Home » Celebrity News » ျပစ္ဒဏ္ေလ်ာ့ေပါ့ လႊတ္ေပးဖို႔ ေမွ်ာ္လင့္ခ်က္ ရွိလာႏိုင္တဲ့ သရုပ္ေဆာင္မိုးေအာင္ရင္ရဲ႕ အမႈ

ျပစ္ဒဏ္ေလ်ာ့ေပါ့ လႊတ္ေပးဖို႔ ေမွ်ာ္လင့္ခ်က္ ရွိလာႏိုင္တဲ့ သရုပ္ေဆာင္မိုးေအာင္ရင္ရဲ႕ အမႈ

ျပစ္ဒဏ္ေလ်ာ့ေပါ့ လႊတ္ေပးဖို႔ ေမွ်ာ္လင့္ခ်က္ ရွိလာႏိုင္တဲ့ သရုပ္ေဆာင္မိုးေအာင္ရင္ရဲ႕ အမႈ

မူးယစ္ေဆးဝါး လက္ဝယ္ေတြ႕ရွိမႈနဲ႔ ေထာင္ဒဏ္ ၁၇ ႏွစ္ က်ခံထားရတဲ့ မိုးေအာင္ရင္ရဲ႕ အမႈကို ရန္ကုန္ အေရွ႕ပိုင္း တရားရံုးမွာ ေဖေဖာ္ဝါရီ ၈ ရက္ေန႔က အယူခံေလွ်ာက္လြဲခ်က္ ၾကားနာခဲ့ပါတယ္။ ျပီးခဲ့တဲ့ ဒီဇင္ ဘာလ ၂၇ ရက္ေန႔က အယူခံ ဝင္ခဲ့တာ ျဖစ္ျပီး ဒီေန႔ ေဖေဖာ္ဝါရီလ ၈ ရက္ေန႕မွာ လာေရာက္ၾကားနာခဲ့တာ ျဖစ္ပါတယ္။ အမိန္႔ခ်မွတ္ဖို႔ကိုေတာ့ ေဖေဖာ္ဝါရီ ၂၇ ရက္ေန႔မွာ ျပန္ခ်ိန္းခဲ့တယ္လို႔ သိရပါတယ္။

မိုးေအာင္ရင္ ဘက္ကေန တရားလႊတ္ေတာ္ေနေရွ႕ေန ဦးခင္ေမာင္တင့္က တာဝန္ယူ ေဆာင္ရြက္ေပးမွာ ျဖစ္ျပီး ေမွ်ာ္ လင့္ ခ်က္ ရွိႏုိင္ေၾကာင္း ခုလို ေျပာသြားပါတယ္။ “ဒီေန႔ကေလ မုိးေအာင္ရင္ကို ျပစ္ဒဏ္အေပၚ အယူခံမႈအတြက္ ေလွ်ာက္လႊဲခ်က္ တင္တာေပါ့ေနာ္။ ေလွ်ာက္လႊဲခ်က္မွာေတာ့ အခ်က္က မမ်ားေတာ့ေလ အေသးစိပ္ မေျပာ ေတာ့ဘူး။ ျမိဳ႕နယ္ရံုးက အယူခံတက္ခြင့္ ရွိတဲ့အတြက္ ခရိုင္ရံုးကို အယူခံတက္ျပီးေတာ့ သူ႔အခြင့္အေရး ေတာင္းဆိုတာ။

အေၾကာင္းျပခ်က္ကေတာ့ သူ႔အေပၚမွာ ခ်ထားတဲ့ ျပစ္ဒဏ္ကို စဥ္းစားေပးဖို႔ ေနာက္တစ္ခါ အခြင့္အေရး ေတာင္းတာေပါ့။ အခြင့္အေရးကေတာ့ လိုရင္းေျပာရရင္ ျပစ္ဒဏ္လႊတ္ေပးဖို႔ပါ။ ခရိုင္ကအမႈကို သီးျခား တိုင္းေဒသၾကီး လႊတ္ေတာ္ဆီ အယူခံ တက္ထားတယ္။ အယူခံ ၁/၂၀၁၉ နဲ႔ တက္ထားတယ္။ ဒီဇင္ဘာ ၂၇ ေလာက္ ျဖစ္မယ္ထင္တယ္။ အမႈအေပၚ မူတည္ျပီး ေမွ်ာ္လင့္ခ်က္ ရွိႏိုင္ပါတယ္။ ရွိႏိုင္လို႔လည္း တက္တာေပါ့။ ပံုမွန္ကေလ အခုလ ၂၂ ရက္ေန႕မွာ တင္ထားတဲ့ အယူခံအမႈကို လက္ခံသင့္ မသင့္ဆိုတာ ၾကားနာဖို႔ ခ်ိန္းထားတယ္။

