Home » Sport » ႏုိင္ပြဲဆက္ေနေပမယ့္ ဘာေၾကာင့္ ေက်နပ္ျခင္းမရွိလဲဆုိတာကို ဖြင့္ဟလုိက္တဲ့ ယူႏုိက္တက္ ဂုိးသမားဒီဂီယာ

ႏုိင္ပြဲဆက္ေနေပမယ့္ ဘာေၾကာင့္ ေက်နပ္ျခင္းမရွိလဲဆုိတာကို ဖြင့္ဟလုိက္တဲ့ ယူႏုိက္တက္ ဂုိးသမားဒီဂီယာ

ႏုိင္ပြဲဆက္ေနေပမယ့္ ဘာေၾကာင့္ ေက်နပ္ျခင္းမရွိလဲဆုိတာကို ဖြင့္ဟလုိက္တဲ့ ယူႏုိက္တက္ ဂုိးသမားဒီဂီယာ

နည္းျပဆုိးလ္ရွားနဲ႔အတူ မန္ယူအသင္းက 8 ပြဲဆက္တုိက္အႏုိင္ယူကာ အံ့အားသင့္စရာ စြမ္းေဆာင္ထား ႏုိင္ခဲ့ေပမယ့္ အသင္းရဲ႕အေျခအေနအေပၚ ဘာေၾကာင့္ ေက်နပ္ျခင္းမရွိသလဲဆုိတာကို ဂိုးသမားဒီဂီယာက ဖြင့္ဟေျပာၾကားလုိက္ပါတယ္။ ဆုိးလ္ရွားလက္ထက္မွာ မန္ယူဟာ ပရီးမီးယားလိဂ္ 6 ပြဲနဲ႔ အက္ဖ္ေအဖလား 2 ပြဲတုိ႔ကို အႏုိင္ရထားခဲ့တာျဖစ္ၿပီး

နည္းျပေဟာင္းေမာ္ရင္ဟိုလက္ထက္က ဆုိးရြားေနတဲ့အေျခအေနကေန ရုတ္ တရက္ေျပာင္းလဲသြားႏုိင္ခဲ့တာပါ။ လက္ရွိမွာ မန္ယူအသင္းဟာ ဆြဲေဆာင္မႈရိွတဲ့ တုိက္စစ္ကစားဟန္ေၾကာင့္ ခ်ီးက်ဴးမႈေတြခံေနရၿပီး ဒီဂီယာကိုယ္တုိင္ကလည္း အေကာင္းဆံုးလက္စြမ္းျပကာ မန္ယူရဲ႕ႏိုင္ပြဲေတြအတြက္ အဓိကက်သူတစ္ဦးျဖစ္ေနပါတယ္။

ဒါေပမဲ့ ဒီဂီယာကေတာ့ ပရီးမီးယားလိဂ္မွာ အသင္းရဲ႕ရပ္တည္မႈက နိမ့္ပါး ေနတဲ့ အတြက္ မေက်မနပ္ျဖစ္လ်က္ရွိၿပီး မန္ယူလိုအသင္းမ်ဳိးက ခ်န္ပီယံဆုေတြကို စိန္ေခၚေနရမွာျဖစ္တယ္လုိ႔ ဆုိခဲ့ပါတယ္။ ”ႏုိင္ပြဲေတြရတဲ့အတြက္ေတာ့ ကၽြန္ေတာ္တုိ႔ ေပ်ာ္ရႊင္ပါတယ္။ ဒါေပမဲ့ အေျခအေနအားလံုးကို ၿခံဳၾကည့္ရင္ေတာ့ လံုး၀ေက်နပ္ျခင္းမရွိပါဘူး။

မန္ယူလုိကလပ္မ်ဳိးက ခ်န္ပီယံဆုေတြကို စိန္ေခၚေနတဲ့ အဆင့္ မ််ဳိး ျဖစ္ေနသင့္ပါတယ္။ ခ်န္ပီယံလိဂ္၀င္ခြင့္ကိုလည္း ကၽြန္ေတာ္တုိ႔ရယူခ်င္ေနတာပါ။ ဒါက ခက္ခဲမွာျဖစ္ေပမယ့္ အမွတ္ကြာဟမႈေတြကိုေတာ့ ေလွ့်ခ်ထားႏုိင္ခဲ့ပါတယ္”လုိ႔ ဒီဂီယာက ေျပာၾကားခဲ့ပါတယ္။

