Home » Hot News » ပျော့တွဲကျနေသော နှာခေါင်းနဲ့ ပါးစပ်ကို ပိုင်ဆိုင်ထားတဲ့ သနားစရာကောင်းသော မျက်နှာနဲ့အမျိုးသမီး
ပျော့တွဲကျနေသော နှာခေါင်းနဲ့ ပါးစပ်ကို ပိုင်ဆိုင်ထားတဲ့ သနားစရာကောင်းသော မျက်နှာနဲ့အမျိုးသမီး
ပျော့တွဲကျနေသော နှာခေါင်းနဲ့ ပါးစပ်ကို ပိုင်ဆိုင်ထားတဲ့ သနားစရာကောင်းသော မျက်နှာနဲ့အမျိုးသမီး
<< Zawgyi  ဖြင့် ဖတ်ရန် >>
အသက် ၄၈ နှစ်ရှိပြီဖြစ်တဲ့ Liu Ying ဟာ လွန်ခဲ့တဲ့ နှစ် ၄၀ ခန့်က Neurofibromatosis (NF) လို့ခေါ်တဲ့ မျိုးရိုးဗီဇ ကစဥ့်ကလျားဖြစ်ပြီး ခန္ဓာကိုယ်ရှိ အစိတ်အပိုင်းစနစ်များကို ပျက်စီးစေခဲ့မှုကြောင့် သူမရဲ့ မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်များကို ထိခိုက်ခဲ့ပြီး စကားမပြောနိုင်တော့ပါဘူး။
<< Unicode  ဖြင့် ဖတ်ရန် >>
အသက် ၄၈ နှစ်ရှိပြီဖြစ်တဲ့ Liu Ying ဟာ လွန်ခဲ့တဲ့ နှစ် ၄၀ ခန့်က Neurofibromatosis (NF) လို့ခေါ်တဲ့ မျိုးရိုးဗီဇ ကစဉ့်ကလျားဖြစ်ပြီး ခန္ဓာကိုယ်ရှိ အစိတ်အပိုင်းစနစ်များကို ပျက်စီးစေခဲ့မှုကြောင့် သူမရဲ့ မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်များကို ထိခိုက်ခဲ့ပြီး စကားမပြောနိူင်တော့ပါဘူး။
တရုတ်နိူင်ငံ Liaoning မြို့တွင် နေထိုင်သော Liu Ying ဟာ သူမအသက် ၉ နှစ်တုန်းက ထိုရောဂါဖြစ်ခဲ့ပြီး သူမ မျက်နှာဟာ ယခုအခြေအနေကဲ့သို့ ဖြစ်သွားခဲ့ပါတယ်။ လျော့တွဲကျနေသော သူမရဲ့ မျက်နှာကြောင့် မျက်လုံးကို ထိခိုက်ခဲ့ပြီး နှာခေါင်းနဲ့ ပါးစပ်ကတော့ အသက်ရှူနိူင်ပြီး အစားများလည်း စားနိူင်ပါတယ်။ အကြားအာရုံ ကောင်းသော်ငြားလည်း စကားပြောဖို့ ခက်ခဲပါတယ်။ အနီးပတ်ဝန်းကျင်က လူများက သူမနဲ့ သိကျွမ်းကြပါတယ်။ တစ်ခါတစ်လေတော့ Liu Ying ဟာ အချို့သော စကားလုံးများကို ကြိုးစားပြီး ပြောရပေမယ့် အခြားသော လူများက သူမစကားများကို နားမလည်ကြပါဘူး။
Liu Ying ရဲ့ မိသားစုဆရာဝန် ဆိုသူက Neurofibromatosis လို့ခေါ်တဲ့ ရောဂါဖြစ်ပေါ်ခဲ့ပြီး ရှားပါးတဲ့ ရောဂါမျိုးလို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ နှစ် ၄၀ ခန့်က ပြင်းထန်တဲ့ ဖျားနာမှုကို နားမလည်ခဲ့ကြဘဲ သူမ အနီးအနားက လူများက တစ်ယောက်တစ်မျိုး ပြောဆိုခဲ့ပါတယ်။ Ms. Liu ဟာ ကိုယ့်ကိုယ်ကို သတ်သေဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ Liaoning ဆေးရုံမှ ဆရာဝန်ဟာ သူမဘဝရဲ့ ပျော်ရွှင်မှုကို လူမှုကွန်ယက်ကိုအသုံးပြုပြီး ဖြစ်ဖြစ် ရှာဖွေဖို့ အကြံပေးခဲ့ပါတယ်။ သူမဟာ livestream ကိုကြိုးစားလွှင့်ခဲ့ပြီးနောက် ထင်မှတ်မထားတဲ့ တုန့်ပြန်ချက်များ ရရှိခဲ့ပါတယ်။ သူမဟာ အွန်လိုင်းကွန်ယက်ပေါ်တွင် လူအများရဲ့ အာရုံစိုက်မှုများစွာ ရရှိခဲ့ပါတယ်။ အထူးသဖြင့် Ms. Liu ကို ကူညီဖို့ ပရဟိတရန်ပုံငွေများ ပြုလုပ်လာကြပါတယ်။
သူမဟာ ကုသခွင့်ရတော့မှာ ဖြစ်ပြီး သူငယ်ချင်းများက သူမရဲ့ အခြေအနေကို နားလည်ခဲ့ကြပါတယ်။ သူမရဲ့ ဘဝဟာ လုံးဝကို ပြောင်းလဲလာပြီဆိုပြီး လူမှုကွန်ယက်တွင် Liu Ying က ပြောခဲ့ပါတယ်။ တရုတ်နိူင်ငံ Beijing ရှိ Central Hospital တွင် ဂျူလိုင်လတွင် မျက်နှာခွဲစိတ်ဖို့ အစီအစဉ် ရှိပါတယ်။
ဖတ်ပေးကြလို့ ကျေးဇူးတင်ပါတယ်။