Home » Sport » ဆိုးရွား လက္ထက္ ၁၀၀% ႏုိင္ပြဲ ရပ္တန္႔ သြားခဲ့သလုိ ေနာက္ကလုိက္ကစားျပီး အဖုိးတန္ တစ္မွတ္ ယူႏုိင္ခဲ့တဲ့ ယူႏုိက္တတ္

ဆိုးရွား လက္ထက္ ၁၀၀% ႏုိင္ပြဲ ရပ္တန္႔ သြားခဲ့သလုိ ေနာက္ကလုိက္ကစားျပီး အဖုိးတန္ တစ္မွတ္ ယူႏုိင္ခဲ့တဲ့ ယူႏုိက္တတ္

ဆိုးရွား လက္ထက္ ၁၀၀% ႏုိင္ပြဲ ရပ္တန္႔ သြားခဲ့သလုိ ေနာက္ကလုိက္ကစားျပီး အဖုိးတန္ တစ္မွတ္ ယူႏုိင္ခဲ့တဲ့ ယူႏုိက္တတ္

မန္ခ်က္စတာ ယူႏုိက္တတ္ အသင္း ဟာ ေနာက္တန္း မွာ အက္ရွ္ေလယန္း ကို အသင္း ေခါင္း ေဆာင္ အျဖစ္ နဲ႔ ညာ အစြန္ မွာ ပြဲထုတ္ ခဲ့ၿပီး လင္ဒီေလာ့ဖ္ နဲ႔ ဂ်ဳံးစ္ တုိ႔ က ခံစစ္ အတြဲ အျဖစ္ ပါ၀င္ ခဲ့ၾက ပါတယ္ ။ ဘယ္ေနာက္ခံ လူ အျဖစ္ လုခ္ေရွာ ပါ၀င္ လာခဲ့ ပါတယ္ ။ ကြင္းလယ္ မွာ ေတာ့ အန္ဒေရ ပါရဲရား နဲ႔ မာတစ္ တို႔ ကို တြဲ ေပး ခဲ့ၿပီး ေပါ့ဘာ ၊ မာတာ နဲ႔ ရက္ဖုိဒ့္ တုိ႔ က ကြင္းလယ္ တိုက္ စစ္ သမားေတြ အျဖစ္ တာ၀န္ယူ ကာ အေထာင္တုိက္စစ္ မွာေတာ့ လူကာကူ ပြဲထြက္ လာခဲ့ ပါတယ္ ။ ပြဲစတာ နဲ႔ ယူႏုိက္တတ္ ဟာ ဘန္ ေလ ဘက္ကို ဖိကစား ခဲ့ၿပီး ၅ မိနစ္ အတြင္း ေထာင့္ကန္ေဘာ ၂ ႀကိမ္ အထိ ရရွိ ခဲ့ ပါတယ္ ။

ပြဲခ်ိန္္ ၉ မိနစ္ မွာေတာ့ လူကာကူ ခင္းေပး တဲ့ အပုိင္ ေဘာလံုး ကို မားကပ္ ရက္ဖိုဒ့္ က ဂုိးသြင္း ယူဖို႔ မႀကဳိးစားဘဲ လူကာကူ ကို ျပန္ခင္း ေပးဖို႔ အားထုတ္ ခဲ့တာ ေၾကာင့္ နားလည္မႈ လြဲေခ်ာ္ၿပီး ဂုိး ရရွိမယ့္ အခြင့္ အေရး လြဲေခ်ာ္ ခဲ့ ပါတယ္ မိနစ္ ၃၀ အထိ ေတာ့ ၂ သင္း စလံုး အျပန္ အလွန္ ထိုး ေဖာက္ ကစားရင္း သေရက် ေနခဲ့ ပါတယ္ ။ ပထမပုိင္း အၿပီးမွာေတာ့ ဂုိး မရွိ သေရက် ေနခဲ့ ပါတယ္ ။ ဒါဟာ နယူးကာဆယ္ နဲ႔ ပြဲ အၿပီး ဆိုးရွား လက္ထက္ မွာ ဒုတိယ ေျမာက္ ပြဲျဖစ္ ခဲ့ ပါတယ္ ။ ပြဲခ်ိန္ ၅၁ မိနစ္မွာေတာ့ ဘန္ေလ အသင္း က အဖြင့္ဂုိး ကို သြင္းယူ သြားခဲ့ ပါတယ္ ။ ဒီဂုိး ကိုေတာ့ ယူႏုိက္တတ္ ကြင္းလယ္လူ ပါရဲရား ဆီကေန ပ်က္လာတဲ့ ေဘာလံုး က တဆင့္ ဘန္ေလ တိုက္စစ္ မႈး ဘန္းစ္ က ကန္သြင္းယူခဲ့ တာျဖစ္ ပါတယ္ ။

