Home » Celebrity News » ပထမဆုံးရရှိခဲ့တဲ့ အနုပညာကြေးနဲ့ မိဘနှစ်ပါးကို ကန်တော့ခဲ့တဲ့ နေရွှေသွေးအောင်

ပထမဆုံးရရှိခဲ့တဲ့ အနုပညာကြေးနဲ့ မိဘနှစ်ပါးကို ကန်တော့ခဲ့တဲ့ နေရွှေသွေးအောင်

ပထမဆုံးရရှိခဲ့တဲ့ အနုပညာကြေးနဲ့ မိဘနှစ်ပါးကို ကန်တော့ခဲ့တဲ့ နေရွှေသွေးအောင်

Zawgyi Font


Image may contain: 2 people, people smiling, people sitting and indoor

ဓာတ်ပုံ နေရွှေသွေးအောင်


Image may contain: 1 person, standing, sky, mountain, tree, outdoor and nature

ဓာတ်ပုံ နေရွှေသွေးအောင်


Image may contain: sky, outdoor, nature and water

ဓာတ်ပုံ နေရွှေသွေးအောင်


Image may contain: 1 person, outdoor

ဓာတ်ပုံ နေရွှေသွေးအောင်


 

Unicode Font

နေရွှေသွေးအောင်က ပထမဆုံးအကြိမ် ရရှိခဲ့တဲ့ အနုပညာကြေးနဲ့ မိဘနှစ်ပါးကို ကန်တော့ခဲ့ကြောင်း သူ့ရဲ့ဖေ့်ဘွတ်တွင် ဖေဖော်ဝါရီလ (၉) ရက်နေ့က ရေးသားဖော်ပြခဲ့ပြီး ကြည်နူးဖွယ်ကောင်းတဲ့ ပုံရိပ်လေးကိုလည်း ဝေမျှထားခဲ့တာ ဖြစ်ပါတယ်။

 

သူ့ရဲ့ သိတတ်လိမ္မာမှုလေးကြောင့် ပရိသတ်အားလုံးက ချီးမွမ်းစကားများ ဆိုခဲ့ကြပါတယ်။

 

နေရွှေသွေးအောင်ဟာ Cover Song များကို ပရိသတ်များ စိတ်ဝင်စားအောင် အကြမ်းစား ရိုက်ကူးပုံဖော်နိုင်တာကြောင့် သူ့ရဲ့ ဆန်းသစ်မှု တေးဂီတများဟာ အလွန်အောင်မြင်ခဲ့ပါတယ်။ လတ်တလောမှာတော့ Cover Song တစ်ပုဒ်ဖြစ်တဲ့ ကမ္ဘာကျော် အဆိုတော်ကြီး Enrique Iglesias သီဆိုထားတဲ့ ‘Hero’ ဆိုတဲ့ သီချင်းလေးကို ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ သရုပ်ဆောင်များအဖြစ် နေရွှေသွေးအောင်နဲ့အတူ နိုင်ငံကျော် အနုပညာရှင်များဖြစ်တဲ့ အကယ်ဒမီ နေအောင်နဲ့ သရုပ်ဆောင် ရွှေမှုံရတီတို့က အကောင်းဆုံးရိုက်ကူးခဲ့ကြပါတယ်။

 

ထိုသီချင်းဗီဒီယိုလေးကို ကြည့်ရှုသူပေါင်းများစွာ ရှိခဲ့ပြီး ပုံဖော်ရိုက်ကူးချက်များကလည်း အလွန်ရင်သပ်ရှုမောရတာကြောင့် လူကြိုက်များခဲ့ပါတယ်။

 

နေရွှေသွေးအောင်ဟာ ထပ်မံပြီး အကောင်းဆုံးအနုပညာများကို ချပြနိုင်ဖို့အတွက် ကြိုးစားနေတယ်လို့ သိရပါတယ်။ ပရိသတ်များကလည်း နေရွှေသွေးအောင်ရဲ့ အသစ်ထွက်ရှိလာမယ့် သီချင်းဗီဒီယိုများကို စောင့်မျှော်အားပေးနေကြပါတယ်။