Home » Celebrity News » ပညာေရးမွာ ထူးခၽြန္ၿပီး အရည္အခ်င္း ျမင့္မားလွတဲ့ ညီမေလးအတြက္ ခ်ီးက်ဴးစကား ဆိုလိုက္တဲ့ အိေခ်ာပို

ပညာေရးမွာ ထူးခၽြန္ၿပီး အရည္အခ်င္း ျမင့္မားလွတဲ့ ညီမေလးအတြက္ ခ်ီးက်ဴးစကား ဆိုလိုက္တဲ့ အိေခ်ာပို

ပညာေရးမွာ ထူးခၽြန္ၿပီး အရည္အခ်င္း ျမင့္မားလွတဲ့ ညီမေလးအတြက္ ခ်ီးက်ဴးစကား ဆိုလိုက္တဲ့ အိေခ်ာပို

Zawgyi Font

ပညာေရးမွာ အလြန္ထူးခၽြန္တဲ့ ညီမေလးက MBA ဘြဲ႕ကို ရရွိခဲ့တဲ့အတြက္ အလြန္ဂုဏ္ယူေနတဲ့ အစ္မျဖစ္သူ အိေခ်ာပိုက ညီမေလးျဖစ္သူရဲ႕ ငယ္စဥ္က အမွတ္တရေလးမ်ားကို ေျပာျပရင္း ခ်ီးက်ဴးစကားဆိုခဲ့ပါတယ္။

Image may contain: 1 person, closeup

ဓာတ္ပံု အိေခ်ာပို

“အသက္ႀကီးတဲ့အထိပညာေတြပဲဆက္သင္ေနပါခေလး…🎓

အသက္သိပ္မကြာေပမယ့္ အိမ္မွာအငယ္ဆံုးေလးမို႔ခေလးလို႔တစ္မိသားစုလံုးကေခၚၾကတယ္…

ငယ္ငယ္ထဲကက်န္းမာေရးအရမ္းခ်ဴခ်ာလို႔ အားလံုးကဒီလိုပညာေတြတတ္မယ္လို႔ထင္မထားခဲ့ၾကဘူး…

စိတ္ခ်မ္းသာရင္ၿပီးေရာဆိုၿပီးအလိုလိုက္ထားၾကတယ္…

သူက်န္းမာေရးခ်ဴခ်ာလြန္းလို႔ ေဆးရံုေပၚကမဆင္းရလြန္းလို႔ သူ႔ေၾကာင့္ကိုယ္ပါ

ေဆးရံုေဆးခန္းေတြကိုေၾကာက္တတ္သြားတယ္

သူ႔ကိုၾကည့္ၿပီး စိတ္ဆင္းရဲလြန္းလို႔ ကိုယ္ေနမေကာင္းျဖစ္ရင္ေတာင္ ေဆးခန္းမသြားရဲေလာက္ေအာင္

ေဆးရံုေဆးခန္းကိုေၾကာက္စိတ္ဝင္သြားခဲ့တယ္…” ဆိုၿပီး ညီမေလးရဲ႕ ပံုရိပ္ေလးမ်ားကို share ရင္း

ေဖေဖာ္၀ါရီလ (၉) ရက္ေန႕က သူမရဲ႕ေဖ့စ္ဘြတ္တြင္ ေရးသားထားခဲ့တာ ျဖစ္ပါတယ္။

Image may contain: one or more people, people standing, hat and outdoor

ဓာတ္ပံု အိသီရိခ်ိဳေမာင္

ငယ္စဥ္ကတည္းက က်န္းမာေရး ခ်ဴခ်ာလို႕ မိသားစုအားလံုးကပါ ဂရုစိုက္ေစာင့္ေရွာက္ရင္း အလိုလိုက္ခဲ့ရတဲ့ ညီမေလးက အခုကဲ့သို႕ ထူးခၽြန္တဲ့ သူေလးျဖစ္တာေၾကာင့္ အိေခ်ာပိုတစ္ေယာက္ အရမ္းကို ဂုဏ္ယူေနခဲ့ပါတယ္။

“ခုက်ေတာ့လည္း သူ႔အသိစိတ္ဓါတ္ သူ႔အရည္အခ်င္းက အရမ္းခ်ီးက်ဴးစရာေကာင္းလွပါတယ္…

ဆက္ႀကိဳးစားပါ…💪 Congratulations 🎉 Love you so much baby 👶” ဆိုၿပီး

ဆက္လက္ေရးသားခဲ့ပါတယ္။

Image may contain: one or more people, people standing and outdoor

ဓာတ္ပံု အိသီရိခ်ိဳေမာင္

အစ္မ ျဖစ္သူ အိေခ်ာပိုနဲ႕ ညီမျဖစ္သူ အိသီရိခ်ိဳေမာင္ တို႕ ညီအစ္မႏွစ္ဦးဟာ အသက္ (၃) ႏွစ္ကြာၿပီး သီခ်င္းဆုိရတာကို ၀ါသနာပါၾကသူမ်ား ျဖစ္ပါတယ္။