ဒီဂုိး ေၾကာင့္ ဆုိးရွား လက္ထက္ မွာ ယူႏုိက္တတ္ တို႔ ပထမဆံုး အႀကိမ္ အျဖစ္ ၿပဳိင္ဘက္ ရဲ႕ ဦးေဆာင္မႈ ကို စတင္ခြင့္ျပဳ ခဲ့ရၿပီ ပဲ ျဖစ္ ပါတယ္ ။ ဂုိးရ အၿပီးမွာေတာ့ ဘန္ေလတုိ႔ ခံစစ္ကို ပုိမို အားျပဳ ကစားလာခဲ့ ပါတယ္ ။ ယူႏုိက္တတ္ က ေတာ့ တစ္သင္း လံုး နီးပါး ပံုမွန္ ေျခစြမ္းေအာက္ကို ေရာက္ေနခဲ့ၿပီး ဘန္ေလ ဘက္ကို ၿခိမ္းေျခာက္ ႏုိင္ဖို႔ အားထုတ္ ေနခဲ့ရ ပါတယ္ ။ ပြဲခ်ိန္္ ၆၂ မိနစ္မွာေတာ့ ပါရဲရား ကို ထုတ္ၿပီး လင္ဂတ္ ကို ထည့္ကာ ယူႏုိက္တတ္ တို႔ တုိက္စစ္ ျမွင့္ ခဲ့ပါတယ္ ။ ၆၅ မိနစ္ မွာေတာ့ လူကာကူ အနီးကပ္ ပိတ္သြင္းခဲ့ ေပမယ့္ ဘန္ေလ ဂုိးသမား ကာကြယ္သြားႏုိင္ ခဲ့ ပါတယ္ ။ ၆၆ မိနစ္ မွာေတာ့ လူကာကူ ရဲ႕ ေနရာကို ဆန္းခ်က္ ထည့္သြင္း ကစားခဲ့ ပါတယ္ ။

ယူႏုိက္တတ္ ဟာ ဘန္ေလဘက္ ကို ဖိကစား လာႏုိင္ခဲ့ ေပမယ့္ ဂိုးရရွိ ေလာက္တဲ့ ၿခိမ္းေျခာက္မႈ မ်ဳိး မျပဳလုပ္ ႏုိင္ ခဲ့သလို ျဖတ္တင္ေဘာေတြ ကလည္း အရပ္ အေမာင္း ျမင့္မားတဲ့ ဘန္ေလ ခံစစ္ ကို မေက်ာ္ ျဖတ္ႏုိင္ ခဲ့ ပါဘူး ။  ပြဲခ်ိန္ ၈၁ မိနစ္ မွာေတာ့ ဘန္ေလ အသင္း က ဒုတိယ ေျမာက္ ဂုိးကို ထပ္မံ သြင္းယူ သြားခဲ့ ပါတယ္ ။ ဒီဂုိးကိုေတာ့ ဘန္ေလ တိုက္စစ္ မႈး ၀ုဒ္ က အနီးကပ္ ေခါင္းတိုက္ သြင္းယူ ေပးခဲ့တာ ျဖစ္ ပါတယ္ ။ ပြဲခ်ိန္ ၈၇ မိနစ္မွာေတာ့ ယူႏုိက္တတ္ အသင္း ပင္နယ္တီ ရရွိ ခဲ့ၿပီး ေပါ့ဘာ က အမွားမရွိကန္သြင္းကာ ေျခပဂုိး ရယူ သြားခဲ့ ပါတယ္။ ပြဲခ်ိန္ ၉၂ မိနစ္ မွာေတာ့ ယူႏုိက္တတ္ တို႔ ဒုတိယ ေျမာက္ ေျခပဂုိး ရရွိသြားခဲ့ျပန္ ပါတယ္ ။ ဒီဂုိး ကို ေတာ့ ေထာင့္ကန္ ေဘာ က တဆင့္ လင္ဒီေလာ့ဖ္ က ထပ္ဆင့္ ပိတ္သြင္းယူ ခဲ့တာ ပဲ ျဖစ္ ပါတယ္ ။

ပြဲ အၿပီးမွာေတာ့ ယူႏုိက္တတ္ တို႔ ဘန္ေလ နဲ ၂ ဂုိး စီ သေရက် ခဲ့ ပါတယ္ ။ ဒီ သေရက် မႈ ဟာ ဆုိးရွား လက္ထက္ ယူႏုိက္တတ္ ရဲ႕ ပထမဆံုး သေရ ပြဲ ျဖစ္ခဲ့ သလို ၁၀၀% ႏုိင္ပြဲ ဆက္ မႈ လည္း ရပ္တန္႔ ခဲ့ရ ပါတယ္ ။ အာဆင္နယ္ အသင္း အႏုိင္ ရသြားခဲ့ တဲ့ အတြက္ လည္း ယူႏုိက္တတ္ နဲ႔ အာဆင္နယ္ တို႔ ၂ မွတ္ ကြာသြားခဲ့ ရပါတယ္ ။

Unicode


ဆိုးရှား လက်ထက် ၁၀၀% နိုင်ပွဲ ရပ်တန့် သွားခဲ့သလို နောက်ကလိုက်ကစားပြီး အဖိုးတန် တစ်မှတ် ယူနိုင်ခဲ့တဲ့ ယူနိုက်တတ်
မန်ချက်စတာ ယူနိုက်တတ် အသင်း ဟာ နောက်တန်း မှာ အက်ရှ်လေယန်း ကို အသင်း ခေါင်း ဆောင် အဖြစ် နဲ့ ညာ အစွန် မှာ ပွဲထုတ် ခဲ့ပြီး လင်ဒီလော့ဖ် နဲ့ ဂျုံးစ် တို့ က ခံစစ် အတွဲ အဖြစ် ပါ၀င် ခဲ့ကြ ပါတယ် ။ ဘယ်နောက်ခံ လူ အဖြစ် လုခ်ရှော ပါ၀င် လာခဲ့ ပါတယ် ။ ကွင်းလယ် မှာ တော့ အန်ဒရေ ပါရဲရား နဲ့ မာတစ် တို့ ကို တွဲ ပေး ခဲ့ပြီး ပေါ့ဘာ ၊ မာတာ နဲ့ ရက်ဖိုဒ့် တို့ က ကွင်းလယ် တိုက် စစ် သမားတွေ အဖြစ် တာဝန်ယူ ကာ အထောင်တိုက်စစ် မှာတော့ လူကာကူ ပွဲထွက် လာခဲ့ ပါတယ် ။ ပွဲစတာ နဲ့ ယူနိုက်တတ် ဟာ ဘန် လေ ဘက်ကို ဖိကစား ခဲ့ပြီး ၅ မိနစ် အတွင်း ထောင့်ကန်ဘော ၂ ကြိမ် အထိ ရရှိ ခဲ့ ပါတယ် ။ ပွဲချိန်် ၉ မိနစ် မှာတော့ လူကာကူ ခင်းပေး တဲ့ အပိုင် ဘောလုံး ကို မားကပ် ရက်ဖိုဒ့် က ဂိုးသွင်း ယူဖို့ မကြိုးစားဘဲ လူကာကူ ကို ပြန်ခင်း ပေးဖို့ အားထုတ် ခဲ့တာ ကြောင့် နားလည်မှု လွဲချော်ပြီး ဂိုး ရရှိမယ့် အခွင့် အရေး လွဲချော် ခဲ့ ပါတယ် မိနစ် ၃၀ အထိ တော့ ၂ သင်း စလုံး အပြန် အလှန် ထိုး ဖောက် ကစားရင်း သရေကျ နေခဲ့ ပါတယ် ။ ပထမပိုင်း အပြီးမှာတော့ ဂိုး မရှိ သရေကျ နေခဲ့ ပါတယ် ။ ဒါဟာ နယူးကာဆယ် နဲ့ ပွဲ အပြီး ဆိုးရှား လက်ထက် မှာ ဒုတိယ မြောက် ပွဲဖြစ် ခဲ့ ပါတယ် ။ ပွဲချိန် ၅၁ မိနစ်မှာတော့ ဘန်လေ အသင်း က အဖွင့်ဂိုး ကို သွင်းယူ သွားခဲ့ ပါတယ် ။ ဒီဂိုး ကိုတော့ ယူနိုက်တတ် ကွင်းလယ်လူ ပါရဲရား ဆီကနေ ပျက်လာတဲ့ ဘောလုံး က တဆင့် ဘန်လေ တိုက်စစ် မှုး ဘန်းစ် က ကန်သွင်းယူခဲ့ တာဖြစ် ပါတယ် ။ ဒီဂိုး ကြောင့် ဆိုးရှား လက်ထက် မှာ ယူနိုက်တတ် တို့ ပထမဆုံး အကြိမ် အဖြစ် ပြိုင်ဘက် ရဲ့ ဦးဆောင်မှု ကို စတင်ခွင့်ပြု ခဲ့ရပြီ ပဲ ဖြစ် ပါတယ် ။ ဂိုးရ အပြီးမှာတော့ ဘန်လေတို့ ခံစစ်ကို ပိုမို အားပြု ကစားလာခဲ့ ပါတယ် ။ ယူနိုက်တတ် က တော့ တစ်သင်း လုံး နီးပါး ပုံမှန် ခြေစွမ်းအောက်ကို ရောက်နေခဲ့ပြီး ဘန်လေ ဘက်ကို ခြိမ်းခြောက် နိုင်ဖို့ အားထုတ် နေခဲ့ရ ပါတယ် ။ ပွဲချိန်် ၆၂ မိနစ်မှာတော့ ပါရဲရား ကို ထုတ်ပြီး လင်ဂတ် ကို ထည့်ကာ ယူနိုက်တတ် တို့ တိုက်စစ် မြှင့် ခဲ့ပါတယ် ။ ၆၅ မိနစ် မှာတော့ လူကာကူ အနီးကပ် ပိတ်သွင်းခဲ့ ပေမယ့် ဘန်လေ ဂိုးသမား ကာကွယ်သွားနိုင် ခဲ့ ပါတယ် ။ ၆၆ မိနစ် မှာတော့ လူကာကူ ရဲ့ နေရာကို ဆန်းချက် ထည့်သွင်း ကစားခဲ့ ပါတယ် ။ ယူနိုက်တတ် ဟာ ဘန်လေဘက် ကို ဖိကစား လာနိုင်ခဲ့ ပေမယ့် ဂိုးရရှိ လောက်တဲ့ ခြိမ်းခြောက်မှု မျိုး မပြုလုပ် နိုင် ခဲ့သလို ဖြတ်တင်ဘောတွေ ကလည်း အရပ် အမောင်း မြင့်မားတဲ့ ဘန်လေ ခံစစ် ကို မကျော် ဖြတ်နိုင် ခဲ့ ပါဘူး ။ ပွဲချိန် ၈၁ မိနစ် မှာတော့ ဘန်လေ အသင်း က ဒုတိယ မြောက် ဂိုးကို ထပ်မံ သွင်းယူ သွားခဲ့ ပါတယ် ။ ဒီဂိုးကိုတော့ ဘန်လေ တိုက်စစ် မှုး ၀ုဒ် က အနီးကပ် ခေါင်းတိုက် သွင်းယူ ပေးခဲ့တာ ဖြစ် ပါတယ် ။ ပွဲချိန် ၈၇ မိနစ်မှာတော့ ယူနိုက်တတ် အသင်း ပင်နယ်တီ ရရှိ ခဲ့ပြီး ပေါ့ဘာ က အမှားမရှိကန်သွင်းကာ ခြေပဂိုး ရယူ သွားခဲ့ ပါတယ်။ ပွဲချိန် ၉၂ မိနစ် မှာတော့ ယူနိုက်တတ် တို့ ဒုတိယ မြောက် ခြေပဂိုး ရရှိသွားခဲ့ပြန် ပါတယ် ။ ဒီဂိုး ကို တော့ ထောင့်ကန် ဘော က တဆင့် လင်ဒီလော့ဖ် က ထပ်ဆင့် ပိတ်သွင်းယူ ခဲ့တာ ပဲ ဖြစ် ပါတယ် ။ ပွဲ အပြီးမှာတော့ ယူနိုက်တတ် တို့ ဘန်လေ နဲ ၂ ဂိုး စီ သရေကျ ခဲ့ ပါတယ် ။ ဒီ သရေကျ မှု ဟာ ဆိုးရှား လက်ထက် ယူနိုက်တတ် ရဲ့ ပထမဆုံး သရေ ပွဲ ဖြစ်ခဲ့ သလို ၁၀၀% နိုင်ပွဲ ဆက် မှု လည်း ရပ်တန့် ခဲ့ရ ပါတယ် ။ အာဆင်နယ် အသင်း အနိုင် ရသွားခဲ့ တဲ့ အတွက် လည်း ယူနိုက်တတ် နဲ့ အာဆင်နယ် တို့ ၂ မှတ် ကွာသွားခဲ့ ရပါတယ် ။