Zawgyi Font
ဓာတ်ပုံ သင်ဇာဝင့်ကျော်
ဓာတ်ပုံ သင်ဇာဝင့်ကျော်
ဓာတ်ပုံ သင်ဇာဝင့်ကျော်
ဓာတ်ပုံ သင်ဇာဝင့်ကျော်
Unicode Font
“ချစ်သူများနေ့” မရောက်ခင် surprise လုပ်ပေးခဲ့ကြတဲ့ ပရိသတ်များကြောင့် သင်ဇာဝင့်ကျော် တစ်ယောက် အရမ်းကို ဝမ်းသာနေခဲ့ပါတယ်။
“ဒီနေ့စောစောစီးစီး သူတို့လေးတွေကိုယ့်ကို Valentine’s Day အကြို surprise လာတိုက်ကြတယ် … ပျော်တယ်ကွယ်… ကျေးဇူးလဲအရမ်းတင်ပါတယ်” ဆိုပြီး သူမရဲ့ဖေ့စ်ဘွတ်တွင် ပျော်ရွှင်စွာ ရေးသားခဲ့ပါတယ်။
ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးခဲ့တဲ့ သင်ဇာဝင့်ကျော်ဟာ အနုပညာသက်တမ်းကလည်း မနည်းလှတော့ပေ။ ချစ်ခင်အားပေးတဲ့ ပရိသတ်အခိုင်အမာရရှိထားတဲ့ သင်ဇာဝင့်ကျော်ဟာ ခန္ဓာကိုယ်အသားပေး ပုံအလန်းစားများကို မျှဝေလေ့ရှိတာကြောင့်လည်း ပိုမိုအောင်မြင်ကျော်ကြားခဲ့ပါတယ်။
အခက်အခဲပေါင်းများစွာကြားထဲက အောင်မြင်စွာ ကြိုးစားနိုင်ခဲ့တဲ့ သင်ဇာဝင့်ကျော်ဟာ ရည်မှန်းချက်မရှိ ကြိုးစားချင်စိတ်မရှိ အပျော်အပါးမက်တဲ့ သူများကို သဘောမကျဘူးလို့ ဆိုခဲ့ပါတယ်။ ဒါ့အပြင် သင်ဇာဝင့်ကျော်ဟာ သူမရဲ့ဘဝရည်မှန်းချက်ကို ထားရှိထားသူဖြစ်ပြီး အလုပ်ကြိုးစားသူများကို လေးစားကြောင်း ဆိုခဲ့ပါတယ်။
သင်ဇာဝင့်ကျော်ဟာ တစ်နှစ်အတွင်း ကိုယ်ဖြစ်ချင်တဲ့ အတိုင်းအတာအထိဖြစ်အောင် ကြိုးစားနိုင်ခဲ့သူလေး ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ရဲ့အချစ်ရေးကတော့ လက်ရှိမှာ တည်ငြိမ်နေဆဲပါ။