Home » Celebrity News » မွေးနေ့မှာ မိဘရင်ခွင်မဲ့နေတဲ့ ကလေးလေးများအတွက် မွေးနေ့အလှူလုပ်မယ့် ဘေဘီမောင်

မွေးနေ့မှာ မိဘရင်ခွင်မဲ့နေတဲ့ ကလေးလေးများအတွက် မွေးနေ့အလှူလုပ်မယ့် ဘေဘီမောင်

မွေးနေ့မှာ မိဘရင်ခွင်မဲ့နေတဲ့ ကလေးလေးများအတွက် မွေးနေ့အလှူလုပ်မယ့် ဘေဘီမောင်

Zawgyi Font


Image may contain: 1 person, sitting

ဓာတ်ပုံ ဘေဘီမောင်


Image may contain: 2 people

ဓာတ်ပုံ ဘေဘီမောင်


Image may contain: 16 people, people smiling, people sitting and stripes

ဓာတ်ပုံ ဘေဘီမောင်


Image may contain: 1 person, smiling, standing and outdoor

ဓာတ်ပုံ ဘေဘီမောင်


 

 

Unicode Font

ဘေဘီမောင်ဟာ (၂၀၁၉) ခုနှစ်၊ ဖေဖော်ဝါရီလ (၂၂) ရက်နေ့မှာ ကျရောက်လာမယ့် မွေးနေ့လေးကို အလှူအတန်းများနဲ့ ဖြတ်သန်းဖို့အတွက် ကြိုတင်ပြင်ဆင်နေတာဖြစ်ပြီး ပရိသတ်များနဲ့လည်း အတူတူ ကုသိုလ်ပြုကြမယ်လို့ ဆိုခဲ့ပါတယ်။

 

ဘေဘီမောင်ဟာ မိဘရင်ခွင်မဲ့နေတဲ့ ကလေးလေးများနဲ့အတူ မွေးနေ့ကိတ်ခွဲပြီး ပျော်ပွဲရွှင်ပွဲလေး လုပ်ပေးဖို့ စဉ်းစားထားတယ်လို့ ဆိုခဲ့ပြီး သူမရဲ့မွေးနေ့လေးမှာလည်း ပရိသတ်များအတူတူ ကုသိုလ်ပြုကြမယ်လို့ ဆိုခဲ့ပါတယ်။

 

“မိဘရင်ခွင်မဲ့နေတဲ့သနားစရာကောင်းတဲ့ခလေး လေးတွေ ဘေဘီမွေးနေ့ကျရင် သွားလှူမယ် ခလေးတွေနဲ့တူတူကိတ်ခွဲမယ် ပျော်ပွဲရွှင်ပွဲလေးတွေလုပ်ပေးမယ် မွေးနေ့နီးရင် fb အသဲတွေလည်း ဖိတ်မယ်နော် ဘေဘီနဲ့တူတူ လာသွာလှူကြမယ်နော်☺️🙏🏻” ဆိုပြီး ဖေဖော်ဝါရီလ (၈) ရက်နေ့က သူမရဲ့ဖေ့စ်ဘွတ်တွင် ရေးသားထားတာ ဖြစ်ပါတယ်။

 

ဘေဘီမောင်က အရင်တုန်းက Sexy ဖက်ရှင်များနဲ့ လူသိများခဲ့ပေမယ့် အခုလက်ရှိမှာတော့ ထိုပုံစံမျိုးကို မဝတ်တော့ဘူးလို့ ဆိုခဲ့ပါတယ်။ ဒါ့ကြောင့် နောက်ပိုင်းတွင် ဘေဘီမောင်ဟာ မြန်မာဝတ်စုံလေးနဲ့သာ အနေများခဲ့ပြီး သရုပ်ဆောင် ဆိုတာ ပရိသတ်များရဲ့ စံပြတစ်ဦးဖြစ်တဲ့အတွက် ဝတ်တာစားတာ ဆင်ဆင်ခြင်ခြင် ဝတ်တော့မယ်လို့ အင်တာဗျူးများမှာ ဖြေကြားခဲ့ပါတယ်။

 

ဘေဘီမောင်ဟာ ပရိသတ်များစွာက အားပေးချင်ခင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားများစွာကို ရိုက်ကူးနေတာ ဖြစ်ပါတယ်။ ဘေဘီမောင်ဟာ စီးပွားရေးအနေနဲ့ Baby & Barani Beauty & Fashion House ဆိုတဲ့ ကိုယ်ပိုင်ဖက်ရှင်ဆိုင်လေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။