Home » Hot News » အဆိပ်ပြင်းတဲ့ မြွေပေါင်း (၂၀၀၀၀) ခန့် ပြည့်နေတဲ့ ကမ္ဘာ့ကြောက်စရာအကောင်းဆုံး ကျွန်း
အဆိပ်ပြင်းတဲ့ မြွေပေါင်း (၂၀၀၀၀) ခန့် ပြည့်နေတဲ့ ကမ္ဘာ့ကြောက်စရာအကောင်းဆုံး ကျွန်း
အဆိပ်ပြင်းတဲ့ မြွေပေါင်း (၂၀၀၀၀) ခန့် ပြည့်နေတဲ့ ကမ္ဘာ့ကြောက်စရာအကောင်းဆုံး ကျွန်း
<< Zawgyi  ဖြင့် ဖတ်ရန် >>
<< Unicode  ဖြင့် ဖတ်ရန် >>
“မြွေကျွန်း” ဆိုတဲ့အမည်ဟာ တရုတ်နိူင်ငံတွင် နာမည်ကျော်ကြားလှပါတယ်။ ထိုနေရာတွင် အဆိပ်ပြင်းတဲ့ မြွေပေါင်း (၂၀၀၀၀) ခန့်ရှိတာကြောင့် ပြည်သူများက “တစ္ဆေကျွန်း” ဆိုပြီး ခေါင်းစဉ်တပ်ကြပါတယ်။
ကမ်းမှ ရေလမ်းကြောင်း ၇ မိုင်ခန့်တွင် တည်ရှိပြီး “နဂါးလေးတောင်” ဆိုပြီး “မြွေကျွန်း”ကို ချစ်စနိူးနာမည်ဖြင့် ခေါ်ကြပါသေးတယ်။ ထိုကျွန်းဟာ တရုတ်နိူင်ငံ Dalian ပြည်နယ် Liaodong Peninsula ရဲ့ တောင်ပိုင်းတွင် တည်ရှိပါတယ်။ ကျွန်းရဲ့ ဧရိယာဟာ (၂၁၅) မီတာအမြင့်ရှိပြီး (၁) ကီလိုမီတာ ကျော်ခန့်ရှိပါတယ်။ အဘယ်ကြောင့် လူများက “မြွေကျွန်း” လို့ ခေါ်ကြတာလဲ ? ထိုမေးခွန်းဟာ ရိုးရှင်းပါတယ်။ ဘာလို့လဲဆိုတော့ အဓိကအားဖြင့် မြွေများသာ အခြေတကျနေထိုင်ကြလို့ ဖြစ်ပါတယ်။ အများစုကတော့ သိပ္ပံနာမည် pit viper လို့ခေါ်တဲ့ အဆိပ်ပြင်းတဲ့ မြွေမျိုးစေ့များ ရှိကြပါတယ်။ သူတို့ရဲ့ အစာကတော့ ရွှေ့ပြောင်းငှက်များပဲ ဖြစ်ပါတယ်။
များစွာသော မြွေအုပ်ကြီးကြောင့် ထိုကျွန်းပေါ်တွင် တိရစ္ဆာန်များ အသက်ရှင်ဖို့ခက်ခဲပါတယ်။ ထိုအခြေအနေများကြောင့် သူတို့ဟာ အကောင်ပေါက်ပြီး အရည်အတွက်များစွာ ကြီးထွားလာခဲ့ပါတယ်။ ဒါ့အပြင် သဘာဝအစားအစာများကလည်း ပေါကြွယ်ဝပါတယ်။ တစ်နှစ်တွင် ခန့်မှန်းခြေ ရွှေ့ပြောင်းငှက်များ (၁၀) သန်းခန့် ထိုကျွန်းပေါ်တွင် မြွေများရဲ့ အစာများ ဖြစ်သွားခဲ့ပါတယ်။ အချို့ကတော့ ‘အကြောင်းပြချက်ရှင်းစွာ’ ပျောက်ဆုံးသွားပါတယ်။ UNESCO အရ ကျွန်းပေါ်တွင် အပင်မျိုးစေ့ (၇၀၃) ရှိပြီး လိပ်နဲ့ ငှက်မျိုးစေ့ပေါင်း (၃၀၇) ရှိကြောင့် လေ့လာခဲ့ပါတယ်။
သိပ္ပံပညာရှင်များရဲ့ အဆိုပြုချက်အရ လွန်ခဲ့တဲ့ နှစ် (၁၀၀) ခန့်က “မြွေကျွန်း”ဟာ သီးသန့်ကုန်းမြေအဖြစ် တည်ရှိနေခဲ့တယ်လို့ ဆိုပါတယ်။ ထို့နောက် နှစ် (၁) သန်းအတွင်း ကမ္ဘာကြီး ပြောင်းလဲလာမှုနဲ့အညီ ထိုကျွန်းကြီးဟာ နောက်ဆုံး ထိုကဲ့သို့ ဖြစ်လာပါတော့တယ်။ မြွေများကလည်း ကောင်းစွာ အသက်ရှင်ကြီးထွားလာပါတော့တယ်။