Home » Hot News » အမ်ိဳးသမီးငယ္ရဲ႕ နားစည္အတြင္းသို႕ ၀င္ေရာက္ကိုက္ျဖတ္ခဲ့တဲ့ ပိုးဟပ္တစ္ေကာင္

အမ်ိဳးသမီးငယ္ရဲ႕ နားစည္အတြင္းသို႕ ၀င္ေရာက္ကိုက္ျဖတ္ခဲ့တဲ့ ပိုးဟပ္တစ္ေကာင္

အမ်ိဳးသမီးငယ္ရဲ႕ နားစည္အတြင္းသို႕ ၀င္ေရာက္ကိုက္ျဖတ္ခဲ့တဲ့ ပိုးဟပ္တစ္ေကာင္

<< Zawgyi ျဖင့္ ဖတ္ရန္ >>

တရုတ္မိန္းကေလးငယ္တစ္ဦးဟာ အိပ္ေပ်ာ္ေနစဥ္ သူမရဲ႕နာစည္ထဲကို ပိုးဟပ္တစ္ေကာင္၀င္သြားခဲ့ပါတယ္။ တရုတ္မီဒီယာမ်ားရဲ႕ သတင္းအရ သူမရဲ႕ နားစည္အတြင္းပိုင္းကို ပိုးဟပ္ရဲ႕ ကိုက္ျဖတ္ျခင္းခံခဲ့ရၿပီးေနာက္ အေရးေပၚကားကို ေခၚခဲ့ေၾကာင္းသိရွိရပါတယ္။ သတင္းအရ Guangdong ျပည္နယ္မွ ဆရာ၀န္က အသက္ ၂၀ ရွိသူမိန္းကေလးငယ္ကို ေဆးရံုတင္ထားၿပီး ေနာက္ ၂ ရက္ေနမွ ပိုးဟပ္ကို ထုတ္ေပးခဲ့ပါတယ္။ Huang Dan အမည္ရွိ ဆရာ၀န္ရဲ႕ အဆိုျပဳခ်က္အရ အမ်ိဳးသမီးနားစည္အတြင္းပိုင္းရွိ အေပါက္ငယ္ကို ကိုက္ျဖတ္ခဲ့တဲ့ ပိုးဟပ္ဟာ ဂ်ာမန္မွေပၚထြက္လာခဲ့တဲ့ အင္းစက္ျဖစ္ၿပီး ကိုက္ျဖတ္မႈ၊ အနာတရျဖစ္ေပၚမႈနဲ႕ စားသံုးမႈမ်ား ျပဳလုပ္တတ္တယ္လို႕ဆိုခဲ့ပါတယ္။

“ကၽြန္မနားထဲမွာ အပ္ခ်ည္ၾကိဳးနဲ႕တူတဲ့အရာ ၀င္ေနတယ္လို႕ခံစားရတယ္။ ပထမဆံုး အဲ့လိုထင္ေပမယ့္ ပိုးဟပ္မွန္းသိလိုက္ေရာ ကၽြန္မအရမ္းေၾကာက္သြားတယ္။ နားထဲကထုတ္လို႕လည္း မရဘူး။” ပိုးဟပ္မွန္းသိလိုက္ရတဲ့ မိန္းကေလးဟာ အင္းစက္ကို သတ္ဖို႕အတြက္ ပူေႏြးတဲ့ ဆီမ်ားကို သူမနားထဲသို႕ ထည့္ခဲ့ပါတယ္။ ထိုသို႕ျပဳလုပ္ျခင္းဟာ ပိုဆိုးတဲ့အေျခအေနျဖစ္ေစပါတယ္။ မိန္းကေလးက ထပ္မံၿပီး “အဲ့ဒါနဲ႕ အင္းစက္ရဲ႕လႈပ္ရွားမႈရပ္သြားေတာ့ အဆင္ေျပၿပီထင္တာ။ ဒါေပမယ့္ ကၽြန္မရဲ႕အၾကားအာရံုမရေတာ့ဘူး” လို႕သူမရဲ႕ျဖစ္စဥ္ကို ေျပာျပခဲ့ပါတယ္။

Huang ရဲ႕ေျပာၾကားခ်က္အရ ယခုလအတြင္းတြင္ ထိုကိစၥကဲ့သို႕ျဖစ္စဥ္မ်ား တစ္ခု၊ ႏွစ္ခုေတြ႕ရွိရတယ္လို႕ ဆိုခဲ့ပါတယ္။ “လူနာအမ်ားစုက စိုစြတ္တဲ့ပတ္၀န္က်င္က ျဖစ္ျဖစ္၊ ေျမျပင္ေပၚမွာ ျဖစ္ျဖစ္ က်န္းမာေရးဂရုစိုက္မႈအားနည္းေတာ့ ပိုးဟပ္၊ ၾကြက္၊ ဂ်ပိုးစတဲ့ အင္းစက္မ်ားနဲ႕တသားထဲက်ေရာက္ေနတယ္” လို႕ဆိုခဲ့ပါတယ္။

