Home » Hot News » မေသသင္႔ပဲ ေသသြားခဲ႔ရတဲ႔ သတၱမတန္း ေက်ာင္းသူေလး ေနာင္ဘ၀မွာ ဒီလုိမ်ဳိး အျဖစ္နဲ႔ မၾကဳံပါေစနဲ႔ ညီမငယ္

မေသသင္႔ပဲ ေသသြားခဲ႔ရတဲ႔ သတၱမတန္း ေက်ာင္းသူေလး ေနာင္ဘ၀မွာ ဒီလုိမ်ဳိး အျဖစ္နဲ႔ မၾကဳံပါေစနဲ႔ ညီမငယ္

မေသသင္႔ပဲ ေသသြားခဲ႔ရတဲ႔ သတၱမတန္း ေက်ာင္းသူေလး ေနာင္ဘ၀မွာ ဒီလုိမ်ဳိး အျဖစ္နဲ႔ မၾကဳံပါေစနဲ႔ ညီမငယ္

စစ္ကိုင္းတိုင္းေဒသႀကီး၊ ေရႊဘိုခရိုင္၊ ခင္ဦးၿမိဳ႕နယ္ ေရႊကူတဲစုေက်းရြာ၌ တရား၀င္ ေဆးကုသခြင့္လိုင္စင္မရွိဘဲ ေဆးထိုးအပ္ကိုင္ေဆာင္၍ကုသျခင္းေၾကာင့္ သတၱမတန္းေက်ာင္းသူတစ္ဦး အသက္ဆံုးရႈံးသြားေၾကာင္း ဦးေလးေတာ္စပ္သူ ဦးေအာင္ေက်ာ္ေထြး ထံမွ သိရသည္။ ျဖစ္စဥ္မွာ ခင္ဦးၿမိဳ႕နယ္၊ ေရႊကူတဲစုေက်းရြာေန (ဘ)ဦးဖိုးမင္း+(အမိ)ေဒၚေအးေအးခိုင္ တို႔၏သမီး သတၱမတန္းေက်ာင္းသူ မျဖဴလံုး(ခ) မေအးၾကြယ္ၿဖိဳး (၁၃)ႏွစ္မွာ အေအးမိ၍ ကိုယ္အရန္ပူေနျခင္းေၾကာင့္ မိဘမ်ားမွာ စိုးရိမ္၍ ရြာတြင္ေဆးကုသေပးေနေသာ သန္းထြန္းေအာင္ ၃၁ ႏွစ္ (ဘ)ဦ အား ေဖေဖာ္၀ါရီ ၅ ရက္ေန႔ ည ၉ နာရီအခ်ိန္ခန္႔တြင္ ေခၚ၍ျပသရာ

မျဖဴ လံုး(ခ)ေအးၾကြယ္ၿဖိဳး (သတၱမတန္းေက်ာင္းသူ)အား ေဆးထိုး၍ျပန္သြားၿပီး ခဏအၾကာတြင္ မျဖဴ လံုး(ခ) ေအးၾကြယ္ၿဖိဳး (သတၱမတန္းေက်ာင္းသူ)မွာ ေအာ့အန္ကာ သတိလစ္သြားသျဖင့္ ၎သန္းထြန္း ေအာင္အား ထပ္မံေခၚယူျပသရာ မျဖဴလံုး(ခ)ေအးၾကြယ္ၿဖိဳး (သတၱမတန္းေက်ာင္းသူ)အား ေသြးခိ်န္ၾကည့္ၿပီး ေဆးအရွိန္ ေၾကာင့္ပါ၊ ေကာင္းပါတယ္ ဟုေျပာကာ ျပန္သြားခဲ့သည္။မျဖဴလံုး(ခ)ေအး ၾကြယ္ ၿဖိဳး (သတၱမတန္းေက်ာင္းသူ) မွာ ေဖေဖာ္၀ါရီ ၆ ရက္ နံနက္ ၂ နာရီအခ်ိန္ထိ သတိျပန္လည္လာျခင္းမရွိသျဖင့္ မသကၤာ၍ ခင္ဦးျပည္သူ႔ ေဆးရံုသို႔ ထပ္မံသြားေရာက္ျပသရာ တရာ၀န္က်ဆရာ၀န္မွ ဘယ္လိုျဖစ္တာလဲဟုေမးသျဖင့္သန္းထြန္း ေအာင္ ၃၁ ႏွစ္မွ မျဖဴလံုး(ခ)ေအးၾကြယ္ၿဖိဳး (သတၱမတန္းေက်ာင္းသူ)အား ထိုးေပးလိုက္ေသာ ေဆးပုလင္းအခြံကို ဆရာ၀န္အားျပရာ ဒီေဆးမွာ ကေလးေတြကို ထိုးမေပးရဘူး၊ ဒီေဆးေၾကာင့္မို႔ အခုလိုျဖစ္ရတာပါဟုေျပာၿပီး ေရႊဘိုျပည္သူ႔ေဆးရံုသို႔

