Home » Celebrity News » ချစ်သူများနေ့မှာ ဖြစ်ထိုက်တဲ့ တကယ့်ယောက်ျားကောင်းအစစ် အကြောင်းကို ပြောလာတဲ့ အေးမြတ်သူ
Source – Aye Myat Thu
Unicode
ချစ်သူများနေ့မှာ ဖြစ်ထိုက်တဲ့ တကယ့်ယောက်ျားကောင်းအစစ် အကြောင်းကို ပြောလာတဲ့ အေးမြတ်သူ
မြန်မာနုင်ငံ ပရိတ်သတ်တွေအခိုင်အမာ ရရှိထားတဲ့ ပါးချိုင့်မင်းသမီးလေးအဖြစ် ပရိသတ်တွေရဲ့ရင်ထဲမှာနေရာ ယူစိုးမိုးထားနိုင်လွန်းတဲ့ နာမည်ကျော် သရုပ်ဆောင် မင်းသမီး ချောအေးမြတ်သူ ကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့အတူ ပရိသတ်တွေ အားကျချစ်ခင်နေရသူလေးပဲ ဖြစ်ပါတယ်။ သူမရဲ့ပီပြင်တဲ့ သရုပ်ဆောင် မှု တွေအပြင် သူမရယ်လိုက်ရင် အားလုံးကိုအချစ်ပိုစေတဲ့ပါးချိုင့်လေးနဲ့ အချိုးအစားကျပြီး ဆွဲဆောင်မှု ရှိတဲ့ ခန္ဓာကောက်ကြောင်းအလှတို့ကလည်း ပရိသတ်တွေကို အမြဲဖမ်းစားထားတာပါပဲ..။ အသက် (၃၀) ကျော် အပျိုကြီး တစ်ယောက်ဖြစ်နေပြီမို့ပရိသတ်တွေကလည်း အေးမြတ်သူရဲ့အချစ်ရေးကို စိတ်ဝင်စားနေကြပါပြီ ။ ဗယ်လင်တိုင်းဒေးနေ့အတွက် Ro စရာမလိုဘူး သစ္စာရှိဖို့ပဲလိုတယ်လို့ သူမ ကပြောပြခဲ့ပါတယ် ။ ပရိသတ်တွေ ကိုလည်း ချစ်သူများနေ့မှာ ချစ်သူကအ ဝေးရောက်နေလို့ ပန်းစည်းမရလို့ ချောကလက်မစားရလို့ဆိုပြီး ဘယ် တော့ မှ စိတ်မဆိုးကြပါနဲ့ ရန်ဖြစ်စရာကိစ္စလည်းမဟုတ်ဘူး ကိုယ့်ကို ဟိုတယ်မခေါ်သွားရင် တော်တော် အဆင် ပြေ နေပြီလို့ အေးမြတ်သူက ပြောပြခဲ့ပါတယ် ။ ချစ်သူများနေ့မှာ ကိုယ့်ကိုဟိုတယ်မခေါ်သွားတဲ့သူက တကယ့် ယောက်ျားကောင်းအစစ်ပါ။ သူကကိုယ့်ကိုစောင့်ရှောက်ချင်တာ အခွင့်ရေးယူချင်တာမဟုတ်ဘူး လို့ သူမရဲ့အမြင်ကို ပရိသတ်တွေကို မျှဝေပေးခဲ့ပါတယ် ။ ကဲ ချစ်ပရိတ်သတ်ကြီးရဲ့ အမြင်လေးလည်း ပြောခဲ့အုံးနော် တကယ့်ယောကျ်ား အစစ်ဆိုတာ ဘယ်လိုမျိုးလဲ……………….။
Source – Aye Myat Thu