Home » Celebrity News » Instagram သိုလောသိုလော ဖြစ်နေကြတဲ့ ရွှေကစ်လေးနဲ့ တက်သစ်စသရုပ်ဆောင်ဒေါင်းတို့ရဲ့ ဓာတ်ပုံတွေ
Unicode
Instagram သိုလောသိုလော ဖြစ်နေကြတဲ့ ရွှေကစ်လေးနဲ့ တက်သစ်စသရုပ်ဆောင်ဒေါင်းတို့ရဲ့ ဓာတ်ပုံတွေ
ကစ်နဲ့ ဒေါင်းဟာ အခုနောက်ပိုင်းမှာ ပရိသတ်တွေကြားထဲမှာ ရေပန်းစားနေပြီး အရမ်းကိုသဘောတူတာ ခံနေရ တဲ့ အတွဲလေးပါ။ ဝတ်မှုန်ရွှေရည်ဟာ မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတစ်ဦးဖြစ်သလို ဒေါင်းဟာလည်း ဆယ်ကျော်သက် ကောင်မလေးတွေရဲ့အသည်းကိုသိမ်းပိုက်ထားတဲ့ မင်းသားတစ်လက် ဆိုရင် လည်း မမှား ပါဘူး မကြာသေးမီက ဒေါင်းနဲ့ကစ်ကို လိပ်ပြာစံအိမ်ရုပ်ရှင်အထူးပွဲမှာ အတူတွဲတွေ့ ခဲ့ရပြီးအဲဒီမတိုင်ခင် မှာလည်း ဒေါင်းနဲ့ကစ်နဲ့အကျႌဆင်တူဝတ်နေတယ်တိို့၊ချစ်သူတွေဖြစ်နေကြပြီလားတို့ဆိုတဲ့ ကောလဟ လတွေကပျံ့နှံ့နေခဲ့ပြီး အဲဒါတွေကို လောင်စာဖြည့်ပေးလိုက်တာကတော့ ကစ်နဲ့အတူတူရှိနေချိန်တိုင်းမှာ ကစ်ရဲ့မျက်နှာနုနုလေးဆီမှာပဲအမြဲတမ်းတဝဲလည်လည်ရောက်ရှိနေတဲ့ မင်းသားချော ဒေါင်းရဲ့ရင်ခုန်စရာ အသည်းယားစရာအကြည့်တွေပဲဖြစ်ပါတယ်။ အစကတည်းက သို့လောသို့လောဖြစ်နေကြတဲ့ပရိသတ်ကြီးဟာ ဒေါင်းရဲ့အကြင်နာအကြည့်တွေကိုမြင်လိုက်ရချိန်မှာတော့ ကစ်နဲ့အရမ်းကိုသဘောတူသွားကြတော့တာပါပဲ။ အချို့ပရိသတ်တွေကတော့ ဒေါင်းကသာအရိပ်တကြည့်ကြည့်ဖြစ်နေတာ ကစ်ကတော့ ဂရုမစိုက်သလိုပါပဲဆိုပြီး စိတ်မကောင်းဖြစ်နေကြသူတွေလည်းရှိပါတယ်။ ဒါပေမယ့် ကစ်က အဲဒီလိုမဟုတ်ပါဘူးဆိုတာ သက်သေပြ လိုက်ပါပြီ။ ကစ်က မကြာသေးမီက Instagram မှာ လိပ်ပြာစံအိမ် ပရီမီယာတုန်းက ဓာတ်ပုံတွေကို တင်လာ ခဲ့ပါတယ်။ ဒါပေမယ့်ဘယ်ပွဲမဆိုတစ်ယောက်တည်းဓာတ်ပုံလှလှလေးတွေပဲ တင်လေ့ရှိတဲ့ ကစ်လေးက အခု တော့ ဒေါင်းနဲ့အတူတွဲရိုက်ထားတဲ့ဓာတ်ပုံလေးတွေကိုလည်းတင်လာခဲ့တာမို့ ပရိသတ်တွေက တော့ အရမ်းကို အသည်းယားနေကြပါပြီ။ နိုင်ငံတကာမှာဆို ချစ်သူတွေဖြစ်နေပြီလားလို့ကောလ ဟလတွေ ထွက်နေ တဲ့ အနုပညာရှင်တွေက Instagram မှာ ဓာတ်ပုံတွေအတူတွဲတင်ပြီးချစ်သူတွေ တကယ် ဖြစ်နေ ပြီဆိုတဲ့ အကြောင်း Dating News တွေကို comfirm ပေးလေ့ရှိတာမို့ အခုလည်း ရွှေကစ်လေး က ဒေါင်းနဲ့ပုံတွေကို Instagram မှာတင်လိုက်တဲ့အခါ တကယ်ကြီးချစ်သူတွေ ဖြစ်နေကြပြီလားဆိုပြီး ပရိသတ် တွေက စိတ်လှုပ်ရှားကုန်ကြပါတယ်။အခုထိတော့ ကစ်နဲ့ဒေါင်းက အနုပညာမောင်နှမဆက်ဆံရေးပဲရှိတယ်ဆိုပေမယ့် ဒေါင်းရဲ့အကြင်နာအကြည့်တွေက ကစ်တစ်ယောက်သတိမပြုမိပဲမနေနိုင်လောက်အောင်ကို ချစ်ဖို့ကောင်းလွန်း နေတယ် ဆိုတာတော့ မငြင်းနိုင်ပါဘူး။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော ကစ်နဲ့ဒေါင်းနဲ့ တကယ်ပဲချစ်သူတွေ ဖြစ်နေကြတယ်ထင်လား။ အခုမဖြစ်သေးရင်တောင်အနှေးနဲ့အမြန်ချစ်သွားကြတော့မယ်လို့ ချစ်ပရိတ်သတ်ကြီးက ထင်လား။ တစ်ခုခုပြောခဲ့အုံးနော် …….။