Home » Sport » ရႈံးပြဲေတြ႕ၾကဳံခဲ့တဲ့ မန္ခ်က္စတားစီးတီးအသင္း အမွတ္ေပး ဖလား ဆြတ္ခူးေရးနဲ႔ ပတ္သက္လို႔လည္း မွတ္ခ်က္ ေပးသြားတဲ့ ဂြာဒီယိုလာ

ရႈံးပြဲေတြ႕ၾကဳံခဲ့တဲ့ မန္ခ်က္စတားစီးတီးအသင္း အမွတ္ေပး ဖလား ဆြတ္ခူးေရးနဲ႔ ပတ္သက္လို႔လည္း မွတ္ခ်က္ ေပးသြားတဲ့ ဂြာဒီယိုလာ

ရႈံးပြဲေတြ႕ၾကဳံခဲ့တဲ့ မန္ခ်က္စတားစီးတီးအသင္း အမွတ္ေပး ဖလား ဆြတ္ခူးေရးနဲ႔ ပတ္သက္လို႔လည္း မွတ္ခ်က္ ေပးသြားတဲ့  ဂြာဒီယိုလာ

ဒီေန့ နံနက္ စိန့္ ဂ်ိမ္းစ္ ပါ့ခ္ မွာ နယူးကာဆယ္ အသင္း ကို ရင္ဆုိင္ ကစား ခဲ့ ရ တဲ့ ပြဲစဥ္ အတြင္း လက္ရွိ ပရီးမီးယား လိဂ္ ခ်န္ပီယံ မန္ခ်က္စတာ စီးတီး အသင္း ဟာ 2 – 1 ဆုိတဲ့ ရလဒ္ နဲ့ အံ့အား သင့္ ဖြယ္ ရွံဳးနိမ့္ ခဲ့ရ ပါတယ္ ။ အဆုိပါ ပြဲစဥ္ မွာ ေတာ့ မန္စီးတီး အသင္း ဟာ ကစားသမား အစံု အလင္ နဲ့ ပြဲထြက္ ကစား ခဲ့ျပီး ပြဲခ်ိန္ 25 စကၠန့္ မွာ ပဲ ကြင္းလယ္ လူ ေဒးဗစ္ ေဆးလ္ဗား ရဲ့ အကြက္ ျမင္ တဲ့ ေခါင္း တုိက္ ေပးပို့ မွဳ က တစ္ဆင့္ အဂူရို ဟာ အဖြင့္ ဂိုး ကို ရယူ ေပးနုိင္ ခဲ့ ပါတယ္ ။

ဒါေပမဲ့ လက္က်န္ မိနစ္ ေတြ မွာ နွစ္ဖက္ အသင္း ဂိုး ရရွိ နုိင္ဖုိ့ ကိုယ္စီ အားထုတ္ ခဲ့ၾက ေပမဲ့ ပထမ ပိုင္း မွာ 1 – 0 နဲ့ သာ ျပီးဆံုး ခဲ့ရ ပါတယ္ ။ ပြဲခ်ိန္ ဒုတိယ ပိုင္း 66 မိနစ္ ေရာက္ရွိ ခဲ့ တဲ့ အခါ မွာ ေတာ့ ေဟဒန္ ရဲ့ ေပးပို့ မွဳ ကို နယူးကာဆယ္ အသင္း ရဲ့ တုိက္စစ္ မွဴး ေဆာ္လ္မြန္ ရြန္ဒြန္ က အမွား အယြင္း မရွိ ဂိုး အျဖစ္ ေျပာင္းလဲ နုိင္ ခဲ့တဲ့ အတြက္ ပြဲစဥ္ ဟာ ပိုမုိ စိတ္ လွဳပ္ရွား ဖြယ္ ေကာင္းမြန္ ခဲ့ ပါတယ္ ။ အဲ့ဒီ ေနာက္ ပြဲခ်ိန္ မိနစ္ 80 မွာ မန္စီးတီး အသင္း ရဲ့ ကြင္းလယ္ လူ ဖာနန္ဒင္ဟို ဟာ ဂိုး ဧရိယာ ထဲ မွာ ျပိဳင္ဖက္ ကြင္းလယ္ လူ ေလာင္းစတပ္ဖ္ ကို ပစ္ဒဏ္ က်ဴးလြန္ ခဲ့ မိတဲ့ အတြက္ နယူးကာဆယ္ တုိ့ ပင္နယ္တီ ရရွိ ခဲ့ၾက ပါတယ္။

