Home » Gallery » Health » ႏွာေခါင္းအတြင္းမွ အေမႊအမွ်င္မ်ားကို ႏႈတ္တတ္သူမ်ား သတိထားသင့္တဲ့ ဆိုးက်ိဳးမ်ား

ႏွာေခါင္းအတြင္းမွ အေမႊအမွ်င္မ်ားကို ႏႈတ္တတ္သူမ်ား သတိထားသင့္တဲ့ ဆိုးက်ိဳးမ်ား

ႏွာေခါင္းအတြင္းမွ အေမႊအမွ်င္မ်ားကို ႏႈတ္တတ္သူမ်ား သတိထားသင့္တဲ့ ဆိုးက်ိဳးမ်ား

<< Zawgyi  ျဖင့္ ဖတ္ရန္ >>

သန္းေပါင္းမ်ားစြာေသာ လူမ်ား သတိမထားမိတဲ့ ေသးငယ္တဲ့အက်င့္ေလးဟာ က်န္းမာေရးအတြက္ အလြန္ထိခိုက္ေသာ ဆိုးက်ိဳးၾကီးမ်ား ျဖစ္လာေစပါတယ္။ မ်က္ႏွာအလယ္တြင္ တည္ရွိေသာ ႏွာေခါင္းဟာ အေရးအၾကီးဆံုးေနရာျဖစ္ျပီး အႏူးညံ့ဆံုးေနရာလည္း ျဖစ္ပါတယ္။ လူမ်ားဟာ ႏွာေခါင္းကို လက္ျဖင့္ႏိႈက္ျခင္း သို႕မဟုတ္ ႏွာေခါင္းအတြင္းရွိ အေမႊးအမွ်င္မ်ားကို ႏႈတ္ျခင္းျဖင့္ အလွအပပိုင္းဆိုင္ရာ သန္႕ရွင္းေရးျပဳလုပ္ၾကပါတယ္။ ႏွာေခါင္းဟာ ခႏၶာကိုယ္ရဲ႕အေရးၾကီးဆံုးအပိုင္းျဖစ္ၿပီး ေန႕စဥ္ အသက္ရႈထုတ္မႈေလေပါင္း ၁၀၀၀၀ လီတာခန္႕ရွိပါတယ္။ ထို႕ေၾကာင့္ ဘက္တီးရီးယားမ်ား ေပါမ်ားစြာျဖစ္လာေစပါတယ္။ သို႕ေပမယ့္ ႏွာေခါင္းေမႊးမ်ားဟာ က်န္းမာေရးအတြက္ လိုအပ္တဲ့အခန္းက႑မ်ားကို ျပဳလုပ္ေပးပါတယ္။ ႏွာေခါင္းေမႊးမ်ားကို ဖယ္ရွားလိုက္တဲ့အခါ ေရာဂါပိုးမ်ားပ်ံ႕ႏွံ႕သြားၿပီး ႏွာေခါင္းအတြင္းရွိ အခၽြဲမ်ားဟာ က်ပ္တည္းမ်ားျပားစြာ ျဖစ္ေပၚလာပါတယ္။

ႏွာေခါင္းတြင္ “ေသဆံုးျခင္းၾတိဂံ” ဆိုၿပီးသတ္မွတ္ၾကပါတယ္။ ႏွာေခါင္းဟာ မ်က္ႏွာေပၚတြင္ အေရးအၾကီးဆံုးေနရာျဖစ္တာေၾကာင့္ အာရံုေၾကာစနစ္မ်ားနဲ႕လည္း သြယ္ဆက္ထားပါတယ္။ ပံုမွန္ေသြးျပန္ေၾကာမ်ားဟာ ေျပာင္းျပန္စီးဆင္းလာတဲ့ေသြးမ်ားကို ဟန္႕တားေပးႏိူင္တဲ့ ေသြးေၾကာအဆို႕ရွင္ရွိေသာ္လည္း ႏွာေခါင္းရွိေသြးျပန္ေၾကာတြင္ အဆို႕ရွင္မရွိေပ။ ထို႕ေၾကာင့္ ႏွာေခါင္းအတြင္း မေတာ္တဆဒဏ္ရာရတဲ့အခါ အႏၱရာယ္ရွိတဲ့အက်ိဳးဆက္မ်ား ေတာက္ေလွ်ာက္ျဖစ္လာေစပါတယ္။