ကုသရန္လႊဲေျပာင္းသျဖင့္ေရႊဘိုျပည္သူ႔ေဆးရံုမွ ထပ္မံ၍ မႏၱေလးျပည္သူ႔ေဆး ရံုႀကီးသို႔ လႊဲေျပာင္းရာ ေန႔ ၁၁ နာရီအခိ်န္ခန္႔ လမ္းတြင္ မျဖဴလံုး(ခ)ေအးၾကြယ္ၿဖိဳး (သတၱမတန္းေက်ာင္းသူ)မွာ ေသဆံုး သြားခဲ့ေသာေၾကာင့္ ေဖေဖာ္၀ါရီ ၈ ရက္ေန႔က ခင္ဦးၿမိဳ႕မရဲစခန္းသို႔ ဦးေလးေတာ္စပ္သူ ဦးေအာင္ေက်ာ္ ေထြးက သြားေရာက္တိုင္တန္းခဲ့ေၾကာင္း ေျပာျပသည္။ ထိုသုိ႔တိုင္းတန္းမႈေၾကာင့္ အခ်ိန္ႏွင့္ တေျပး ညီ သြားေရာက္ကာ ၿမိဳ႕မရဲစခန္းမွဴး ဒုရဲမွဴးထြဏ္းထြဏ္းဦး ဦးေဆာင္၍

 

တပ္ဖြဲ႔၀င္မ်ားသည္ သက္ေသမ်ားႏွင့္အတူ တရား၀င္ ေဆးကုသခြင့္လိုင္စင္မရွိဘဲ ေက်းရြာအတြင္းလွည့္လည္ ေဆးကုသေနေသာ ခင္ဦးၿမိဳ႕နယ္၊ ေရႊကူတဲစုေက်း ရြာေန (ဘ)ဦး(  ) ၏သား သန္းထြန္းေအာင္ ၃၁ ႏွစ္ ေနအိမ္အား ၀င္ေရာက္ရွာေဖြရာ ေဆးထိုးအပ္ဆိုဒ္စံု (၃)ဗူး၊ စလိုင္းပိုက္ (၁) ထုပ္၊ ေဆးမ်ိဳးစံု ၂၀ ဗူး တို႔ကို ေတြ႔ရွိရသျဖင့္ သိမ္းဆည္းခဲ့သည္။၎ျဖစ္စဥ္ႏွင့္ပါတ္ သက္၍ အစစ္ေဆးမခံဘဲထြက္ေျပးတိမ္းေရွာင္ေနသူ တရား၀င္ ေဆးကုသခြင့္လိုင္စင္မရွိဘဲ ေဆးႏွင့္ေဆးထိုး အပ္ကိုင္ေဆာင္ကုသေသာ သန္းထြန္းေအာင္ ၃၁ ႏွစ္ အား ခင္ဦးၿမိဳ႕မရဲစခန္းမွ (ပ) ၆၈/၂၀၁၉၊ ေဆးေကာင္စီ ဥပေဒပုဒ္မ-၅၈ ႏွင့္ ေသမႈ/ေသခင္းအမွတ္စဥ္- ၃ ျဖင့္ အမႈဖြင့္ အေရးယူေဆာင္ရြက္ထားေၾကာင္း သိရသည္။