အဆုိပါ ပင္နယ္တီ ကို ေတာ့ နယူးကာဆယ္ အသင္း ရဲ့ ကြင္းလယ္ လူ မတ္ ရစ္ခ်ီ က အမွား အယြင္း မရွိ ဂိုး အျဖစ္ ေျပာင္းလဲ နုိင္ ခဲ့တဲ့ အတြက္ စိန့္ ဂ်ိမ့္စ္ ပါ့ခ္ မွ မန္စီးတီး တုိ့ အမွတ္ ဗလာ နဲ့ ထြက္ခြာ ခဲ့ရ ပါတယ္ ။ သို့ေပမဲ့ အဆုိပါ ရွံဳးပြဲ အျပီး မွာ ေတာ့ မန္စီးတီး အသင္း နည္း ျပ ပက္ ဂြာဒီယိုလာ က အမွတ္ေပး ဖလား ဆြတ္ခူး ေရး အတြက္ လက္ မေလ်ာ့ ေသးေၾကာင္း ထုတ္ေဖာ္ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။

” အကယ္လုိ့ လီဗာပူး အနုိင္ ရရွိ ခဲ့ရင္ ရမွတ္ ျခားနား ခ်က္ ေတြ ပိုျပီး မ်ားျပား လာ ပါ လိမ့္မယ္ ။ ဒါေပမဲ့ အခု မွ ဇန္နဝါရီ လ ပဲ ရွိပါ ေသးတယ္ ။ ဧျပီ ၊ ေမ လ ထဲကို ေရာက္ ေနတာ မဟုတ္ ပါဘူး ။ ကစား ရမဲ့ ပြဲစဥ္ ေတြ အမ်ား ၾကီး က်န္ရွိ ေန ပါ ေသးတယ္ ။ က်ြန္ေတာ္ တုိ့ လက္ေလ်ာ့ အရွံဳး မေပး ေသး ပါဘူး ” ” အခု ေတာ့ ပိုျပီး ခက္ခဲ သြားတာ ေပါ့ ဗ်ာ ။ ဒါေပမဲ့ က်ြန္ေတာ္ တုိ့ ဒါ ကို လုပ္ျပ နုိင္ဖုိ့ အတြက္ အခြင့္ အလမ္း ေတြ ေတာ့ ရွိေန ပါ ေသးတယ္ ။ က်ြန္ေတာ္ တုိ့ နုိင္ပြဲ ေတြ ရယူ ၾက ရမယ္ ဆုိတာ သိရွိ ၾက ပါတယ္ ။ ခင္ဗ်ား ဟာ ေနာက္ မွာ ရွိေန ရင္ အမွတ္ ေတြ ဆံုးရွံဳး လို့ မရ ဘူး ေလ ” လို့ ဂြာဒီယိုလာ က ထုတ္ေဖာ္ ေျပာၾကား သြား ခဲ့ျပီး အသင္း သား ေတြ ရဲ့ စြမ္းေဆာင္ ရည္ နဲ့ ပတ္သက္ လို့ … ” ဒါဟာ က်ြန္ေတာ္ တုိ့ ရဲ့ အေကာင္း ဆံုး ပံုစံ မျဖစ္ ခဲ့ ရ ပါဘူး ။ က်ြန္ေတာ္ တုိ့ ဟာ အဖြင့္ ဂိုး ရရွိ ခဲ့ၾက ေပမဲ့ ပြဲစဥ္ တစ္ေလ်ာက္ လံုး အခ်ိတ္ အဆက္ မွန္မွန္ နဲ့ ျပိဳင္ဖက္ ကို ဒုကၡ မေပး နုိင္ခဲ့ ၾက ပါဘူး ။ ဒါ့ေၾကာင့္ အဖြင့္ ဂိုး ေစာေစာ စီးစီး ရရွိ ခဲ့တာ ဟာ က်ြန္ေတာ္ တုိ့ အတြက္ လံုေလာက္ တဲ့ အကူအညီ မျဖစ္ ခဲ့ ရပါ ဘူး ” လို့ ေျပာၾကား သြားခဲ့ လိုက္ ပါတယ္ ။ မန္စီးတီးအသင္း ဟာ ေနာက္တစ္ပါတ္ မွာေတာ့ ပြဲၾကီး ပြဲ ေကာင္း အျဖစ္ ပရီးမီးယား လိဂ္ မွာ ျပိဳင္ဖက္ေကာင္း အာဆင္နယ္ အသင္း နဲ႔ ကစားရမွာပါ။