အမိန္႕ခ်တာကေတာ့ ၂၇ ရက္ေန႔ အျပီးသတ္ အမိန္႔ခ်မယ္။” ဆိုျပီး ေျပာျပ သြားခဲ့ပါတယ္။ ပရိသတ္ေတြကေတာ့ မိုးေအာင္ရင္ရဲ႕ အမႈကို ျပစ္ဒဏ္ေလွ်ာ့ေပါ့ ေပးဖို႕ လိုလားေတာင့္တ ၾကသလို တရားေသာစီရင္မႈ ျဖစ္ပါေစလို႕လည္း ဆုေတာင္းေနၾကပါတယ္။

Unicode


ပြစ်ဒဏ်လျော့ပေါ့ လွှတ်ပေးဖို့ မျှော်လင့်ချက် ရှိလာနိုင်တဲ့ သရုပ်ဆောင်မိုးအောင်ရင်ရဲ့ အမှု
မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုနဲ့ ထောင်ဒဏ် ၁၇ နှစ် ကျခံထားရတဲ့ မိုးအောင်ရင်ရဲ့ အမှုကို ရန်ကုန် အရှေ့ပိုင်း တရားရုံးမှာ ဖေဖော်ဝါရီ ၈ ရက်နေ့က အယူခံလျှောက်လွဲချက် ကြားနာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင် ဘာလ ၂၇ ရက်နေ့က အယူခံ ဝင်ခဲ့တာ ဖြစ်ပြီး ဒီနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ လာရောက်ကြားနာခဲ့တာ ဖြစ်ပါတယ်။ အမိန့်ချမှတ်ဖို့ကိုတော့ ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ပြန်ချိန်းခဲ့တယ်လို့ သိရပါတယ်။ မိုးအောင်ရင် ဘက်ကနေ တရားလွှတ်တော်နေရှေ့နေ ဦးခင်မောင်တင့်က တာဝန်ယူ ဆောင်ရွက်ပေးမှာ ဖြစ်ပြီး မျှော် လင့် ချက် ရှိနိုင်ကြောင်း ခုလို ပြောသွားပါတယ်။ “ဒီနေ့ကလေ မိုးအောင်ရင်ကို ပြစ်ဒဏ်အပေါ် အယူခံမှုအတွက် လျှောက်လွှဲချက် တင်တာပေါ့နော်။ လျှောက်လွှဲချက်မှာတော့ အချက်က မများတော့လေ အသေးစိပ် မပြော တော့ဘူး။ မြို့နယ်ရုံးက အယူခံတက်ခွင့် ရှိတဲ့အတွက် ခရိုင်ရုံးကို အယူခံတက်ပြီးတော့ သူ့အခွင့်အရေး တောင်းဆိုတာ။ အကြောင်းပြချက်ကတော့ သူ့အပေါ်မှာ ချထားတဲ့ ပြစ်ဒဏ်ကို စဉ်းစားပေးဖို့ နောက်တစ်ခါ အခွင့်အရေး တောင်းတာပေါ့။ အခွင့်အရေးကတော့ လိုရင်းပြောရရင် ပြစ်ဒဏ်လွှတ်ပေးဖို့ပါ။ ခရိုင်ကအမှုကို သီးခြား တိုင်းဒေသကြီး လွှတ်တော်ဆီ အယူခံ တက်ထားတယ်။ အယူခံ ၁/၂၀၁၉ နဲ့ တက်ထားတယ်။ ဒီဇင်ဘာ ၂၇ လောက် ဖြစ်မယ်ထင်တယ်။ အမှုအပေါ် မူတည်ပြီး မျှော်လင့်ချက် ရှိနိုင်ပါတယ်။ ရှိနိုင်လို့လည်း တက်တာပေါ့။ ပုံမှန်ကလေ အခုလ ၂၂ ရက်နေ့မှာ တင်ထားတဲ့ အယူခံအမှုကို လက်ခံသင့် မသင့်ဆိုတာ ကြားနာဖို့ ချိန်းထားတယ်။ အမိန့်ချတာကတော့ ၂၇ ရက်နေ့ အပြီးသတ် အမိန့်ချမယ်။” ဆိုပြီး ပြောပြ သွားခဲ့ပါတယ်။ ပရိသတ်တွေကတော့ မိုးအောင်ရင်ရဲ့ အမှုကို ပြစ်ဒဏ်လျှော့ပေါ့ ပေးဖို့ လိုလားတောင့်တ ကြသလို တရားသောစီရင်မှု ဖြစ်ပါစေလို့လည်း ဆုတောင်းနေကြပါတယ်။