Home » Hot News » ျမန္မာႏိုင္ငံအတြက္ ဆုေတြ အမ်ားၾကီးယူလာေပးမယ္ ဆိုတဲ့ သက္ထားသူဇာ

ျမန္မာႏိုင္ငံအတြက္ ဆုေတြ အမ်ားၾကီးယူလာေပးမယ္ ဆိုတဲ့ သက္ထားသူဇာ

ျမန္မာႏိုင္ငံအတြက္ ဆုေတြ အမ်ားၾကီးယူလာေပးမယ္ ဆိုတဲ့ သက္ထားသူဇာ

Zawgyi Font

ယူဂႏၶာႏိုင္ငံမွာ က်င္းပခဲ့တဲ့ Uganda International Series  ၾကက္ေတာင္ရိုက္ၿပိဳင္ပြဲတြင္ ျမန္မာၾကက္ေတာင္အားကစားမယ္ သက္ထားသူဇာက အမ်ိဳးသမီးတစ္ဦးခ်င္းၿပိဳင္ပြဲမွာ ခ်န္ပီယံဆုရရွိခဲ့တာ ျဖစ္ပါတယ္။ ထပ္မံၿပီး သက္ထားသူဇာက ကင္ညာႏိုင္ငံမွာ က်င္းပခဲ့တဲ့ ေနာက္ထပ္ ၿပိဳင္ပြဲမ်ားကို ယွဥ္ၿပိဳင္ၿပီးလို႕ သူမရဲ႕မိသားစုနဲ႕အတူ ေတြ႕ဆံုေနၿပီလည္း ျဖစ္ပါတယ္။

Image may contain: 3 people, people smiling, people standing

ဓာတ္ပံု သက္ထားသူဇာ

သက္ထားသူဇာက ၿပိဳင္ပြဲတိုင္းကို အေကာင္းဆံုးၾကိဳးစားယွဥ္ၿပိဳင္ခဲ့ၿပီး ႏိုင္ငံ့ဂုဏ္ေဆာင္ ဆုမ်ားကို ယူလာေပးမွာပါ လို႕ ဆိုပါတယ္။

“ညီမကေတာ့ ၿပိဳင္ပြဲတိုင္း သြားၿပိဳင္တဲ့ၿပိဳင္ပြဲတိုင္းကို အေကာင္းဆံုးႀကိဳးစား ၿပီးေတာ့မွ ၿပိဳင္ပြဲေတြကို ႐ိုက္ခဲ့တယ္ေပါ့ေနာ္။ ျမန္မာႏိုင္ငံအတြက္လည္း ဆုေတြအမ်ားႀကီးယူလာေပးဖို႔ ႐ိွပါတယ္။ အခုရတ့ဲ ဆုေတြကေတာ့ ယူကင္ဒါ နဲ႔ ကင္ညာႏိုင္ငံမွာေပါ့ေနာ္။ International စီးရီးႏွစ္ခုမွာ ညီမပထမဆုရခဲ့တာပါရွင့္” လို႕ ဆိုခဲ့ၿပီး မိဘမ်ားကလည္း သမီးေလးအတြက္ ဂုဏ္ယူေၾကာင္း ၀မ္းသာစြာ ေျပာသြားခဲ့ပါတယ္။

