ဗြိတိန်သတင်းစာတွေက အခိုင်အမာဖော်ပြခဲ့ကြပါတယ်။ အသက် 26 နှစ်အရွယ် နေမာဟာ ပြီးခဲ့တဲ့ ကြားရက်က စထရာဘော့ကိုအနိုင်ရခဲ့တဲ့ ပြင်သစ်ဖလားပွဲစဉ်မှာ ခြေချောင်းရိုးဒဏ်ရာရရှိ သွားခဲ့တာ ဖြစ်ပြီး ဒါဟာ 2018 ကမ္ဘာ့ဖလားမတိုင်ခင်က ပြိုင်ပွဲအမီပြန်ကစားနိုင်ဖို့ အသည်းအသန်ရုန်းကန်ခဲ့ရတဲ့ ဒဏ်ရာအမျိုး အစား လည်းဖြစ်ခဲ့တာပါ။ လက်ရှိအချိန်အထိ ပီအက်စ်ဂျီအသင်းက နေမာရဲ့အခြေအနေအသေးစိတ်ကို ထုတ်ပြန်ကြေညာခြင်း မရှိသေးပေမယ့် သတင်းတွေမှာတော့ မန်ယူနဲ့ပွဲကို လွဲချော်ဖို့သေချာပြီလို့ ဆိုခဲ့ပါတယ်။ ပီအက်စ်ဂျီနဲ့ မန်ယူတို့ဟာ ဖေဖော်ဝါရီ 12 ရက်နေ့မှာ ပထမအကျော့ကစား ရမှာဖြစ်ပြီး မတ်လ 6 ရက်နေ့မှာ ကစားရမယ့် ဒုတိယအကျော့အမီပြန်လာနိုင်မလားဆိုတာကိုတော့ မသိရသေးပါဘူး။နေမာဟာ ဒီရာသီ ပြိုင်ပွဲ အရပ်ရပ် 23 ပွဲမှာ ပီအက်စ်ဂျီအတွက် ဂိုး 20 သွင်းယူပေးထားပြီး သူမပါ၀င်နိုင်မှုက နည်းပြဆိုးလ်ရှား လက် ထက် မှာ 8 ပွဲဆက်တိုက်နိုင်ကာ အကောင်းဆုံးခြေစွမ်းပြနေတဲ့ မန်ယူ ကိုရင်ဆိုင်ဖို့အတွက် အခက်အခဲတစ်ရပ် လည်း ဖြစ်လာနိုင်ပါတယ်။ ပီအက်စ်ဂျီနည်းပြတူချယ်ကတော့ မန်ယူနဲ့ပွဲမှာ နေမာပြန်မလာနိုင်ဘူးလို့ ပြောကြား ခြင်း မရှိပေမယ့် အရမ်း,အရမ်းကိုခက်ခဲမယ်ဆိုတာကို Super Difficult ဆိုတဲ့စကားလုံး အသုံးပြုကာ ဖွင့်ဟခဲ့ပါ တယ်။