Home » Celebrity News » Valentine Day အတြက္ ပထမဆံုး surprise လုပ္ခဲ့တဲ့ ပိုင္တံခြန္

Valentine Day အတြက္ ပထမဆံုး surprise လုပ္ခဲ့တဲ့ ပိုင္တံခြန္

Valentine Day အတြက္ ပထမဆံုး surprise  လုပ္ခဲ့တဲ့ ပိုင္တံခြန္

Zawgyi Font

ပိုင္တံခြန္ဟာ မၾကာခင္က်ေရာက္လာေတာ့မယ့္ Valentine Day မေရာက္မွီ မိန္းကေလး ပရိသတ္မေလးတစ္ဦးအတြက္ ပထမဆံုး surprise ေလးကို ျပဳလုပ္ေပးခဲ့တယ္လို႕ သိရပါတယ္။

Image may contain: 1 person, smiling, standing and outdoor

ဓာတ္ပံု ပိုင္တံခြန္

“Valentine Day အတြက္ ပထမဆံုး surprise 😍😍😍

Tango Chocolate ကေန မဲေပါက္တဲ့ ညီမေလးကို က်ေနာ္ကိုယ္တိုင္ surprise ေလးျဖစ္ေအာင္ ပန္းစည္းေလး လာပို႔ေပးတာ”  ဆိုၿပီး ေဖေဖာ္၀ါရီလ (၉) ရက္ေန႕က သူ႕ရဲ႕ေဖ့စ္ဘြတ္တြင္ ေရးသားထားခဲ့တာ ျဖစ္ပါတယ္။

Image may contain: 3 people, people smiling, people standing and outdoor

ဓာတ္ပံု ပိုင္တံခြန္

ေမာ္ဒယ္လ္နဲ႕ သရုပ္ေဆာင္ ပိုင္တံခြန္ဟာ သူ႕ရဲ႕ ကိုယ္ပိုင္ Brand ေလးကို ေဖေဖာ္၀ါရီလ “ခ်စ္သူမ်ားေန႕” အမွီ ထြက္ႏိုင္ေအာင္ ျပင္ဆင္ေနတယ္လုိ႕ သိရပါတယ္။ သူ႕ရဲ႕ Brand ေလးက ဘာလိုပံုစံမ်ိဳးလည္း ဆိုတာကို ပရိသတ္မ်ားစြာက သိခ်င္ေနၾကၿပီး ဘာထုတ္မယ္ဆိုတာ မေျပာျပေတာ့ တခ်ိဳ႕ပရိသတ္မ်ားက စိတ္ဆိုးၾကတယ္လို႕ ဆိုခဲ့ပါတယ္။

Image may contain: 2 people, people standing, people sitting and child

ဓာတ္ပံု ပိုင္တံခြန္

သူ႕ရဲ႕ Brand ေလးကိုလည္း ေယာက်္ားေလးေရာ မိန္းကေလးေရာ သံုးလို႕ရမယ့္ ပစၥည္းတစ္ခုျဖစ္ေအာင္ ျပင္ဆင္ေနတယ္လို႕လည္း သိရပါတယ္။

Image may contain: 2 people, people smiling, outdoor

ဓာတ္ပံု ပိုင္တံခြန္

ပိုင္တံခြန္ဟာ ေမာ္ဒယ္လ္တစ္ဦးအျဖစ္ အႏုပညာနယ္ပယ္ထဲသို႕ စတင္၀င္ေရာက္လာခဲ့ၿပီးေနာက္ အခုဆိုရင္ သရုပ္ေဆာင္တစ္ဦးအျဖစ္ပါ ေအာင္ျမင္စြာ ရပ္တည္ေနၿပီျဖစ္ပါတယ္။ မိန္းကေလးထုၾကီးသာမက ေယာက်ာ္းေလးပရိသတ္မ်ားကပါ အားေပးတာေၾကာင့္ ပိုင္တံခြန္ဟာ ပိုၿပီးေအာင္ျမင္ေက်ာ္ၾကားခဲ့ပါတယ္။

 

 

Unicode Font

ပိုင်တံခွန်ဟာ မကြာခင်ကျရောက်လာတော့မယ့် Valentine Day မရောက်မှီ မိန်းကလေး ပရိသတ်မလေးတစ်ဦးအတွက် ပထမဆုံး surprise လေးကို ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

 

“Valentine Day အတွက် ပထမဆုံး surprise 😍😍😍

Tango Chocolate ကနေ မဲပေါက်တဲ့ ညီမလေးကို ကျနော်ကိုယ်တိုင် surprise လေးဖြစ်အောင် ပန်းစည်းလေး လာပို့ပေးတာ”  ဆိုပြီး ဖေဖော်ဝါရီလ (၉) ရက်နေ့က သူ့ရဲ့ဖေ့စ်ဘွတ်တွင် ရေးသားထားခဲ့တာ ဖြစ်ပါတယ်။

 

မော်ဒယ်လ်နဲ့ သရုပ်ဆောင် ပိုင်တံခွန်ဟာ သူ့ရဲ့ ကိုယ်ပိုင် Brand လေးကို ဖေဖော်ဝါရီလ “ချစ်သူများနေ့” အမှီ ထွက်နိုင်အောင် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ သူ့ရဲ့ Brand လေးက ဘာလိုပုံစံမျိုးလည်း ဆိုတာကို ပရိသတ်များစွာက သိချင်နေကြပြီး ဘာထုတ်မယ်ဆိုတာ မပြောပြတော့ တချို့ပရိသတ်များက စိတ်ဆိုးကြတယ်လို့ ဆိုခဲ့ပါတယ်။

 

သူ့ရဲ့ Brand လေးကိုလည်း ယောကျ်ားလေးရော မိန်းကလေးရော သုံးလို့ရမယ့် ပစ္စည်းတစ်ခုဖြစ်အောင် ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။

 

ပိုင်တံခွန်ဟာ မော်ဒယ်လ်တစ်ဦးအဖြစ် အနုပညာနယ်ပယ်ထဲသို့ စတင်ဝင်ရောက်လာခဲ့ပြီးနောက် အခုဆိုရင် သရုပ်ဆောင်တစ်ဦးအဖြစ်ပါ အောင်မြင်စွာ ရပ်တည်နေပြီဖြစ်ပါတယ်။ မိန်းကလေးထုကြီးသာမက ယောကျာ်းလေးပရိသတ်များကပါ အားပေးတာကြောင့် ပိုင်တံခွန်ဟာ ပိုပြီးအောင်မြင်ကျော်ကြားခဲ့ပါတယ်။