Image may contain: 1 person, smiling, standing

ဓာတ္ပံု သက္ထားသူဇာ

ၿပိဳင္ပြဲရဲ႕ အေတြ႔အႀကံဳမ်ားနဲ႕ အခက္ခဲမ်ားကို သက္ထားသူဇာက အခုလို ေျပာျပခဲ့ပါတယ္။

“အခက္ခဲကေတာ့ ခရီးသြားတာေဝးတာရယ္ ၊ အစားအေသာက္ရယ္ ကစားသမားတစ္ေယာက္က အစားအေသာက္က အေရးႀကီးတယ္ေပါ့။ အဲ့ေတာ့ အစာအေသာက္ေတြ အရမ္းအခက္အခဲ႐ိွတယ္။ အဲ့ဒီေတာ့ ညီမက ဒီျမန္မာျပည္ကေန အစားအေသာက္ေတြ ယူသြားရတယ္။  ၿပီးေတာ့ ခရီးေဝးတာရယ္ေပါ့ေနာ္။ ၿပီးေတာ့ ရာသီဥတုမတူတာေတြလည္း ႐ိွတယ္ေပါ့။ အဓိကကညီမတို႔ၿပိဳင္ပြဲသြားေနရင္ေတာ့ အေထာက္အပံ့ေတြေပးဖို႔လိုတယ္။ အဓိကကအဲ့တာပါပဲ ။ ညီမတို႔ Training ေတြလုပ္တဲ့အခါမွာေတာ့ ေထာက္ပံ့မႈေတြအကုန္လံုးေပးထားပါတယ္” ဆိုၿပီး MC ရဲ႕အင္တာဗ်ဴးမွာ ေျဖဆိုသြားခဲ့ပါတယ္။

Image may contain: 1 person, smiling, standing, tree, outdoor and nature

ဓာတ္ပံု သက္ထားသူဇာ

ဧၿပီလမွာ ဗီယက္နမ္ကို သြားၿပိဳင္ရမွာျဖစ္ၿပီး ထိုပြဲမွာ ႏိုင္ငံအားလံုးက ကစားသမားမ်ား လာေရာက္ယွဥ္ၿပိဳင္ၾကမွာ ျဖစ္လုိ႕ သူမအေနနဲ႕ ေသခ်ာေလ့က်င့္ၿပီး ၾကိဳးစားသြားမယ္ လို႕ ဆိုပါတယ္။

“April လက်ရင္ေတာ့ ညီမ ဗီယက္နမ္သြားၿပိဳင္ရမယ့္ ပြဲမွာ အာရွဘက္ကေနၿပီးေတာ့ ကစားသမားေတ၊ြ ထိုင္းတို႔ ဗီယက္နမ္၊ လာအိုတို႔က ကစားသမားေတြအမ်ားႀကီးလာမွာေပါ့ေနာ္ ။ ဘယ္လိုပဲျဖစ္ျဖစ္ ဒီကစားသမားေတြကလည္း ညီမတို႔အတြက္ Challenging ျဖစ္တဲ့ ကစားသမားေတြဆိုေတာ့ ညီမကေတာ့ Training ေသခ်ာလုပ္ၿပီးေတာ့ ၿပိဳင္ပြဲေတြကို ဆက္ဝင္ျဖစ္မွာပါ။ ညီမအခုယူလာတဲ့ဆုအျပင္ ညီမေနာက္ၿပိဳင္မယ့္ ၿပိဳင္ပြဲေတြမွာ ဆုေတြအမ်ားႀကီး ရေအာင္ႀကိဳးစားသြားပါ့မယ္”လို႔ ဆက္လက္ေျပာျပသြားခဲ့ပါတယ္။

Image may contain: 1 person, playing a sport, on stage and basketball court

ဓာတ္ပံု သက္ထားသူဇာ

ျမန္မာ့ဂုဏ္ေဆာင္ အားကစားမေလးအျဖစ္ ျပည္သူပရိသတ္မ်ားက အားေပးေထာက္ခံခဲ့ၿပီး သက္ထားသူဇာကလည္း ႏိုင္ငံအတြက္ အေကာင္းဆံုးၾကိဳးစားၿပီး ယွဥ္ၿပိဳင္သြားမယ္လို႕ ဆိုပါတယ္။ ဆုတံဆိပ္မ်ားကိုလည္း အမ်ားၾကီးရေအာင္ ၾကိဳးစားသြားမယ္လုိ႕ ဆိုတာေၾကာင့္ ပရိသတ္အားလံုးက အရမ္းကို ၀မ္းသာပီတိျဖစ္ေနၾကပါတယ္။

