Home » Celebrity News » အင်ဒိုနီးရှားမှာ ပိုလာဘာလီကျွန်းလေးဝယ် … သူနဲ့လည်းတွေ့လို့ချစ်ကြိုးသွယ် နေကြတဲ့ ရွှေထူး နဲ့ ရွှေမှုံ

အင်ဒိုနီးရှားမှာ ပိုလာဘာလီကျွန်းလေးဝယ် … သူနဲ့လည်းတွေ့လို့ချစ်ကြိုးသွယ် နေကြတဲ့ ရွှေထူး နဲ့ ရွှေမှုံ

အင်ဒိုနီးရှားမှာ  ပိုလာဘာလီကျွန်းလေးဝယ် … သူနဲ့လည်းတွေ့လို့ချစ်ကြိုးသွယ် နေကြတဲ့ ရွှေထူး နဲ့ ရွှေမှုံ

ရွှေထူးနဲ့ရွှေမှုံတို့စုံတွဲဟာ ချစ်သူဖြစ်စကတည်းက ဝေဖန်မှုပေါင်းများစွာနဲ့အချစ်ခရီးလမ်းကိုစတင်ခဲ့ရပေမယ့် လက်ထပ်ပြီးအချိန်အတန်ကြာတဲ့အခုအချိန်အထိ တစ်ယောက်နဲ့တစ်ယောက်ကြင်နာစွာ ချစ်မြတ်နိုးနေကြတုန်း ပါပဲ။ တစ်နေ့ထက်တစ်နေ့ပိုချစ်လာပုံရတဲ့ ရွှေထူးနဲ့ရွှေမှုံက ခရီးတွေနေရာပေါင်းစုံကိုထွက်ပြီး ဓာတ်ပုံတွေများစွာ ရိုက်ကာ

သူုတို့ရဲ့အချစ်သက်တမ်းအမှတ်တရတွေကို မှတ်တမ်းတင်နေကြဆဲပါ။ ပရိသတ်တွေကတော့ ရွှေထူး နဲ့ ရွှေမှုံကို ကလေးယူစေချင်နေကြပြီပေမယ့် ရွှေမှုံက ကြိုတင်ပြင်ဆင်ရမှာတွေရှိသေးတာနဲ့ အလုပ်လုပ်စရာ တွေရှိ သေးတာကြောင့် ကလေးမယူသေးဘူးလို့ပြောထားပါတယ်။ ရွှေထူးနဲ့ရွှေမှုံဟာ သိပ်မကြာသေးခင်ကပဲ

ချစ်သက်တမ်းအမှတ်တရနေ့လေးမှာတစ်ယောက်နဲ့တစ်ယောက်အရမ်းကိုဈေးကြီးတဲ့လက်ဆောင်တွေအပြန်အလှန်ပေးကြပြီးအချစ်သက်သေတွေပြခဲ့ကြပါသေးတယ်။ ရွှေမှုံနဲ့ရွှေထူးနှစ်ယောက်စလုံးရဲ့ ချစ်ရသူကိုပေးဖို့ ရွေးချယ်မှုဟာ Gucci ပစ္စည်းတွေချည်းပဲဖြစ်နေတာကြောင့်ပရိသတ်တွေက ရွှေနှစ်ရွှေလုပ်မှ ဂူချီက တကယ် နာမည်ကြီးသွားတော့မှာပဲလို့တောင် ချစ်စနိုးနဲ့စနောက်ခဲ့ကြပါသေးတယ်။

ရွှေမှုံကရွှေထူးကိုပေးခဲ့တဲ့အင်္ကျီနဲ့ ဘောင်းဘီဝမ်းဆက်ဟာ Gucci တွေချည်းပဲဖြစ်ပြီး Gucci အင်္ကျီက $1750 ဝန်းကျင်ရှိပြီး မြန်မာငွေ နှစ်ဆယ့် ခြောက်သိန်းကျော်တန်ပါတယ်။ Trousers တွေကတော့ $1380 တန်ဖိုးရှိပြီး မြန်မာငွေ နှစ်ဆယ့် တစ်သိန်း ကျော် တန်တာမို့ နှစ်ခုပေါင်း မြန်မာငွေ လေးဆယ့်ခုနစ်သိန်းဝန်းကျင်ရှိနေတာပါ။

သိန်းငါးဆယ်နီးပါးရှိတဲ့ ဝမ်းဆက်တစ်စုံလို့ဆိုရမှာပါပဲ။ ရွှေထူးကတော့ ရွှေမှုံ့ကို မြန်မာငွေ ဆယ့်သုံးသိန်းဝန်းကျင်ရှိ sneakers တစ်ရံလက်ဆောင်ပေးခဲ့ပါတယ်။ အခုတစ်ခါလည်း ရွှေထူးနဲ့ရွှေမှုံဟာ အင်ဒိုနီးရှားကိုခရီးထွက်ပြီး ချစ်ကြည်နူး ပျော်ရွှင်နေကြပါတယ်။ အပူအပင်တွေကင်းဝေးပြီးသာယာပျော်ရွှင်နေတဲ့ရွှေနှစ်ရွှေရဲ့အပျော်တွေဟာ ပရိသတ် တွေ ကိုပါ ကူးစက်လာစေခဲ့ပါတယ်။