Home » Gallery » Health » ကြိုးစားစရာမလိုပဲ အမြန်ဆုံး ပိန်သွားစေမယ့် အလေ့အထကောင်းများကို သိထားသင့်ပါတယ်…

ကြိုးစားစရာမလိုပဲ အမြန်ဆုံး ပိန်သွားစေမယ့် အလေ့အထကောင်းများကို သိထားသင့်ပါတယ်…

ကြိုးစားစရာမလိုပဲ အမြန်ဆုံး ပိန်သွားစေမယ့် အလေ့အထကောင်းများကို သိထားသင့်ပါတယ်…

<<< Zawgyi ဖြင့်ဖတ်ရန်>>>

ဝိတ်ကျဖို့၊ ပိန်ဖို့အတွက် အများကြီး ကြိုးစားနေရတယ်၊ ပင်ပန်းတယ်လို့ ခံစားရရင်မဟုတ်သေးပါဘူး။  ဘာကြောင့်လဲဆိုတော့ ဝိတ်ကျဖို့အတွက် အများကြီးအပင်ပန်းခံစရာမလိုတဲ့ အလေ့အထကောင်းလေးတွေ ရှိနေလို့ပါ။ ဒီနည်းလမ်းလေးတွေအတိုင်း လိုက်လုပ်ပေးလိုက်ရင် အချိန်တိုအတွင်းပိန်သွားတာကို တွေ့ရမှာပါ။

(၁) အပြာရောင်ပန်းကန်ကိုအသုံးပြုပါ။

သုတေသနတစ်ခုမှာ ဖော်ပြထားတာက အပြာရောင်ဟာ အစားစားချင်စိတ်ကိုလျော့နည်းစေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် သင့်ရဲ့ ထမင်းစားစားပွဲ၊ ခန်းဆီးလိုက်ကာ၊ ခွက်၊ လက်သုတ်ပုဝါတွေကို အပြာရောင်  ပြောင်းကြည့်လိုက်ပါ။ ဒီနည်းလမ်းကို အရောင်ပိုင်းဆိုင်ရာ စိတ်ပညာလို့ခေါ်ပြီး တစ်ချို့အရောင်တွေက အစား စားချင်စိတ်ကို လျော့နည်းစေသလို၊ တစ်ချို့အရောင်တွေက အစား စားချင်စိတ်ကို မြင့်တက်စေပါတယ်။

(၂) အကောင်းမြင်စိတ်ထားပါ။

အကောင်းမြင်စိတ်ဟာ ခန္ဓာကိုယ်ကိုအများကြီး အကျိုးသက်ရောက်ပါတယ်။ ဥပမာ- ငါဒီနေ့ ထမင်း တစ်ပန်းကန်ပဲစားတယ်၊ ငါတစ်ပေါင်ကျသွားတယ်၊ သရေစာတွေ လျှော့စားနိုင်ခဲ့တယ် ဒီလိုမျိုးလေးတွေကို  တွေးပေးပါ။ နောက်ပြီး သင့်ရဲ့ပန်းတိုင်ကို အာရုံစိုက်ကာ ဖြေးဖြေးချင်းကြိုးစားလိုက်ပါ။ ဒါဆိုရင်တော့ ပန်းတိုင်  ကိုလျင်မြန်စွာရောက်ရှိတာကို တွေ့ရမှာပါ။

(၃) နာရီဝက်လေ့ကျင့်ခန်းလုပ်ပေးပါ။

အစားအသောက် ဆင်ခြင်တာ အရမ်းကောင်းပါတယ်၊ ဒါပေမယ့် ခန္ဓာကိုယ်လှုပ်ရှားမှုရှိမှသာ ကျန်းမာ ကြံ့ခိုင်လာမှာ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းအတွက် အချိန်အများကြီးပေးစရာမလိုပါဘူး။ ကိရိယာလွတ် လေ့ကျင့် ခန်းလေးတွေကို တစ်နေ့ နာရီဝက် ပုံမှန်လုပ်ပေးရင် လုံလောက်ပါပြီ။

(၄) ဖြေးဖြေးစားပါ၊ တစ်ယောက်တည်းစားပါ။

မြန်မြန်စားခြင်းဟာ မကောင်းတဲ့အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။ သင့်ဦး နှောက်က တော်ပြီလို့ အချ က်မပြခင်မှာ သင်ကလိုတာထက် ပိုစားမိပြီ ဖြစ်လို့ပါ။ နောက်ပြီး သူငယ်ချင်းတွေနဲ့ စားတဲ့အခါမှာ လိုတာထ  က်ပိုပြီး စားမိတတ်ကြပါတယ်။ ဒါကြောင့်မို့လို့ အစားအသောက် စားတဲ့အခါ ဖြေးဖြေးချင်းစားပါ၊ တစ်ယော က်တည်းစားပါ။











Ref : ba-bamail