Home » Celebrity News » တစ်ယောက်တည်း နေရတာ အရမ်းကြိုက်တယ်လို့ ပြောပြလာတဲ့ အပျိုကြီး မမ သရုပ်ဆောင်ဂန္တဝင်
Unicode
တစ်ယောက်တည်း နေရတာ အရမ်းကြိုက်တယ်လို့ ပြောပြလာတဲ့ အပျိုကြီး မမ သရုပ်ဆောင်ဂန္တဝင်
ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှု ရရှိထားပြီး ပုရိသယောက်ျားလေး အများစု ကြိုက်နှစ်သက်ခဲ့ရတဲ့ နိုင်ငံကျော်မင်းသမီး ဂန္တဝင်ကတော့ အသက်၃၀ကျော်တဲ့အထိ တစ်ယောက်ထဲနေလာတာကြောင့် တစ်ယောက်ထဲနေရတာကို ပိုကြိုက်နေပြီး တစ်ယောက်ထဲပဲ နေဖြစ်ဖို့ များနေကြောင်း အင်တာဗျူးတစ်ခုမှာ ပြောဆိုသွားခဲ့ပါတယ်။ ခွဲစိတ်ပြုပြင် မှုတွေ များလာတဲ့အပေါ် ဂန္တဝင်က “နည်းပညာတိုးတက်လာတဲ့အတွက် ကောင်းတယ်ပေါ့နော် ဖြစ်ချင်တာ ကိုယ်ဖြစ်ချင်တာကို လုပ်ခွင့်ရတယ်ပေါ့နော် အမတို့ငယ်ငယ်တုန်းကဆို နည်းပညာတွေသိပ်ခေတ်မစားဘူး။ အဲ့လိုကျတော့ ကိုယ်ရဲ့မလှတဲ့ အစိတ်အပိုင်းတွေကို ပြင်ခွင့်မရရှိဘူး။ အခုခါကျတော့ ခန္ဓာကိုယ်မှာ ကိုယ်ဖြစ်ချင်တာမှန် သမျျှ ဖြစ်လိုက်လို့ရတယ်။ နှာခေါင်းပြားတယ်ဆိုရင် ဆီလီကွန်ဖြည့်ချင်တယ် မျက်ရစ်မရှိဘူးဆိုရင် မျက်ရစ်ဖော်ချင်တယ်။ အဲ့လိုမျိုး ကိုယ်လုပ်ချင်တာကို လုပ်ခွင့်ရလာတဲ့ကြောင့် အခွင့်အရေးတွေ အလှအပအတွက်ရော ကိုယ်ရဲ့စိတ်ပျော်ရွှင်မှုအတွက်ရော အကုန်လုံးဖြည့်စည်းပေးနိုင်တယ်ပေါ့နော်။ နည်းပညာတွေတိုးတက်လာတဲ့အတွက် ကောင်းပါတယ်။ ဒါပေမဲ့ အစ်မရဲ့ ခန္ဓာကိုယ်ကတော့ ခေါင်းအစခြေအဆုံး တစ်ခုမှ ဘာမှ ခွဲစိတ်ထားတာ မရှိဘူး။”လို့ ပြောခဲ့ပါတယ်။ သူမကတော့ “အစ်မ အသက်၃၀ကျော်အထိက တစ်ယောက်ထဲနေလာတာဆိုတော့လေ တစ်ယောက်ထဲနေတဲ့ Feelingကို ပိုကြိုက်တယ်။ တစ်ယောက်ထဲနေဖြစ်သွားဖို့ပဲ ပိုများပါတယ်လို့။”လို့ပြောဆိုခဲ့ပါတယ်။