ႏွာေခါင္းအတြင္းသို႕ လက္ျဖင့္ႏိႈက္ျခင္း၊ ထိုးသြင္းျခင္းနဲ႕ ႏွာေခါင္းေမႊးႏႈတ္ျခင္းမ်ားဟာ ေသြးဆို႕ျခင္းမ်ားျဖစ္ေပၚေစပါတယ္။ ႏွာေခါင္းနဲ႕သက္ဆိုင္ေသာ က်န္းမာေရးစာစဥ္ေလးကို ဖတ္ရႈလိုက္ရေသာ စာဖတ္ပရိတ္သတ္မ်ားအေနျဖင့္ က်န္းမာေရးဗဟုသုတရရွိမယ္လို႕ ေမွ်ာ္လင့္ပါတယ္။ က်န္းမာခ်မ္းသာေသာ ဘ၀ေလးကို ပိုင္ဆိုင္ၾကပါေစလို႕ ဇီးကြက္အဖြဲ႕သားမ်ားက ဆုေတာင္းေမတၱာပို႕ပါတယ္။

 

<< Unicode  ဖြင့် ဖတ်ရန် >>

သန်းပေါင်းများစွာသော လူများ သတိမထားမိတဲ့ သေးငယ်တဲ့အကျင့်လေးဟာ ကျန်းမာရေးအတွက် အလွန်ထိခိုက်သော ဆိုးကျိုးကြီးများ ဖြစ်လာစေပါတယ်။ မျက်နှာအလယ်တွင် တည်ရှိသော နှာခေါင်းဟာ အရေးအကြီးဆုံးနေရာဖြစ်ပြီး အနူးညံ့ဆုံးနေရာလည်း ဖြစ်ပါတယ်။ လူများဟာ နှာခေါင်းကို လက်ဖြင့်နှိုက်ခြင်း သို့မဟုတ် နှာခေါင်းအတွင်းရှိ အမွှေးအမျှင်များကို နှုတ်ခြင်းဖြင့် အလှအပပိုင်းဆိုင်ရာ သန့်ရှင်းရေးပြုလုပ်ကြပါတယ်။ နှာခေါင်းဟာ ခန္ဓာကိုယ်ရဲ့အရေးကြီးဆုံးအပိုင်းဖြစ်ပြီး နေ့စဉ် အသက်ရှုထုတ်မှုလေပေါင်း ၁၀၀၀၀ လီတာခန့်ရှိပါတယ်။ ထို့ကြောင့် ဘက်တီးရီးယားများ ပေါများစွာဖြစ်လာစေပါတယ်။ သို့ပေမယ့် နှာခေါင်းမွှေးများဟာ ကျန်းမာရေးအတွက် လိုအပ်တဲ့အခန်းကဏ္ဍများကို ပြုလုပ်ပေးပါတယ်။ နှာခေါင်းမွှေးများကို ဖယ်ရှားလိုက်တဲ့အခါ ရောဂါပိုးများပျံ့နှံ့သွားပြီး နှာခေါင်းအတွင်းရှိ အချွဲများဟာ ကျပ်တည်းများပြားစွာ ဖြစ်ပေါ်လာပါတယ်။

 

နှာခေါင်းတွင် “သေဆုံးခြင်းတြိဂံ” ဆိုပြီးသတ်မှတ်ကြပါတယ်။ နှာခေါင်းဟာ မျက်နှာပေါ်တွင် အရေးအကြီးဆုံးနေရာဖြစ်တာကြောင့် အာရုံကြောစနစ်များနဲ့လည်း သွယ်ဆက်ထားပါတယ်။ ပုံမှန်သွေးပြန်ကြောများဟာ ပြောင်းပြန်စီးဆင်းလာတဲ့သွေးများကို ဟန့်တားပေးနိူင်တဲ့ သွေးကြောအဆို့ရှင်ရှိသော်လည်း နှာခေါင်းရှိသွေးပြန်ကြောတွင် အဆို့ရှင်မရှိပေ။ ထို့ကြောင့် နှာခေါင်းအတွင်း မတော်တဆဒဏ်ရာရတဲ့အခါ အန္တရာယ်ရှိတဲ့အကျိုးဆက်များ တောက်လျှောက်ဖြစ်လာစေပါတယ်။ နှာခေါင်းအတွင်းသို့ လက်ဖြင့်နှိုက်ခြင်း၊ ထိုးသွင်းခြင်းနဲ့ နှာခေါင်းမွှေးနှုတ်ခြင်းများဟာ သွေးဆို့ခြင်းများဖြစ်ပေါ်စေပါတယ်။ နှာခေါင်းနဲ့သက်ဆိုင်သော ကျန်းမာရေးစာစဉ်လေးကို ဖတ်ရှုလိုက်ရသော စာဖတ်ပရိတ်သတ်များအနေဖြင့် ကျန်းမာရေးဗဟုသုတရရှိမယ်လို့ မျှော်လင့်ပါတယ်။ ကျန်းမာချမ်းသာသော ဘဝလေးကို ပိုင်ဆိုင်ကြပါစေလို့ ဇီးကွက်အဖွဲ့သားများက ဆုတောင်းမေတ္တာပို့ပါတယ်။