Home » Celebrity News » ချစ်ခင်အားပေးကြတဲ့ ပရိသတ်များကြောင့် အလွန်ဝမ်းသာနေတဲ့ စမိုင်းလ်

ချစ်ခင်အားပေးကြတဲ့ ပရိသတ်များကြောင့် အလွန်ဝမ်းသာနေတဲ့ စမိုင်းလ်

ချစ်ခင်အားပေးကြတဲ့ ပရိသတ်များကြောင့် အလွန်ဝမ်းသာနေတဲ့ စမိုင်းလ်

Zawgyi Font


Image may contain: 1 person, smiling

ဓာတ်ပုံ စမိုင်းလ်

“အရမ်းပင်ပန်းပေမဲ့အရမ်းပျော်တယ် အနုပညာအလုပ်မလုပ်တာ ၁၅နှစ်လောက်ရှိပေမဲ့ခုထိချစ်ခင်အားပေးပေးတဲ့လူတွေရှိနေတဲ့အတွက်အတိုင်းမသိဝမ်းသာကြည်နူးရပါတယ်.. ချစ်ပေးကြတဲ့သူတွေအားလုံးကျေးဇူးအထူးပါနော်” ဆိုပြီး သူမရဲ့ဖေ့စ်ဘွတ်တွင် ဖေဖော်ဝါရီလ (၁၀) ရက်နေ့က ရေးသားခဲ့တာ ဖြစ်ပါတယ်။

Image may contain: flower

ဓာတ်ပုံ စမိုင်းလ်


Image may contain: 1 person, smiling

ဓာတ်ပုံ စမိုင်းလ်


 

Unicode Font

စမိုင်းလ်ကိုယ်တိုင် ရေးသားထုတ်ဝေခဲ့တဲ့ “ဝသောသူကို ကြင်နာပါ” ဆိုတဲ့ စာအုပ် လက်မှတ်ရေးထိုးပွဲလေးကို ဖေဖော်ဝါရီလ (၁၀) ရက်နေ့ နေ့လည် (၂) နာရီတွင် Junction City မှာပြုလုပ်ကျင်းပခဲ့ပါတယ်။ ထိုပွဲလေးတွင် ပရိသတ်များစွာက ကြိတ်ကြိတ်တိုး လာရောက်အားပေးခဲ့ကြပါတယ်။ အနုပညာလောကနဲ့ နှစ်ပေါင်းများစွာ ကင်းကွာနေခဲ့ပေမယ့် ယနေ့တိုင်း သူမကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်များ ရှိနေသေးလို့ အတိုင်းမသိဝမ်းသာခဲ့ရတယ်လို့ ဆိုခဲ့ပါတယ်။

 

“အရမ်းပင်ပန်းပေမဲ့အရမ်းပျော်တယ် အနုပညာအလုပ်မလုပ်တာ ၁၅နှစ်လောက်ရှိပေမဲ့ခုထိချစ်ခင်အားပေးပေးတဲ့လူတွေရှိနေတဲ့အတွက်အတိုင်းမသိဝမ်းသာကြည်နူူးရပါတယ်.. ချစ်ပေးကြတဲ့သူတွေအားလုံးကျေးဇူးအထူးပါနော်” ဆိုပြီး သူမရဲ့ဖေ့စ်ဘွတ်တွင် ဖေဖော်ဝါရီလ (၁၀) ရက်နေ့က ရေးသားခဲ့တာ ဖြစ်ပါတယ်။

 

စမိုင်းလ်ဟာ ဖေဖော်ဝါရီလ (၁၀) ရက်နေ့မှာ ထွက်ရှိခဲ့တဲ့ သူမရဲ့ “ဝသောသူကို ကြင်နာပါ” ဆိုတဲ့ စာအုပ်လေးကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ သူမဟာ ထိုကဲ့သို့ အောင်မြင်စွာ ထုတ်လုပ်နိုင်ဖို့အတွက် အလွန်ကြိုးစားခဲ့ရတာ ဖြစ်ပါတယ်။ အခုလိုမျိုး အောင်မြင်ခဲ့တဲ့အတွက် စမိုင်းလ်တစ်ယောက် အလွန့်ကို ဂုဏ်ယူဝမ်းသာနေခဲ့ပါတယ်။

 

တစ်ခေတ်တစ်ခါက ကြေငြာများစွာကို ရိုက်ကူးပုံဖော်ခဲ့တဲ့ သရုပ်ဆောင် စမိုင်းလ်ဟာ အနုပညာလောကနဲ့ (၁၅) နှစ်ခန့် ကင်းကွာခဲ့ပေမယ့် ယနေ့တိုင် သူမကို ချစ်ခင်အားပေးကြတဲ့ ပရိသတ်များစွာ ရှိနေပါသေးတယ်။ စမိုင်းလ်ဟာ သူမရဲ့ဘဝလေးကို သာယာအေးချမ်းသော မိသားစုလေးနဲ့အတူ ပျော်ပျော်ရွှင်ရွှင်အေးအေးချမ်းချမ်း ဖြတ်သန်းနေတာလည်း ဖြစ်ပါတယ်။