Home » Knowledge » လက္ကိုၾကည့္ရံုနဲ႕ အမ်ဳိးသားမ်ား၏ ငယ္ပါအရြယ္အစားကို သိရွိႏိုင္ေၾကာင္း ကိုရီးယားဆရာဝန္မ်ားေတြ႔ရွိ

လက္ကိုၾကည့္ရံုနဲ႕ အမ်ဳိးသားမ်ား၏ ငယ္ပါအရြယ္အစားကို သိရွိႏိုင္ေၾကာင္း ကိုရီးယားဆရာဝန္မ်ားေတြ႔ရွိ

လက္ကိုၾကည့္ရံုနဲ႕ အမ်ဳိးသားမ်ား၏ ငယ္ပါအရြယ္အစားကို သိရွိႏိုင္ေၾကာင္း ကိုရီးယားဆရာဝန္မ်ားေတြ႔ရွိ

Zawgyi Font

ေတာင္ကိုရီးယားဆရာဝန္မ်ား၏ သုေတသနအရ လက္ကိုၾကည့္ရံုမွ်ျဖင့္ အမ်ဳိးသားမ်ား၏ လိင္အဂၤါအရြယ္အစားကို သိရွိႏိုင္ေၾကာင္း ေတြ႔ရွိခဲ့ၾကသည္ဟု ဆိုသည္။

Related image

ကိုရီးယားဆရာဝန္တို႔၏ ေတြ႔ရွိခ်က္ကို Asian Journal of Andrology ပါ ေဆာင္းပါးမ်ားကလည္း မွန္ကန္ေၾကာင္း ေထာက္ခံလ်က္ရွိေနၾကသည္။

Related image

လက္ကိုမည္သုိ႔ၾကည့္ရမည္နည္း၊ လက္ဖဝါးအၾကီးအေသးကို ၾကည့္ရႈရျခင္းေလာ။

 

မဟုတ္ပါ။ လက္သူၾကြယ္၏ အလ်ားသည္ လက္ခလယ္ႏွင့္ တူညီသူမ်ားသည္ ေယာက်္ားပီသသူမ်ားျဖစ္သည္ဟု ေတြ႔ရွိခဲ့ၾကသည္။

Image result for know men size looking hand

သုေတသီတို႔၏ ေတြ႔ရွိခ်က္အရ အဆိုပါ လက္အေနအထားႏွင့္ ေယာက်္ားပီသေသာ လိင္အဂၤါတို႔အၾကားတြင္ ဆက္ႏႊယ္မႈၾကီးမားစြာ ရွိေနေၾကာင္း ေတြ႔ရွိခဲ့ၾကျခင္း ျဖစ္သည္။

 

ေတာင္ကိုရီးယား ဆရာဝန္မ်ားသည္ အသက္ ၂၀ ႏွင့္အထက္ အမ်ဳိးသားမ်ားကို တိုင္းထြာေလ့လာခဲ့ၾကျခင္းျဖစ္သည္ဟု ဆိုသည္။

 

ဆရာဝန္မ်ားသည္ အမ်ဳိးသားမ်ား၏ လိင္အဂၤါမ်ားကို လိင္စိတ္ျဖစ္ေပၚေနခ်ိန္ႏွင့္ မျဖစ္ေပၚခ်ိန္ႏွစ္ရပ္လံုးတြင္ တိုင္းတာခဲ့ျပီး လက္ခလယ္ႏွင့္ လက္သူၾကြယ္တု႔ိ၏ အေနအထားမ်ားကိုပါ မွတ္တမ္းတင္ခဲ့ၾကသည္။

Image result for know men size looking hand

၎တို႔၏ ေတြ႔ရွိခ်က္အရ လက္ခလယ္ႏွင့္ လက္သူၾကြယ္အၾကား အကြာအေဝး နည္းပါးေလေလ၊ ေယာက်္ားပီသေလေလျဖစ္သည္ကို ေတြ႔ခဲ့ၾကသည္။

 