Unicode


မသေသင့်ပဲ သေသွားခဲ့ရတဲ့ သတ္တမတန်း ကျောင်းသူလေး နောင်ဘဝမှာ ဒီလိုမျိုး အဖြစ်နဲ့ မကြုံပါစေနဲ့ ညီမငယ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ရွှေကူတဲစုကျေးရွာ၌ တရားဝင် ဆေးကုသခွင့်လိုင်စင်မရှိဘဲ ဆေးထိုးအပ်ကိုင်ဆောင်၍ကုသခြင်းကြောင့် သတ္တမတန်းကျောင်းသူတစ်ဦး အသက်ဆုံးရှုံးသွားကြောင်း ဦးလေးတော်စပ်သူ ဦးအောင်ကျော်ထွေး ထံမှ သိရသည်။ ဖြစ်စဉ်မှာ ခင်ဦးမြို့နယ်၊ ရွှေကူတဲစုကျေးရွာနေ (ဘ)ဦးဖိုးမင်း+(အမိ)ဒေါ်အေးအေးခိုင် တို့၏သမီး သတ္တမတန်းကျောင်းသူ မဖြူလုံး(ခ) မအေးကြွယ်ဖြိုး (၁၃)နှစ်မှာ အအေးမိ၍ ကိုယ်အရန်ပူနေခြင်းကြောင့် မိဘများမှာ စိုးရိမ်၍ ရွာတွင်ဆေးကုသပေးနေသော သန်းထွန်းအောင် ၃၁ နှစ် (ဘ)ဦ အား ဖေဖော်ဝါရီ ၅ ရက်နေ့ ည ၉ နာရီအချိန်ခန့်တွင် ခေါ်၍ပြသရာ မဖြူ လုံး(ခ)အေးကြွယ်ဖြိုး (သတ္တမတန်းကျောင်းသူ)အား ဆေးထိုး၍ပြန်သွားပြီး ခဏအကြာတွင် မဖြူ လုံး(ခ) အေးကြွယ်ဖြိုး (သတ္တမတန်းကျောင်းသူ)မှာ အော့အန်ကာ သတိလစ်သွားသဖြင့် ၎င်းသန်းထွန်း အောင်အား ထပ်မံခေါ်ယူပြသရာ မဖြူလုံး(ခ)အေးကြွယ်ဖြိုး (သတ္တမတန်းကျောင်းသူ)အား သွေးချိန်ကြည့်ပြီး ဆေးအရှိန် ကြောင့်ပါ၊ ကောင်းပါတယ် ဟုပြောကာ ပြန်သွားခဲ့သည်။မဖြူလုံး(ခ)အေး ကြွယ် ဖြိုး (သတ္တမတန်းကျောင်းသူ) မှာ ဖေဖော်ဝါရီ ၆ ရက် နံနက် ၂ နာရီအချိန်ထိ သတိပြန်လည်လာခြင်းမရှိသဖြင့် မသင်္ကာ၍ ခင်ဦးပြည်သူ့ ဆေးရုံသို့ ထပ်မံသွားရောက်ပြသရာ တရာဝန်ကျဆရာဝန်မှ ဘယ်လိုဖြစ်တာလဲဟုမေးသဖြင့်သန်းထွန်း အောင် ၃၁ နှစ်မှ မဖြူလုံး(ခ)အေးကြွယ်ဖြိုး (သတ္တမတန်းကျောင်းသူ)အား ထိုးပေးလိုက်သော ဆေးပုလင်းအခွံကို ဆရာဝန်အားပြရာ ဒီဆေးမှာ ကလေးတွေကို ထိုးမပေးရဘူး၊ ဒီဆေးကြောင့်မို့ အခုလိုဖြစ်ရတာပါဟုပြောပြီး ရွှေဘိုပြည်သူ့ဆေးရုံသို့ ကုသရန်လွှဲပြောင်းသဖြင့်ရွှေဘိုပြည်သူ့ဆေးရုံမှ ထပ်မံ၍ မန္တလေးပြည်သူ့ဆေး ရုံကြီးသို့ လွှဲပြောင်းရာ နေ့ ၁၁ နာရီအချိန်ခန့် လမ်းတွင် မဖြူလုံး(ခ)အေးကြွယ်ဖြိုး (သတ္တမတန်းကျောင်းသူ)မှာ သေဆုံး သွားခဲ့သောကြောင့် ဖေဖော်ဝါရီ ၈ ရက်နေ့က ခင်ဦးမြို့မရဲစခန်းသို့ ဦးလေးတော်စပ်သူ ဦးအောင်ကျော် ထွေးက သွားရောက်တိုင်တန်းခဲ့ကြောင်း ပြောပြသည်။ ထိုသို့တိုင်းတန်းမှုကြောင့် အချိန်နှင့် တပြေး ညီ သွားရောက်ကာ မြို့မရဲစခန်းမှူး ဒုရဲမှူးထွဏ်းထွဏ်းဦး ဦးဆောင်၍ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ တရားဝင် ဆေးကုသခွင့်လိုင်စင်မရှိဘဲ ကျေးရွာအတွင်းလှည့်လည် ဆေးကုသနေသော ခင်ဦးမြို့နယ်၊ ရွှေကူတဲစုကျေး ရွာနေ (ဘ)ဦး( ) ၏သား သန်းထွန်းအောင် ၃၁ နှစ် နေအိမ်အား ၀င်ရောက်ရှာဖွေရာ ဆေးထိုးအပ်ဆိုဒ်စုံ (၃)ဗူး၊ စလိုင်းပိုက် (၁) ထုပ်၊ ဆေးမျိုးစုံ ၂၀ ဗူး တို့ကို တွေ့ရှိရသဖြင့် သိမ်းဆည်းခဲ့သည်။၎င်းဖြစ်စဉ်နှင့်ပါတ် သက်၍ အစစ်ဆေးမခံဘဲထွက်ပြေးတိမ်းရှောင်နေသူ တရားဝင် ဆေးကုသခွင့်လိုင်စင်မရှိဘဲ ဆေးနှင့်ဆေးထိုး အပ်ကိုင်ဆောင်ကုသသော သန်းထွန်းအောင် ၃၁ နှစ် အား ခင်ဦးမြို့မရဲစခန်းမှ (ပ) ၆၈/၂၀၁၉၊ ဆေးကောင်စီ ဥပဒေပုဒ်မ-၅၈ နှင့် သေမှု/သေခင်းအမှတ်စဉ်- ၃ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။