Home » Hot News » ေနာက္ထပ္ ၿပိဳင္ပြဲေတြ ယွဥ္ၿပိဳင္ဖို႔ ကင္ညာႏိုင္ငံကို ေရာက္ေနၿပီျဖစ္တဲ့ သက္ထားသူဇာ

ေနာက္ထပ္ ၿပိဳင္ပြဲေတြ ယွဥ္ၿပိဳင္ဖို႔ ကင္ညာႏိုင္ငံကို ေရာက္ေနၿပီျဖစ္တဲ့ သက္ထားသူဇာ

ေနာက္ထပ္ ၿပိဳင္ပြဲေတြ ယွဥ္ၿပိဳင္ဖို႔ ကင္ညာႏိုင္ငံကို ေရာက္ေနၿပီျဖစ္တဲ့ သက္ထားသူဇာ

Zawgyi Font

ယူဂႏၶာႏိုင္ငံမွာ က်င္းပခဲ့တဲ့ Uganda International Series  ၾကက္ေတာင္ရိုက္ၿပိဳင္ပြဲတြင္ ျမန္မာၾကက္ေတာင္အားကစားမယ္ သက္ထားသူဇာက အမ်ိဳးသမီးတစ္ဦးခ်င္းၿပိဳင္ပြဲမွာ ခ်န္ပီယံဆုရရွိခဲ့တယ္လို႕ သိရပါတယ္။ ထပ္မံၿပီး သက္ထားသူဇာက ကင္ညာႏိုင္ငံမွာ က်င္းပသြားမယ့္ ေနာက္ထပ္ ၿပိဳင္ပြဲမ်ားကို ယွဥ္ၿပိဳင္ဖို႕ ေရာက္ရွိေနၿပီလည္း ျဖစ္ပါတယ္။

Image may contain: 1 person, smiling, standing and text

ဓာတ္ပံု – သက္ထားသူဇာ

သက္ထားသူဇာက သူမကို အားေပးၾကတဲ့ ပရိသတ္မ်ားအားလံုးကို ေက်းဇူးတင္စကားလည္း ဆိုခဲ့ပါတယ္။

“ညီမကိုအားေပးတဲ့သူအားလံုးကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္ရွင့္။ အခုကင္ညာမွာ ေနာက္ထပ္ၿပိဳင္ပြဲေတြယွဥ္ၿပိဳင္ဖို႔ ေရာက္ရွိေနပါၿပီ။ ညီမခ်စ္တဲ့ မိသားစုနဲ႔ ျမန္မာႏိုင္ငံအတြက္ အစဥ္ႀကိဳးစားလွ်က္”  ဆိုၿပီး ေဖေဖာ္၀ါရီလ (၂၅) ရက္ေန႕က သူမရဲ႕ ေဖ့စ္ဘြတ္ေပ့ခ်္တြင္ ေရးသားခဲ့တာပါ။

Image may contain: 1 person, smiling, standing

ဓာတ္ပံု – သက္ထားသူဇာ

သက္ထားသူဇာဟာ ၿပီးခဲ့တဲ့ႏွစ္မွစတင္ကာ International Series ၾကက္ေတာင္ရိုက္ၿပိဳင္ပြဲတြင္ ေအာင္ျမင္မႈမ်ား ဆက္တိုက္ရရွိခဲ့ၿပီး (၂၀၁၈) ခုႏွစ္တြင္  Egypt International Series ၾကက္ေတာင္ရိုက္ၿပိဳင္ပြဲတြင္ ခ်န္ပီယံဆု၊ Nepal International Series ၾကက္ေတာင္ရိုက္ၿပိဳင္ပြဲတြင္ ဒုတိယဆုရရွိခဲ့ပါတယ္။ သက္ထားသူဇာရဲ႕ ခါးဒဏ္ရာမွာ ျပန္လည္ေကာင္းမြန္လာၿပီျဖစ္ၿပီး ပထမဆုံးယွဥ္ၿပိဳင္တဲ့ပြဲတြင္ ခ်န္ပီယံဆုရယူနိုင္ခဲ့တာ ျဖစ္ပါတယ္။

 

Unicode Font

ယူဂန္ဓာနိုင်ငံမှာ ကျင်းပခဲ့တဲ့ Uganda International Series  ကြက်တောင်ရိုက်ပြိုင်ပွဲတွင် မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာက အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲမှာ ချန်ပီယံဆုရရှိခဲ့တယ်လို့ သိရပါတယ်။ ထပ်မံပြီး သက်ထားသူဇာက ကင်ညာနိုင်ငံမှာ ကျင်းပသွားမယ့် နောက်ထပ် ပြိုင်ပွဲများကို ယှဉ်ပြိုင်ဖို့ ရောက်ရှိနေပြီလည်း ဖြစ်ပါတယ်။

 

သက်ထားသူဇာက သူမကို အားပေးကြတဲ့ ပရိသတ်များအားလုံးကို ကျေးဇူးတင်စကားလည်း ဆိုခဲ့ပါတယ်။

“ညီမကိုအားပေးတဲ့သူအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။ အခုကင်ညာမှာ နောက်ထပ်ပြိုင်ပွဲတွေယှဉ်ပြိုင်ဖို့ ရောက်ရှိနေပါပြီ။ ညီမချစ်တဲ့ မိသားစုနဲ့ မြန်မာနိုင်ငံအတွက် အစဉ်ကြိုးစားလျှက်”  ဆိုပြီး ဖေဖော်ဝါရီလ (၂၅) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်တွင် ရေးသားခဲ့တာပါ။

 

သက်ထားသူဇာဟာ ပြီးခဲ့တဲ့နှစ်မှစတင်ကာ International Series ကြက်တောင်ရိုက်ပြိုင်ပွဲတွင် အောင်မြင်မှုများ ဆက်တိုက်ရရှိခဲ့ပြီး (၂၀၁၈) ခုနှစ်တွင်  Egypt International Series ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ချန်ပီယံဆု၊ Nepal International Series ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့ပါတယ်။ သက်ထားသူဇာရဲ့ ခါးဒဏ်ရာမှာ ပြန်လည်ကောင်းမွန်လာပြီဖြစ်ပြီး ပထမဆုံးယှဉ်ပြိုင်တဲ့ပွဲတွင် ချန်ပီယံဆုရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။