Home » Sport » ဖေဖော်ဝါရီလကုန် အထိ အနားယူရတော့မယ့် အာဆင်နယ် အသင်း နောက်ခံလူ ဆိုကရက်နဲ့ ဒဏ်ရာအခြေနေအခုချိန်ထိသေချာမသိရသေးတဲ့ ကော့စီရယ်နီ






အာဆင်နယ် အသင်းမှာ ယခုလက်ရှိ ဗဟိုနောက်ခံလူ စစ်စစ်ဆို လို့ မူစတာဖီ နဲ့ မာဗရိုပါနိုစ့် နှစ်ဦးသာ ရှိတော့ ပြီး နောက်ခံလူတွေ အဖြစ်တော့ မိတ်လန်နိုင်းလစ် ၊ လက်ခ်ျစတိုင်နာ ၊ ကိုလာစီနက် ၊ မွန်ရီရဲလ် ၊ ဂျက်ကင်ဆန် တို့ရှိနေပ တယ် ။

Unicode


ဖေဖော်ဝါရီလကုန် အထိ အနားယူရတော့မယ့် အာဆင်နယ် အသင်း နောက်ခံလူ ဆိုကရက်နဲ့ ဒဏ်ရာအခြေနေအခုချိန်ထိသေချာမသိရသေးတဲ့ ကော့စီရယ်နီ
အာဆင်နယ်အသင်းဆေးအဖွဲ့ဟာ မန်ချက်စတာ ယူနိုက်တက် နဲ့ ပွဲမှာ ဒဏ်ရာရရှိ ခဲ့တဲ့ နောက်ခံလူ ဆိုက ရက်တစ် နဲ့ ကော့ စီရယ်နီ တို့ ရဲ့ ဒဏ်ရာအခြေအနေ နဲ့ ပက်သက်ပြီး တရားဝင် သတင်းထုတ်ပြန် လိုက်ပါ တယ်။ဂရိလက်ရွေ စင် နောက်ခံလူ ဆိုကရက်တစ် ဟာ ယူနိုက်တက် တောင်ပံကစားသမား လင်ဂတ်နဲ့ ဘောလုံး ယှဉ်လုရင်း ခြေချင်းဝတ်ဒဏ်ရာ ရရှိသွားခဲ့တာပါ။ ဆိုကရက်တစ် ဟာ ဘယ်ဘက်ခြေချင်းဝတ် ဒဏ်ရာကြောင့် ဖေဖော်ဝါရီလကုန်လောက် မှ လေ့ကျင့်ခန်းပြန်ဆင်းနိုင် မှာ ဖြစ်ကြောင်း အ ဆင်နယ် အသင်း ဆေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ် ။ အသင်းခေါင်းဆောင် ကော့စီရယ်နီ ကတော့ မျက်နှာနဲ့ မေးရိုးမှာ အတွင်းကြေလိုမျိုး ဖြစ်သွားပြီး ရောင်ရမ်းနေ တာကြောင့် အသေးစိတ်စစ်ဆေးမှုတွေ ပြုလုပ်နေတယ် လို့ သိရပါတယ်။ ကော့စီရယ်နီ ဟာ ယူနိုက်တက် တိုက်စစ်မှူး လူကာကူ နဲ့ ထိခိုက်မိပြီး ဒဏ်ရာရရှိခဲ့တာ လည်းဖြစ်ပါတယ် ။ အာဆင်နယ်အသင်း ရဲ့ ညာနောက်ခံလူဘယ်လာရင် ကလည်း ဘယ်ဘက်ဒူး ဒဏ်ရာ ကြောင့် အ နည်း ဆုံး ခြောက်လက နေ ကိုးလအထိ အနားယူရမှာဖြစ်ပြီး လူငယ်နောက်ခံလူ ဟိုးလ်ဒင်းကလည်း ရာသီကုန်အထိ အနားယူရတာ ကြောင့် စီရယ်နီ ဒဏ်ရာရရှိသွားတာ ဟာ ဂန်းနားတို့အတွက် ထိုးနှက်ချက် တစ်ခုလည်း ဖြစ်လာခဲ့ပါတယ် ။အာဆင်နယ် အသင်းမှာ ယခုလက်ရှိ ဗဟိုနောက်ခံလူ စစ်စစ်ဆို လို့ မူစတာဖီ နဲ့ မာဗရိုပါနိုစ့် နှစ်ဦးသာ ရှိတော့ ပြီး နောက်ခံလူတွေ အဖြစ်တော့ မိတ်လန်နိုင်းလစ် ၊ လက်ချ်စတိုင်နာ ၊ ကိုလာစီနက် ၊ မွန်ရီရဲလ် ၊ ဂျက်ကင်ဆန် တို့ရှိနေပ တယ် ။