Home » Gallery » Health » ကင်ဆာရောဂါကို ကာကွယ်ပေး နိုင်ပါတဲ့ အသီးကို ဖော်ပြလိုက်ပါတယ်။

ကင်ဆာရောဂါကို ကာကွယ်ပေး နိုင်ပါတဲ့ အသီးကို ဖော်ပြလိုက်ပါတယ်။

ကင်ဆာရောဂါကို ကာကွယ်ပေး နိုင်ပါတဲ့ အသီးကို ဖော်ပြလိုက်ပါတယ်။

<<< Zawgyi font ဖြင့်ဖတ်ရန် >>>

ရုံးပတေသီးသည် ကင်ဆာ ရောဂါကို တိုက်ဖျက်နိုင်စွမ်းရှိပါတယ်။ သူ့မှာ Lection (ပရိုတင်းအမျိုးအစား တစ်ခုဖြစ်ပြီး ဆဲလ်နံရံတွေကို အားကောင်းစေ)တဲ့ ဓာတ်ပါဝင်ပြီး ကင်ဆာဆဲလ်တွေကို အထူးသဖြင့် ရင်သားမှာရှိတဲ့ ကင်ဆာဆဲလ်တွေကို သေစေနိုင်ပါတယ်။ ရင်သားမှာ ရှိတဲ့ ကင်ဆာဆဲလ်တွေက သက်တမ်းနုသေးတယ်ဆိုရင် ၇၂ ရာခိုင်နှုန်းလောက် သေစေနိုင်ပါတယ်။

စိတ်ဖိစီးမှုကို လျော့ကျပေးပါတယ်။

ရုံးပတေသီးမှာ Phenol ဓာတ်နဲ့ Flavonoid ဓာတ်တို့ မြင့်မားစွာ ပါဝင်ပါတယ်။ ဒီဓာတ်တွေက စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။ Mazandaran ဆေးပညာဆိုင်ရာ တက္ကသိုလ်ရဲ့ ရုံးပတေသီးကို  လေ့လာချက်အရ ရုံးပတေသီးမှာ စိတ်ဓာတ်ကျတာတွေကို ပြန်လည်မြှင့်တင်နိုင်စွမ်း ရှိပါတယ်။

ဆီးချို

ရုံးပတေသီးက ဆီးချိုရောဂါ ဖြစ်ပွားမှုကိုလည် ကာကွယ်ပေးပါတယ်။ ဆီးချို ရောဂါဖြစ်ပွားနေတဲ့ ကြွက်တွေကို ရုံးပတေသီးနဲ့ စမ်းသပ်ကုသလိုက်တဲ့အခါမှာ သူတို့ သွေးအတွင်းက သကြားဓာတ်တွေ ကျဆင်းသွားပြီး ပုံမှန်ပြန်ဖြစ်သွားပါတယ်။ တိုင်းရင်းဆေးတွေမှာလည် ရုံးပတေသီးကို ဆီးချိုကျတဲ့ ဆေးအဖြစ် အသုံးပြုကြပါတယ်။
အသည်း

၂၀၁၁ ခုနှစ်၊ ဆော်ဒီ ပါရာမက်ဒီကယ် ဂျာနယ်မှာ ရုံးပတေသီးက အသည်းရောဂါတွေကို ကာကွယ်ပေးနိုင်တယ်လို့ ရေးသားထားပါတယ်။ ရုံးပတေသီးမှာပါဝင်တဲ့ Antioxidants တွေက အသည်းရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။










Ref : Healthline