မန္ယူဟာ ယေန႔ည မွာ ဆုိးလ္ရွားလက္ထက္ 9 ပြဲေျမာက္အျဖစ္ ဘန္ေလကို အုိးလ္ထရက္ဖုိ႔ဒ္မွာ ဧည့္ခံကစားဖုိ႔ရွိေနၿပီး ေနာက္ထပ္ႏုိင္ပြဲတစ္ခုထပ္ရဖုိ႔လည္းေရပန္းစားေနပါတယ္။

Unicode


နိုင်ပွဲဆက်နေပေမယ့် ဘာကြောင့် ကျေနပ်ခြင်းမရှိလဲဆိုတာကို ဖွင့်ဟလိုက်တဲ့ ယူနိုက်တက် ဂိုးသမားဒီဂီယာ
နည်းပြဆိုးလ်ရှားနဲ့အတူ မန်ယူအသင်းက 8 ပွဲဆက်တိုက်အနိုင်ယူကာ အံ့အားသင့်စရာ စွမ်းဆောင်ထား နိုင်ခဲ့ပေမယ့် အသင်းရဲ့အခြေအနေအပေါ် ဘာကြောင့် ကျေနပ်ခြင်းမရှိသလဲဆိုတာကို ဂိုးသမားဒီဂီယာက ဖွင့်ဟပြောကြားလိုက်ပါတယ်။ ဆိုးလ်ရှားလက်ထက်မှာ မန်ယူဟာ ပရီးမီးယားလိဂ် 6 ပွဲနဲ့ အက်ဖ်အေဖလား 2 ပွဲတို့ကို အနိုင်ရထားခဲ့တာဖြစ်ပြီး နည်းပြဟောင်းမော်ရင်ဟိုလက်ထက်က ဆိုးရွားနေတဲ့အခြေအနေကနေ ရုတ် တရက်ပြောင်းလဲသွားနိုင်ခဲ့တာပါ။ လက်ရှိမှာ မန်ယူအသင်းဟာ ဆွဲဆောင်မှုရှိတဲ့ တိုက်စစ်ကစားဟန်ကြောင့် ချီးကျူးမှုတွေခံနေရပြီး ဒီဂီယာကိုယ်တိုင်ကလည်း အကောင်းဆုံးလက်စွမ်းပြကာ မန်ယူရဲ့နိုင်ပွဲတွေအတွက် အဓိကကျသူတစ်ဦးဖြစ်နေပါတယ်။ ဒါပေမဲ့ ဒီဂီယာကတော့ ပရီးမီးယားလိဂ်မှာ အသင်းရဲ့ရပ်တည်မှုက နိမ့်ပါး နေတဲ့ အတွက် မကျေမနပ်ဖြစ်လျက်ရှိပြီး မန်ယူလိုအသင်းမျိုးက ချန်ပီယံဆုတွေကို စိန်ခေါ်နေရမှာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ ”နိုင်ပွဲတွေရတဲ့အတွက်တော့ ကျွန်တော်တို့ ပျော်ရွှင်ပါတယ်။ ဒါပေမဲ့ အခြေအနေအားလုံးကို ခြုံကြည့်ရင်တော့ လုံးဝကျေနပ်ခြင်းမရှိပါဘူး။ မန်ယူလိုကလပ်မျိုးက ချန်ပီယံဆုတွေကို စိန်ခေါ်နေတဲ့ အဆင့် မျျိုး ဖြစ်နေသင့်ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်ကိုလည်း ကျွန်တော်တို့ရယူချင်နေတာပါ။ ဒါက ခက်ခဲမှာဖြစ်ပေမယ့် အမှတ်ကွာဟမှုတွေကိုတော့ လျှေ့ချထားနိုင်ခဲ့ပါတယ်”လို့ ဒီဂီယာက ပြောကြားခဲ့ပါတယ်။ မန်ယူဟာ ယနေ့ည မှာ ဆိုးလ်ရှားလက်ထက် 9 ပွဲမြောက်အဖြစ် ဘန်လေကို အိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံကစားဖို့ရှိနေပြီး နောက်ထပ်နိုင်ပွဲတစ်ခုထပ်ရဖို့လည်းရေပန်းစားနေပါတယ်။