Home » Celebrity News » သမီးရွင္ေလးနဲ႔ ႀကိဳေတြ႕ထားတာ ဆိုတဲ့ နန္းျမတ္ၿဖိဳးသင္း

သမီးရွင္ေလးနဲ႔ ႀကိဳေတြ႕ထားတာ ဆိုတဲ့ နန္းျမတ္ၿဖိဳးသင္း

သမီးရွင္ေလးနဲ႔ ႀကိဳေတြ႕ထားတာ ဆိုတဲ့ နန္းျမတ္ၿဖိဳးသင္း

Zawgyi Font

သားရွင္ေလးျဖစ္တဲ့ သရုပ္ေဆာင္ နန္းျမတ္ၿဖိဳးသင္းတို႕ ဇနီးေမာင္ႏွံႏွင့္ သမီးရွင္ေလးျဖစ္တဲ့ အဆိုေတာ္ စႏၵီျမင့္လြင္တို႕ ဇနီးေမာင္ႏွံတို႕ႏွစ္ဦး ေတြ႕ဆံုၿပီး ညစာစားကာ ရင္ေသြးေလးမ်ားအေၾကာင္းေျပာရင္း ေပ်ာ္ရႊင္စြာ ျဖတ္သန္းခဲ့ၾကတာ ျဖစ္ပါတယ္။

Image may contain: 4 people, people smiling, people sitting, food and indoor

ဓာတ္ပံု နန္းျမတ္ၿဖိဳးသင္း

ရင္ေသြးေလးမ်ားကို ကိုယ္စီလြယ္ထားၾကတဲ့ မိခင္ေလာင္းမ်ားျဖစ္ၾကတဲ့ နန္းျမတ္ၿဖိဳးသင္းနဲ႕ စႏၵီျမင့္လြင္တုိ႕ရဲ႕ ေတြ႕ဆံုမႈေလးကို “သမီးရွင္ေလးနဲ႔ ႀကိဳေတြ႕ထားတာ” ဆိုၿပီး နန္းျမတ္ၿဖိဳးသင္းဟာ ေဖေဖာ္၀ါရီလ (၈) ရက္ေန႕က သူမရဲ႕ေဖ့စ္ဘြတ္တြင္ ေရးသားခဲ့တာ ျဖစ္ပါတယ္။

Image may contain: 2 people, people smiling, people standing and closeup

ဓာတ္ပံု နန္းျမတ္ၿဖိဳးသင္း

နန္းျမတ္ရဲ႕ ကိုယ္၀န္ကေတာ့ (၆) လေက်ာ္ထဲကို ေရာက္ေနၿပီျဖစ္ၿပီး သူမ လိုခ်င္တဲ့ သားေလးကို လြယ္ထားရတာ ျဖစ္ပါတယ္။ စႏၵီျမင့္လြင္ရဲ႕ ကိုယ္၀န္ကေတာ့ (၄) လနီးပါး ရွိေနၿပီျဖစ္ၿပီး သမီးေလးကို လြယ္ထားရတာ ျဖစ္ပါတယ္။

Image may contain: 2 people, people smiling

ဓာတ္ပံု နန္းျမတ္ၿဖိဳးသင္း

ရင္ေသြးေလးမ်ားကို လြယ္ထားၾကတဲ့ သူတုိ႕ႏွစ္ဦးဟာ အႏုပညာလုပ္ငန္းမ်ားကို ခဏေလာက္နားထားတာ ျဖစ္ပါတယ္။ နန္းျမတ္ကေတာ့ သားေလးကို Jack Jack လို႕ ခ်စ္စႏိုးေလး နာမည္ေပးထားၿပီး သားဦးေလးကို ဧၿပီလထဲမွာ ေမြးဖြားဖို႕ စီစဥ္ထားပါတယ္။

Image may contain: one or more people and people standing

ဓာတ္ပံု နန္းျမတ္ၿဖိဳးသင္း

နန္းျမတ္ဟာ လက္ရွိမွာေတာ့ အႏုပညာလုပ္ငန္းမ်ား ခဏနားထားၿပီး ကုသိုလ္ေကာင္းမႈေလးမ်ားကို လုပ္ျဖစ္ေနသလို က်န္းမာေရးေကာင္းမြန္ေအာင္ ေနထိုင္ေနတယ္လို႕ ဆိုခဲ့ပါတယ္။

 

 

Unicode Font
သားရှင်လေးဖြစ်တဲ့ သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းတို့ ဇနီးမောင်နှံနှင့် သမီးရှင်လေးဖြစ်တဲ့ အဆိုတော် စန္ဒီမြင့်လွင်တို့ ဇနီးမောင်နှံတို့နှစ်ဦး တွေ့ဆုံပြီး ညစာစားကာ ရင်သွေးလေးများအကြောင်းပြောရင်း ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြတာ ဖြစ်ပါတယ်။

 

ရင်သွေးလေးများကို ကိုယ်စီလွယ်ထားကြတဲ့ မိခင်လောင်းများဖြစ်ကြတဲ့ နန်းမြတ်ဖြိုးသင်းနဲ့ စန္ဒီမြင့်လွင်တို့ရဲ့ တွေ့ဆုံမှုလေးကို “သမီးရှင်လေးနဲ့ ကြိုတွေ့ထားတာ” ဆိုပြီး နန်းမြတ်ဖြိုးသင်းဟာ ဖေဖော်ဝါရီလ (၈) ရက်နေ့က သူမရဲ့ဖေ့စ်ဘွတ်တွင် ရေးသားခဲ့တာ ဖြစ်ပါတယ်။

 

နန်းမြတ်ရဲ့ ကိုယ်ဝန်ကတော့ (၆) လကျော်ထဲကို ရောက်နေပြီဖြစ်ပြီး သူမ လိုချင်တဲ့ သားလေးကို လွယ်ထားရတာ ဖြစ်ပါတယ်။ စန္ဒီမြင့်လွင်ရဲ့ ကိုယ်ဝန်ကတော့ (၄) လနီးပါး ရှိနေပြီဖြစ်ပြီး သမီးလေးကို လွယ်ထားရတာ ဖြစ်ပါတယ်။

 

ရင်သွေးလေးများကို လွယ်ထားကြတဲ့ သူတို့နှစ်ဦးဟာ အနုပညာလုပ်ငန်းများကို ခဏလောက်နားထားတာ ဖြစ်ပါတယ်။ နန်းမြတ်ကတော့ သားလေးကို Jack Jack လို့ ချစ်စနိုးလေး နာမည်ပေးထားပြီး သားဦးလေးကို ဧပြီလထဲမှာ မွေးဖွားဖို့ စီစဉ်ထားပါတယ်။

 

နန်းမြတ်ဟာ လက်ရှိမှာတော့ အနုပညာလုပ်ငန်းများ ခဏနားထားပြီး ကုသိုလ်ကောင်းမှုလေးများကို လုပ်ဖြစ်နေသလို ကျန်းမာရေးကောင်းမွန်အောင် နေထိုင်နေတယ်လို့ ဆိုခဲ့ပါတယ်။