Home » Gallery » Health » ၅ မိနစ်အတွင်း သွားဂျိုး (ချိုး) တွေကို ဖယ်ရှားနိုင်ဖို့ သဘာဝနည်းလမ်း ၂ သွယ်ကိုဖော်ပြလိုက်ပါတယ်…

၅ မိနစ်အတွင်း သွားဂျိုး (ချိုး) တွေကို ဖယ်ရှားနိုင်ဖို့ သဘာဝနည်းလမ်း ၂ သွယ်ကိုဖော်ပြလိုက်ပါတယ်…

၅ မိနစ်အတွင်း သွားဂျိုး (ချိုး) တွေကို ဖယ်ရှားနိုင်ဖို့ သဘာဝနည်းလမ်း ၂ သွယ်ကိုဖော်ပြလိုက်ပါတယ်…

<<< Zawgyi ဖြင့်ဖတ်ရန် >>>

သွားမှာ ဂျိုးတွေကပ်ရတာဟာ သွားနဲ့ ခံတွင်း သန့်ရှင်းမှုပြုလုပ်ပေးတာ အားနည်းလို့ပါ။ ဒါပေမဲ့ မျိုးရိုးဗီဇကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သွားဆရာဝန်တွေဆီက ဈေးကြီးတဲ့ ကုသနည်းတွေနဲ့မဟုတ်ဘဲ သဘာဝနည်းလမ်းနဲ့ အရင်ဖြေရှင်းကြည့်ရအောင်ပါ။

နည်းလမ်း ၁

ပါဝင်ပစ္စည်း

  1. မှုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  2. စပါကလင်ရေ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  3. ရေ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  4. သွားတိုက်ဆေး လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

ခွက်တစ်လုံးထဲမှာ ပါဝင်ပစ္စည်းအားလုံးကိုရောပြီး မွှေလိုက်ပါ။ပြီးရင် သွားတိုက်ဆေးပေါ်မှာတင်ပြီး ၄ မိနစ်လောက် နေ့စဉ်သွားတိုက်ပေးပါ။ တစ်ပတ်ကို တစ်ခါလုပ်ပေးပါ။

နည်းလမ်း ၂

သံပုရာသီး (သို့) သံပုယိုသီး

သံပုရာသီး နဲ့ သံပုယိုသီးမှာ ပါဝင်တဲ့ အက်ဆစ်ဓါတ်တွေကိုအသုံးပြုပြီး ဖြေရှင်းရမှာပါ။သံပုရာသီး (သို့) သံပုယိုသီးကို အရည်ညှစ်လိုက်ပါ။ ခွက်တစ်ဝက်လောက်ရပြီဆိုရင် ရေခွက်တစ်ဝက်နဲ့ရောပါ။ တစ်နေ့ကို ၅ မိနစ်လောက် ပလုတ်ကျင်းပါ။ ပျောက်သွားတဲ့ထိ နေ့တိုင်းလုပ်ပေးပါ။











Ref : mystyle