ဆရာဝန္တို႔၏ တိုင္းတာခ်က္မ်ားအရ လက္ခလယ္ႏွင့္ လယ္သူၾကြယ္အၾကား ပွ်မ္းမွ် ကြာျခားခ်က္မွာ ၀ ဒသမ ၉၇ စင္တီမီတာျဖစ္သည္ဟု ဆိုသည္။

 

ထိုအကြာအေဝးထက္ပို၍ နီးျခင္း၊ ပို၍ေဝးျခင္းတို႔ကိုၾကည့္ရံုမွ်ျဖင့္ ခန္႔မွန္းႏိုင္မည္ ျဖစ္သည္။

Image result for know men size looking hand

အမ်ဳိးသားမ်ားသည္ မိမိတို႔၏ လိင္အဂၤါအရြယ္အစားႏွင့္ ပတ္သက္ျပီး အမ်ားအားျဖင့္ မေရာင့္ရဲတတ္ၾကေၾကာင္း၊ မိန္းကေလးတို႔အတြက္မူ ယင္းအေၾကာင္းရပ္မွာ အဓိကဟု မယူဆၾကေၾကာင္း၊ တနည္းဆိုလွ်င္ မိမိတို႔ခ်စ္သူ၏ လိင္အဂၤါအရြယ္အစားႏွင့္ ပတ္သက္ျပီး စိတ္မေက်နပ္မႈျဖစ္ေလ့မရွိေၾကာင္း ေလ့လာခ်က္မ်ားစြာတြင္ ေတြ႔ရသည္ဟု ဆိုသည္။

Image result for know men size looking hand

ကယ္လီဖိုးနီးယားျပည္နယ္တကၠသိုလ္၏ ေလ့လာခ်က္အရ ၈၄ ရာခိုင္ႏႈန္းေသာ အမ်ဳိးသမီးမ်ားသည္ မိမိတို႔၏ခ်စ္သူ၊ ခင္ပြန္းအေပၚ စိတ္ေက်နပ္ၾကျပီး၊ ၁၄ ရာခိုင္ႏႈန္းခန္႔သာ ဖြံ႔ျဖိဳးမႈကို ႏွစ္သက္ဆႏၵရွိၾကကာ ၂ ရာခိုင္ႏႈန္းမွာမူ ေသးငယ္မႈကိုသာ လိုလားၾကသည္ဟု ဆိုသည္။

 

အျခားေတြ႔ရွိခ်က္မ်ားမွာ လက္ညိွဳးႏွင့္ လက္သူၾကြယ္ထိပ္မ်ား တစ္တန္းတည္းျဖစ္ေနပါက ဆန္႔က်င္ဘက္လိင္ႏွင့္သာ လိင္ဆက္ဆံရန္ စိတ္ဝင္စားသူျဖစ္ျပီး လက္ညွိဳးမွာ လက္သူၾကြယ္ေအာက္ နိမ့္ေနပါက လိင္တူဆက္ဆံေလ့ရွိၾကသူမ်ားျဖစ္သည္ဟု ဆိုသည္။

 

CREDIT – Yellow Champac (shweinnlay)

 

 

Unicode Font

တောင်ကိုရီးယားဆရာဝန်များ၏ သုတေသနအရ လက်ကိုကြည့်ရုံမျှဖြင့် အမျိုးသားများ၏ လိင်အင်္ဂါအရွယ်အစားကို သိရှိနိုင်ကြောင်း တွေ့ရှိခဲ့ကြသည်ဟု ဆိုသည်။

 

ကိုရီးယားဆရာဝန်တို့၏ တွေ့ရှိချက်ကို Asian Journal of Andrology ပါ ဆောင်းပါးများကလည်း မှန်ကန်ကြောင်း ထောက်ခံလျက်ရှိနေကြသည်။

 

လက်ကိုမည်သို့ကြည့်ရမည်နည်း၊ လက်ဖဝါးအကြီးအသေးကို ကြည့်ရှုရခြင်းလော။

 

မဟုတ်ပါ။ လက်သူကြွယ်၏ အလျားသည် လက်ခလယ်နှင့် တူညီသူများသည် ယောကျ်ားပီသသူများဖြစ်သည်ဟု တွေ့ရှိခဲ့ကြသည်။

 

