Home » Celebrity News » သူငယ်ချင်းဖြစ်သူ နေခြည်ဦးသီလရှင်ဝတ်နေတဲ့အချိန် နေခြည်ဦးကိုယ်စား ဆုလက်ခံရယူခဲ့တဲ့ အိချောပို








Unicode


သူငယ်ချင်းဖြစ်သူ နေခြည်ဦးသီလရှင်ဝတ်နေတဲ့အချိန် နေခြည်ဦးကိုယ်စား ဆုလက်ခံရယူခဲ့တဲ့ အိချောပို
ပရိသတ်ကြီး ရေဖေဖော်ဝါရီလ(၁)ရက်နေ့ညက ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်ခဲ့တဲ့ Pride of Myanmar Awards ဆုပေးပွဲကြီးကိုတော့ သရုပ်ဆောင်မင်းသမီးချောလေး အိချောပိုကလည်း တက် ရောက်ခဲ့ပါတယ်..။ ကမ္ဘာကလေးစားရတဲ့ နယ်ပယ်အသီးသီးက ထူးချွန်တဲ့ပညာရှင်တွေကို ရွေးချယ်ပြီး ဆုချီးမြှင့်တဲ့ Pride of Myanmar Awards 2018 ဆုပေးပွဲကြီးမှာ စူစူလေးက အခမ်း အနား ပွဲတက်ရင်း ဂုဏ်ပြုဆုကို လက်ခံရယူခဲ့တာပဲ ဖြစ်ပါတယ်..။ အဆိုပါဂုဏ်ပြုဆုချီးမြှင့်ပွဲ လေးမှာတော့ မြန်မာနိုင်ငံက အနုပညာရှင်သုံးဖြစ်တဲ့ အိန္ဒြာကျော်ဇင်၊ မေမြတ်နိုးနဲ့ နေခြည်ဦးတို့က အသီးသီး ဂုဏ်ပြုဆုချီးမြှင့်ခံခဲ့ရတာဖြစ်ကာ လတ်တလောမှာ သီလရှင်ဝတ်နေတာမို့ အခမ်းအနားပွဲ မတက်ရောက်နိုင်တဲ့ နေခြည်ဦးကိုယ်စား စူစူလေးက ဆုလက်ခံ ရယူပေးခဲ့တာ တွေ့ရပါတယ်..။ စူစူလေးကတော့ အခမ်းအနားပွဲတက်ရောက်ရင်း ” မျက်မှောက်ခေတ် အလှအပရေးရာတွင် အောင်မြင်နေသော စံပြအမျိုးသမီး၊ လူမှုဆက်ဆံရေး မီဒီယာတွင် လူသိများ ထင်ရှားသူ၊ အမျှော်အမြင်ရှိသော စီးပွားရေးလုပ်ငန်းရှင် ကမ္ဘာကလေးစားရသော မြန်မာပြည်ဖွား” အဖြစ် ဆုချီးမြှင့်ခြင်းခံခဲ့ရတဲ့ နေခြည်ဦးကိုယ်စား ဆုလက်ခံရယူပေးခဲ့တာ ဖြစ်ပါတယ်..။ ဂုဏ်ပြုဆုကို ကိုယ်စားလက်ခံယူပေးရင်း အခမ်းအနားပွဲတက်ရောက်လာခဲ့တဲ့ စူစူလေးကတော့ တုနှိုင်းမရလောက်အောင် ကျက်သရေရှိလွန်းတဲ့ မဟာဆန်မှုတွေနဲ့ မြန်မာဖက်ရှင်လေးဝတ်စုံလေးကို ဆင်မြန်းပြီး လှသွေးကြွယ်ကာ ပွဲတက်ရောက်ခဲ့တာ တွေ့ရပါတယ်နော်..။စူစူလေးရဲ့ အခမ်းအနားပွဲတက်ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။