ေဒါက္တာ Huang ရဲ႕ထပ္မံေျပာၾကားခ်က္အရ နားစည္ဟာ ႏူးညံ့ၿပီး အရမ္းကိုအာရံုခံစားရလြယ္တာေၾကာင့္ မေတာ္တဆျဖစ္တဲ့အခါ အိမ္မွာကုသတာထက္ ေဆးရံုကို လာသင့္တယ္လို႕ လူအမ်ားရဲ႕က်န္းမာေရးအတြက္ အၾကံေပးေျပာျပခဲ့ပါတယ္။

 

<< Unicode ဖြင့် ဖတ်ရန် >>

တရုတ်မိန်းကလေးငယ်တစ်ဦးဟာ အိပ်ပျော်နေစဉ် သူမရဲ့နာစည်ထဲကို ပိုးဟပ်တစ်ကောင်ဝင်သွားခဲ့ပါတယ်။ တရုတ်မီဒီယာများရဲ့ သတင်းအရ သူမရဲ့ နားစည်အတွင်းပိုင်းကို ပိုးဟပ်ရဲ့ ကိုက်ဖြတ်ခြင်းခံခဲ့ရပြီးနောက် အရေးပေါ်ကားကို ခေါ်ခဲ့ကြောင်းသိရှိရပါတယ်။ သတင်းအရ Guangdong ပြည်နယ်မှ ဆရာဝန်က အသက် ၂၀ ရှိသူမိန်းကလေးငယ်ကို ဆေးရုံတင်ထားပြီး နောက် ၂ ရက်နေမှ ပိုးဟပ်ကို ထုတ်ပေးခဲ့ပါတယ်။ Huang Dan အမည်ရှိ ဆရာဝန်ရဲ့ အဆိုပြုချက်အရ အမျိုးသမီးနားစည်အတွင်းပိုင်းရှိ အပေါက်ငယ်ကို ကိုက်ဖြတ်ခဲ့တဲ့ ပိုးဟပ်ဟာ ဂျာမန်မှပေါ်ထွက်လာခဲ့တဲ့ အင်းစက်ဖြစ်ပြီး ကိုက်ဖြတ်မှု၊ အနာတရဖြစ်ပေါ်မှုနဲ့ စားသုံးမှုများ ပြုလုပ်တတ်တယ်လို့ဆိုခဲ့ပါတယ်။

 

“ကျွန်မနားထဲမှာ အပ်ချည်ကြိုးနဲ့တူတဲ့အရာ ဝင်နေတယ်လို့ခံစားရတယ်။ ပထမဆုံး အဲ့လိုထင်ပေမယ့် ပိုးဟပ်မှန်းသိလိုက်ရော ကျွန်မအရမ်းကြောက်သွားတယ်။ နားထဲကထုတ်လို့လည်း မရဘူး။” ပိုးဟပ်မှန်းသိလိုက်ရတဲ့ မိန်းကလေးဟာ အင်းစက်ကို သတ်ဖို့အတွက် ပူနွေးတဲ့ ဆီများကို သူမနားထဲသို့ ထည့်ခဲ့ပါတယ်။ ထိုသို့ပြုလုပ်ခြင်းဟာ ပိုဆိုးတဲ့အခြေအနေဖြစ်စေပါတယ်။ မိန်းကလေးက ထပ်မံပြီး “အဲ့ဒါနဲ့ အင်းစက်ရဲ့လှုပ်ရှားမှုရပ်သွားတော့ အဆင်ပြေပြီထင်တာ။ ဒါပေမယ့် ကျွန်မရဲ့အကြားအာရုံမရတော့ဘူး” လို့သူမရဲ့ဖြစ်စဉ်ကို ပြောပြခဲ့ပါတယ်။

 

Huang ရဲ့ပြောကြားချက်အရ ယခုလအတွင်းတွင် ထိုကိစ္စကဲ့သို့ဖြစ်စဉ်များ တစ်ခု၊ နှစ်ခုတွေ့ရှိရတယ်လို့ ဆိုခဲ့ပါတယ်။ “လူနာအများစုက စိုစွတ်တဲ့ပတ်ဝန်ကျင်က ဖြစ်ဖြစ်၊ မြေပြင်ပေါ်မှာ ဖြစ်ဖြစ် ကျန်းမာရေးဂရုစိုက်မှုအားနည်းတော့ ပိုးဟပ်၊ ကြွက်၊ ဂျပိုးစတဲ့ အင်းစက်များနဲ့တသားထဲကျရောက်နေတယ်” လို့ဆိုခဲ့ပါတယ်။

 

ဒေါက်တာ Huang ရဲ့ထပ်မံပြောကြားချက်အရ နားစည်ဟာ နူးညံ့ပြီး အရမ်းကိုအာရုံခံစားရလွယ်တာကြောင့် မတော်တဆဖြစ်တဲ့အခါ အိမ်မှာကုသတာထက် ဆေးရုံကို လာသင့်တယ်လို့ လူအများရဲ့ကျန်းမာရေးအတွက် အကြံပေးပြောပြခဲ့ပါတယ်။

#NH

 

 

Zeekwat Mobile Application အား Download ရယူရန္ (29.0 MB)