Image may contain: 1 person, standing and outdoor

ဓာတ္ပံု အိေခ်ာပို

အိေခ်ာပိုဟာ ေအာင္ျမင္ေနတဲ့ အႏုပညာရွင္တစ္ဦးျဖစ္ၿပီး က်စ္လစ္လွပတဲ့ ခႏၶာကိုယ္အလွတရားမ်ားေၾကာင့္ ပရိသတ္မ်ား အားက်ႏွစ္သက္ရတဲ့ သူတစ္ဦးလည္း ျဖစ္ပါတယ္။ က်ရာဇာတ္ရုပ္တိုင္းကို သရုပ္ေဆာင္ပီျပင္ေအာင္ စြမ္းေဆာင္ႏိုင္မႈေၾကာင့္ ပရိသတ္အားလံုးရဲ႕ သေဘာက်မႈကို ပိုင္ဆိုင္ထားႏိုင္ခဲ့ပါတယ္။

 

 

Unicode Font

ပညာရေးမှာ အလွန်ထူးချွန်တဲ့ ညီမလေးက MBA ဘွဲ့ကို ရရှိခဲ့တဲ့အတွက် အလွန်ဂုဏ်ယူနေတဲ့ အစ်မဖြစ်သူ အိချောပိုက ညီမလေးဖြစ်သူရဲ့ ငယ်စဉ်က အမှတ်တရလေးများကို ပြောပြရင်း ချီးကျူးစကားဆိုခဲ့ပါတယ်။

 

“အသက်ကြီးတဲ့အထိပညာတွေပဲဆက်သင်နေပါခလေး…🎓

အသက်သိပ်မကွာပေမယ့် အိမ်မှာအငယ်ဆုံးလေးမို့ခလေးလို့တစ်မိသားစုလုံးကခေါ်ကြတယ်…

ငယ်ငယ်ထဲကကျန်းမာရေးအရမ်းချူချာလို့ အားလုံးကဒီလိုပညာတွေတတ်မယ်လို့ထင်မထားခဲ့ကြဘူး…

စိတ်ချမ်းသာရင်ပြီးရောဆိုပြီးအလိုလိုက်ထားကြတယ်…

သူကျန်းမာရေးချူချာလွန်းလို့ ဆေးရုံပေါ်ကမဆင်းရလွန်းလို့ သူ့ကြောင့်ကိုယ်ပါ

ဆေးရုံဆေးခန်းတွေကိုကြောက်တတ်သွားတယ်

သူ့ကိုကြည့်ပြီး စိတ်ဆင်းရဲလွန်းလို့ ကိုယ်နေမကောင်းဖြစ်ရင်တောင် ဆေးခန်းမသွားရဲလောက်အောင်

ဆေးရုံဆေးခန်းကိုကြောက်စိတ်ဝင်သွားခဲ့တယ်…” ဆိုပြီး ညီမလေးရဲ့ ပုံရိပ်လေးများကို share ရင်း

ဖေဖော်ဝါရီလ (၉) ရက်နေ့က သူမရဲ့ဖေ့စ်ဘွတ်တွင် ရေးသားထားခဲ့တာ ဖြစ်ပါတယ်။

 

ငယ်စဉ်ကတည်းက ကျန်းမာရေး ချူချာလို့ မိသားစုအားလုံးကပါ ဂရုစိုက်စောင့်ရှောက်ရင်း အလိုလိုက်ခဲ့ရတဲ့ ညီမလေးက အခုကဲ့သို့ ထူးချွန်တဲ့ သူလေးဖြစ်တာကြောင့် အိချောပိုတစ်ယောက် အရမ်းကို ဂုဏ်ယူနေခဲ့ပါတယ်။

“ခုကျတော့လည်း သူ့အသိစိတ်ဓါတ် သူ့အရည်အချင်းက အရမ်းချီးကျူးစရာကောင်းလှပါတယ်…

ဆက်ကြိုးစားပါ…💪 Congratulations 🎉 Love you so much baby 👶” ဆိုပြီး

ဆက်လက်ရေးသားခဲ့ပါတယ်။

 

အစ်မ ဖြစ်သူ အိချောပိုနဲ့ ညီမဖြစ်သူ အိသီရိချိုမောင် တို့ ညီအစ်မနှစ်ဦးဟာ အသက် (၃) နှစ်ကွာပြီး သီချင်းဆိုရတာကို ၀ါသနာပါကြသူများ ဖြစ်ပါတယ်။

 

အိချောပိုဟာ အောင်မြင်နေတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး ကျစ်လစ်လှပတဲ့ ခန္ဓာကိုယ်အလှတရားများကြောင့် ပရိသတ်များ အားကျနှစ်သက်ရတဲ့ သူတစ်ဦးလည်း ဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်တိုင်းကို သရုပ်ဆောင်ပီပြင်အောင် စွမ်းဆောင်နိုင်မှုကြောင့် ပရိသတ်အားလုံးရဲ့ သဘောကျမှုကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။