Home » Gallery » Health » အသည်းကင်ဆာဖြစ်ပွားမှုကို တားဆီးပေးနိုင်တဲ့ ကော်ဖီကို နေ့တိုင်းသောက်သင့်တဲ့ အကြောင်းရင်းကိုဖော်ပြလိုက်ပါတယ်…

အသည်းကင်ဆာဖြစ်ပွားမှုကို တားဆီးပေးနိုင်တဲ့ ကော်ဖီကို နေ့တိုင်းသောက်သင့်တဲ့ အကြောင်းရင်းကိုဖော်ပြလိုက်ပါတယ်…

အသည်းကင်ဆာဖြစ်ပွားမှုကို တားဆီးပေးနိုင်တဲ့ ကော်ဖီကို နေ့တိုင်းသောက်သင့်တဲ့ အကြောင်းရင်းကိုဖော်ပြလိုက်ပါတယ်…

<<< Zawgyi ဖြင့်ဖတ်ရန် >>>

တစ်နေ့ကို ကော်ဖီ တစ်ခွက်သောက်ပေးသင့်ပါတယ်။ ကော်ဖီသောက်တာ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိလဲဆိုတာ မျှဝေပေးလိုက်ပါတယ်။

ဦးနှောက်စွမ်းဆောင်ရည်ကို တိုးတက်စေပါတယ်။

ကော်ဖီသောက်တာဟာ မှတ်ဥာဏ်အားကောင်းစေပြီး ဦးနှောက်ကို ကျန်းမာစေပါတယ်။  အယ်လ်ဇိုင်းမားလ် ရောဂါဖြစ်ပွားမှုကို ဟန့်တားနိုင်ပါတယ်။

စွမ်းအင်တိုးစေပါတယ်။

ကော်ဖီဟာ တစ်နေ့တာလုံးအတွက်လုံလောက်တဲ့ စွမ်းအင်ပမာဏကို မြင့်တင်ပေးပါတယ်။   အိပ်ချင်နေရင်တောင် ကော်ဖီတစ်ခွက်သောက်လိုက်တာနဲ့ အိပ်ချင်ပြေပြီး တက်တက်ကြွကြွ လန်းဆန်းစေပါတယ်။

စိတ်ဖိစီးမှု ပြေပျောက်စေပါတယ်။

ကော်ဖီကိုသောက်တာဖြစ်ဖြစ် မသောက်တာပဲဖြစ်ဖြစ် ကော်ဖီရဲ့ ရနံ့သင်းသင်းလေးက စိတ်ကို လန်းဆန်စေပါတယ်။

ပျော်ရွှင်စေပါတယ်။

ကော်ဖီကိုသောက်တဲ့သူတွေဟာ ပျော်ရွှင်ကြပါတယ်။ ကော်ဖီမှာ စိတ်ခံစားမှု မကောင်းတာကို  ဆန့်ကျင်တိုက်ခိုက်ပေးတဲ့ ဂုဏ်သတ္တိတွေပါဝင်ပြီး စိတ်ကျရောဂါကို ကုသပေးနိုင်ပါတယ်။

Antioxidant ပါဝင်တယ်။

Antioxidant က ဆဲလ်တွေ ပျက်ဆီးတာကို တားဆီးပေးပြီး အိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်ပါတယ်။  ဒါ့အပြင် ဗိုင်းရပ်ပိုးတွေ  ၀င်ရောက်ခြင်းကနေလည်း ကာကွယ်ပေးပါတယ်။ အသီးအရွက်တွေမှာထက် ကော်ဖီမှာ Antioxidant ပါဝင်မှုပိုများပါတယ်။

အသည်းကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

ကော်ဖီက အသည်းပျက်ဆီးမှုကို ကာကွယ်ပေးပါတယ်။ အသည်းရောဂါနဲ့   အသည်းကင်ဆာ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။  လေ့လာတွေ့ရှိမှုအရ အသက် ၂၂ နှစ်နဲ့အထက် တစ်နေ့ကို ကော်ဖီ အနည်းဆုံး ၁ ခွက်သောက်သုံးသူတွေဟာ ကင်ဆာရောဂါဖြစ်ပွားမှု ၂၀ % ထိရော့နည်းနေကြောင်း  တွေ့ရှိခဲ့ပါတယ်။



 














Ref : foodhealth