Home » Gallery » Health » လူသိများပေမယ့် လွဲမှားနေတဲ့ ဝက်ခြံရဲ့အကြောင်းများကို ဒီတစ်ခါတော့ ဖော်ပြလိုက်ပါတယ်…

လူသိများပေမယ့် လွဲမှားနေတဲ့ ဝက်ခြံရဲ့အကြောင်းများကို ဒီတစ်ခါတော့ ဖော်ပြလိုက်ပါတယ်…

လူသိများပေမယ့် လွဲမှားနေတဲ့ ဝက်ခြံရဲ့အကြောင်းများကို ဒီတစ်ခါတော့ ဖော်ပြလိုက်ပါတယ်…

<<< Zawgyi ဖြင့်ဖတ်ရန် >>>

ဝက်ခြံတွေ ထွက်လာပြီဆိုတာနဲ့ ခံစားရတဲ့ စိုးရိမ်သောကဟာ ဘာနဲ့မတူတဲ့အကြောင်း ၀က်ခြံပေါက် ဖူးတဲ့ ပျိုမေတိုင်း သိကြမှာပါ။ ဒီအခါမှာ ပျောက်ချင်ဇောနဲ့ ဟိုလူ ဒီလူ လက်တို့သမျှ၊ လမ်းညွှန်သမျှ နည်းလမ်း တိုင်းကို လိုက်လုပ်မိလို့ ပိုဆိုးသွားတာတွေလည်း ဖြစ်ဖူးကြပါလိမ့်မယ်။ ပျိုမေတို့ရဲ့ ၀က်ခြံတွေကို ပိုဆိုးစေတဲ့အ ကြောင်းရင်းကတော့ ၀က်ခြံနဲ့ ပတ်သက်တဲ့ အယူအဆအမှားလေးတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဘယ်လိုအယူအ ဆအမှားလေးတွေက ပျိုမေတို့ရဲ့ လှတစ်မျက်နှာလေးကို ဖျက်ဆီးတတ်သလည်းဆိုတာ ဖော်ပြပေးလိုက်ပါတ ယ်နော်။

ဝက်ခြံဟာ အစားအသောက်နဲ့ မဆိုင်ဘူးလို့ ယူဆခြင်း။

ဝက်ခြံဟာ နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေနဲ့ မသက်ဆိုင်ဘူးဆိုတဲ့ အယူအဆဟာ မှားယွင်း ပါတယ်။ ကျွန်မတို့ရဲ့ ခန္ဓာကိုယ်ဟာ နေ့စဉ် ကျွန်မတို့စားသုံးနေတဲ့ အစားအစာတွေရဲ့ ရောင်ပြန်ဟပ်မှုတစ်ခုလို့ ပြောလို့ရပါတယ်။ ၀က်ခြံပေါက်တဲ့ အသားအရေပိုင်ရှင်တွေအနေနဲ့ အစားအသောက်ကို သေသေချာချာ ဂရုစို က်သင့်ပါတယ်။ အသား၊ ငါး၊ အသီးအရွက်တွေကို အချိုးညီညီ မျှတအောင် စားသောက်သင့်ပြီး ရေကိုလည်း လုံလောက်အောင် သောက်သုံးသင့်ပါတယ်။ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို အလွန်အကျွံ စားသောက်တာ၊ အချိုေ တွ စားလွန်းတာဟာ ၀က်ခြံကို ပိုလို့ဆိုးဝါးစေတယ်ဆိုတာ သတိပြုသင့်ပါတယ်။

ဝက်ခြံပေါ်မှာ သွားတိုက်ဆေးအုံခြင်း။

အခုနောက်ပိုင်း ပျိုမေတို့ကြားမှာ ခေတ်စားနေတဲ့ တစ်ခုကတော့ ၀က်ခြံပေါ်ကို သွားတိုက်ဆေးအုံထား လိုက်ရင် ၀က်ခြံဖုက ပိန်ပြီးချပ်သွားတယ်ဆိုတဲ့ အယူအဆပဲ ဖြစ်ပါတယ်။ တကယ်တမ်းမှာ ဒီအယူအဆဟာလ ည်း မှားယွင်းနေပါတယ်။ သွားတိုက်ဆေးဟာ မျက်နှာအသားအရေအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတာ မဟုတ်လို့ သုံးဖို့မသင့်တော်ပါဘူး။ သွားတိုက်ဆေးရဲ့ ပြင်းရှတဲ့အရှိန်ကြောင့် အသားအရေကို နီရဲရောင်ကိုင်းစေ ပြီး တစ်ခါတစ်ရံမှာ အသားလောင်သွားတာမျိုးအထိ ဖြစ်နိုင်ပါတယ်။

မိမိဘာသာ ၀က်ခြံညှစ်ခြင်း။

ဝက်ခြံဖြစ်လာရင် မညှစ်ရ၊ မဆွရဆိုတဲ့ သတိပေးစကားတွေကို ကြားဖူးမှာပါ။ ၀က်ခြံဟာ မသန့်ရှင်းတဲ့ ဘက်တီးရီးယားတွေကြောင့် ပေါက်တာဖြစ်တဲ့အတွက် အရာဝတ္ထုတိုင်းကို ကိုင်တွယ်နေတဲ့ လက်နဲ့ကိုင်တွယ် တာ၊ ညှစ်တာတွေလုပ်ရင် ပိုးဝင်ပြီး ပိုဆိုးသွားတတ်ပါတယ်။ တကယ်လို့ မနေနိုင်ဘူးဆိုရင်လည်း အလှအပဆို င်ရာ ပညာရှင်တွေနဲ့ တိုင်ပင်ညှိနှိုင်းပြီး ကျွမ်းကျင်သူတွေနဲ့ စနစ်တကျ ညှစ်သင့်ပါတယ်။

Scrub များများလုပ်ခြင်း။

နောက်ထပ်တစ်ခုကတော့ Scrub နိုင်နိုင်လုပ်ရင် ၀က်ခြံတွေ ပျောက်တယ်ဆိုတဲ့ အယူအဆပါပဲ။ ၀က်ခြံပေါက်တဲ့ အသားအရေဟာ အင်မတန်မှ ယုယညင်သာရပါတယ်။ Scrub များများလုပ်မယ်ဆိုရင် ထင်မထားတဲ့ အခြေအနေအထိ ဆိုးဝါးတဲ့ အသားအရေမျိုး ဖြစ်သွားတတ်ပါတယ်။ တန်ဆေး လွန်ဘေးဆိုတဲ့ စကားလေးကို အမြဲတမ်း သတိပြုဖို့ လိုပါတယ်နော် ပျိုမေတို့ရေ။











Ref : Beautytips