သုတေသီတို့၏ တွေ့ရှိချက်အရ အဆိုပါ လက်အနေအထားနှင့် ယောကျ်ားပီသသော လိင်အင်္ဂါတို့အကြားတွင် ဆက်နွှယ်မှုကြီးမားစွာ ရှိနေကြောင်း တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။

 

တောင်ကိုရီးယား ဆရာဝန်များသည် အသက် ၂၀ နှင့်အထက် အမျိုးသားများကို တိုင်းထွာလေ့လာခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။

 

 

 

ဆရာဝန်များသည် အမျိုးသားများ၏ လိင်အင်္ဂါများကို လိင်စိတ်ဖြစ်ပေါ်နေချိန်နှင့် မဖြစ်ပေါ်ချိန်နှစ်ရပ်လုံးတွင် တိုင်းတာခဲ့ပြီး လက်ခလယ်နှင့် လက်သူကြွယ်တို့၏ အနေအထားများကိုပါ မှတ်တမ်းတင်ခဲ့ကြသည်။

 

၎င်းတို့၏ တွေ့ရှိချက်အရ လက်ခလယ်နှင့် လက်သူကြွယ်အကြား အကွာအဝေး နည်းပါးလေလေ၊ ယောကျ်ားပီသလေလေဖြစ်သည်ကို တွေ့ခဲ့ကြသည်။

 

ဆရာဝန်တို့၏ တိုင်းတာချက်များအရ လက်ခလယ်နှင့် လယ်သူကြွယ်အကြား ပျှမ်းမျှ ကွာခြားချက်မှာ ၀ ဒသမ ၉၇ စင်တီမီတာဖြစ်သည်ဟု ဆိုသည်။

 

ထိုအကွာအဝေးထက်ပို၍ နီးခြင်း၊ ပို၍ဝေးခြင်းတို့ကိုကြည့်ရုံမျှဖြင့် ခန့်မှန်းနိုင်မည် ဖြစ်သည်။

 

အမျိုးသားများသည် မိမိတို့၏ လိင်အင်္ဂါအရွယ်အစားနှင့် ပတ်သက်ပြီး အများအားဖြင့် မရောင့်ရဲတတ်ကြကြောင်း၊ မိန်းကလေးတို့အတွက်မူ ယင်းအကြောင်းရပ်မှာ အဓိကဟု မယူဆကြကြောင်း၊ တနည်းဆိုလျှင် မိမိတို့ချစ်သူ၏ လိင်အင်္ဂါအရွယ်အစားနှင့် ပတ်သက်ပြီး စိတ်မကျေနပ်မှုဖြစ်လေ့မရှိကြောင်း လေ့လာချက်များစွာတွင် တွေ့ရသည်ဟု ဆိုသည်။

 

ကယ်လီဖိုးနီးယားပြည်နယ်တက္ကသိုလ်၏ လေ့လာချက်အရ ၈၄ ရာခိုင်နှုန်းသော အမျိုးသမီးများသည် မိမိတို့၏ချစ်သူ၊ ခင်ပွန်းအပေါ် စိတ်ကျေနပ်ကြပြီး၊ ၁၄ ရာခိုင်နှုန်းခန့်သာ ဖွံ့ဖြိုးမှုကို နှစ်သက်ဆန္ဒရှိကြကာ ၂ ရာခိုင်နှုန်းမှာမူ သေးငယ်မှုကိုသာ လိုလားကြသည်ဟု ဆိုသည်။

 

အခြားတွေ့ရှိချက်များမှာ လက်ညှိုးနှင့် လက်သူကြွယ်ထိပ်များ တစ်တန်းတည်းဖြစ်နေပါက ဆန့်ကျင်ဘက်လိင်နှင့်သာ လိင်ဆက်ဆံရန် စိတ်ဝင်စားသူဖြစ်ပြီး လက်ညှိုးမှာ လက်သူကြွယ်အောက် နိမ့်နေပါက လိင်တူဆက်ဆံလေ့ရှိကြသူများဖြစ်သည်ဟု ဆိုသည်။

 

CREDIT – Yellow Champac (shweinnlay)