Unicode


ရှုံးပွဲတွေ့ကြုံခဲ့တဲ့ မန်ချက်စတားစီးတီးအသင်း အမှတ်ပေး ဖလား ဆွတ်ခူးရေးနဲ့ ပတ်သက်လို့လည်း မှတ်ချက် ပေးသွားတဲ့ ဂွာဒီယိုလာ
ဒီနေ့ နံနက် စိန့် ဂျိမ်းစ် ပါ့ခ် မှာ နယူးကာဆယ် အသင်း ကို ရင်ဆိုင် ကစား ခဲ့ ရ တဲ့ ပွဲစဉ် အတွင်း လက်ရှိ ပရီးမီးယား လိဂ် ချန်ပီယံ မန်ချက်စတာ စီးတီး အသင်း ဟာ 2 – 1 ဆိုတဲ့ ရလဒ် နဲ့ အံ့အား သင့် ဖွယ် ရှုံးနိမ့် ခဲ့ရ ပါတယ် ။ အဆိုပါ ပွဲစဉ် မှာ တော့ မန်စီးတီး အသင်း ဟာ ကစားသမား အစုံ အလင် နဲ့ ပွဲထွက် ကစား ခဲ့ပြီး ပွဲချိန် 25 စက္ကန့် မှာ ပဲ ကွင်းလယ် လူ ဒေးဗစ် ဆေးလ်ဗား ရဲ့ အကွက် မြင် တဲ့ ခေါင်း တိုက် ပေးပို့ မှု က တစ်ဆင့် အဂူရို ဟာ အဖွင့် ဂိုး ကို ရယူ ပေးနိုင် ခဲ့ ပါတယ် ။ ဒါပေမဲ့ လက်ကျန် မိနစ် တွေ မှာ နှစ်ဖက် အသင်း ဂိုး ရရှိ နိုင်ဖို့ ကိုယ်စီ အားထုတ် ခဲ့ကြ ပေမဲ့ ပထမ ပိုင်း မှာ 1 – 0 နဲ့ သာ ပြီးဆုံး ခဲ့ရ ပါတယ် ။ ပွဲချိန် ဒုတိယ ပိုင်း 66 မိနစ် ရောက်ရှိ ခဲ့ တဲ့ အခါ မှာ တော့ ဟေဒန် ရဲ့ ပေးပို့ မှု ကို နယူးကာဆယ် အသင်း ရဲ့ တိုက်စစ် မှူး ဆော်လ်မွန် ရွန်ဒွန် က အမှား အယွင်း မရှိ ဂိုး အဖြစ် ပြောင်းလဲ နိုင် ခဲ့တဲ့ အတွက် ပွဲစဉ် ဟာ ပိုမို စိတ် လှုပ်ရှား ဖွယ် ကောင်းမွန် ခဲ့ ပါတယ် ။ အဲ့ဒီ နောက် ပွဲချိန် မိနစ် 80 မှာ မန်စီးတီး အသင်း ရဲ့ ကွင်းလယ် လူ ဖာနန်ဒင်ဟို ဟာ ဂိုး ဧရိယာ ထဲ မှာ ပြိုင်ဖက် ကွင်းလယ် လူ လောင်းစတပ်ဖ် ကို ပစ်ဒဏ် ကျူးလွန် ခဲ့ မိတဲ့ အတွက် နယူးကာဆယ် တို့ ပင်နယ်တီ ရရှိ ခဲ့ကြ ပါတယ် ။ အဆိုပါ ပင်နယ်တီ ကို တော့ နယူးကာဆယ် အသင်း ရဲ့ ကွင်းလယ် လူ မတ် ရစ်ချီ က အမှား အယွင်း မရှိ ဂိုး အဖြစ် ပြောင်းလဲ နိုင် ခဲ့တဲ့ အတွက် စိန့် ဂျိမ့်စ် ပါ့ခ် မှ မန်စီးတီး တို့ အမှတ် ဗလာ နဲ့ ထွက်ခွာ ခဲ့ရ ပါတယ် ။ သို့ပေမဲ့ အဆိုပါ ရှံုးပွဲ အပြီး မှာ တော့ မန်စီးတီး အသင်း နည်း ပြ ပက် ဂွာဒီယိုလာ က အမှတ်ပေး ဖလား ဆွတ်ခူး ရေး အတွက် လက် မလျော့ သေးကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။ ” အကယ်လို့ လီဗာပူး အနိုင် ရရှိ ခဲ့ရင် ရမှတ် ခြားနား ချက် တွေ ပိုပြီး များပြား လာ ပါ လိမ့်မယ် ။ ဒါပေမဲ့ အခု မှ ဇန်နဝါရီ လ ပဲ ရှိပါ သေးတယ် ။ ဧပြီ ၊ မေ လ ထဲကို ရောက် နေတာ မဟုတ် ပါဘူး ။ ကစား ရမဲ့ ပွဲစဉ် တွေ အများ ကြီး ကျန်ရှိ နေ ပါ သေးတယ် ။ ကျွန်တော် တို့ လက်လျော့ အရှံုး မပေး သေး ပါဘူး ” ” အခု တော့ ပိုပြီး ခက်ခဲ သွားတာ ပေါ့ ဗျာ ။ ဒါပေမဲ့ ကျွန်တော် တို့ ဒါ ကို လုပ်ပြ နိုင်ဖို့ အတွက် အခွင့် အလမ်း တွေ တော့ ရှိနေ ပါ သေးတယ် ။ ကျွန်တော် တို့ နိုင်ပွဲ တွေ ရယူ ကြ ရမယ် ဆိုတာ သိရှိ ကြ ပါတယ် ။ ခင်ဗျား ဟာ နောက် မှာ ရှိနေ ရင် အမှတ် တွေ ဆုံးရှံုး လို့ မရ ဘူး လေ ” လို့ ဂွာဒီယိုလာ က ထုတ်ဖော် ပြောကြား သွား ခဲ့ပြီး အသင်း သား တွေ ရဲ့ စွမ်းဆောင် ရည် နဲ့ ပတ်သက် လို့ … ” ဒါဟာ ကျွန်တော် တို့ ရဲ့ အကောင်း ဆုံး ပုံစံ မဖြစ် ခဲ့ ရ ပါဘူး ။ ကျွန်တော် တို့ ဟာ အဖွင့် ဂိုး ရရှိ ခဲ့ကြ ပေမဲ့ ပွဲစဉ် တစ်လျောက် လုံး အချိတ် အဆက် မှန်မှန် နဲ့ ပြိုင်ဖက် ကို ဒုက္ခ မပေး နိုင်ခဲ့ ကြ ပါဘူး ။ ဒါ့ကြောင့် အဖွင့် ဂိုး စောစော စီးစီး ရရှိ ခဲ့တာ ဟာ ကျွန်တော် တို့ အတွက် လုံလောက် တဲ့ အကူအညီ မဖြစ် ခဲ့ ရပါ ဘူး ” လို့ ပြောကြား သွားခဲ့ လိုက် ပါတယ် ။ မန်စီးတီးအသင်း ဟာ နောက်တစ်ပါတ် မှာတော့ ပွဲကြီး ပွဲ ကောင်း အဖြစ် ပရီးမီးယား လိဂ် မှာ ပြိုင်ဖက်ကောင်း အာဆင်နယ် အသင်း နဲ့ ကစားရမှာပါ။