 

Unicode Font

ယူဂန္ဓာနိုင်ငံမှာ ကျင်းပခဲ့တဲ့ Uganda International Series  ကြက်တောင်ရိုက်ပြိုင်ပွဲတွင် မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာက အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲမှာ ချန်ပီယံဆုရရှိခဲ့တာ ဖြစ်ပါတယ်။ ထပ်မံပြီး သက်ထားသူဇာက ကင်ညာနိုင်ငံမှာ ကျင်းပခဲ့တဲ့ နောက်ထပ် ပြိုင်ပွဲများကို ယှဉ်ပြိုင်ပြီးလို့ သူမရဲ့မိသားစုနဲ့အတူ တွေ့ဆုံနေပြီလည်း ဖြစ်ပါတယ်။

 

သက်ထားသူဇာက ပြိုင်ပွဲတိုင်းကို အကောင်းဆုံးကြိုးစားယှဉ်ပြိုင်ခဲ့ပြီး နိုင်ငံ့ဂုဏ်ဆောင် ဆုများကို ယူလာပေးမှာပါ လို့ ဆိုပါတယ်။

“ညီမကတော့ ပြိုင်ပွဲတိုင်း သွားပြိုင်တဲ့ပြိုင်ပွဲတိုင်းကို အကောင်းဆုံးကြိုးစား ပြီးတော့မှ ပြိုင်ပွဲတွေကို ရိုက်ခဲ့တယ်ပေါ့နော်။ မြန်မာနိုင်ငံအတွက်လည်း ဆုတွေအများကြီးယူလာပေးဖို့ ရှိပါတယ်။ အခုရတဲ့ ဆုတွေကတော့ ယူကင်ဒါ နဲ့ ကင်ညာနိုင်ငံမှာပေါ့နော်။ International စီးရီးနှစ်ခုမှာ ညီမပထမဆုရခဲ့တာပါရှင့်” လို့ ဆိုခဲ့ပြီး မိဘများကလည်း သမီးလေးအတွက် ဂုဏ်ယူကြောင်း ဝမ်းသာစွာ ပြောသွားခဲ့ပါတယ်။

 

ပြိုင်ပွဲရဲ့ အတွေ့အကြုံများနဲ့ အခက်ခဲများကို သက်ထားသူဇာက အခုလို ပြောပြခဲ့ပါတယ်။

“အခက်ခဲကတော့ ခရီးသွားတာဝေးတာရယ် ၊ အစားအသောက်ရယ် ကစားသမားတစ်ယောက်က အစားအသောက်က အရေးကြီးတယ်ပေါ့။ အဲ့တော့ အစာအသောက်တွေ အရမ်းအခက်အခဲရှိတယ်။ အဲ့ဒီတော့ ညီမက ဒီမြန်မာပြည်ကနေ အစားအသောက်တွေ ယူသွားရတယ်။  ပြီးတော့ ခရီးဝေးတာရယ်ပေါ့နော်။ ပြီးတော့ ရာသီဥတုမတူတာတွေလည်း ရှိတယ်ပေါ့။ အဓိကကညီမတို့ပြိုင်ပွဲသွားနေရင်တော့ အထောက်အပံ့တွေပေးဖို့လိုတယ်။ အဓိကကအဲ့တာပါပဲ ။ ညီမတို့ Training တွေလုပ်တဲ့အခါမှာတော့ ထောက်ပံ့မှုတွေအကုန်လုံးပေးထားပါတယ်” ဆိုပြီး MC ရဲ့အင်တာဗျူးမှာ ဖြေဆိုသွားခဲ့ပါတယ်။

 

ဧပြီလမှာ ဗီယက်နမ်ကို သွားပြိုင်ရမှာဖြစ်ပြီး ထိုပွဲမှာ နိုင်ငံအားလုံးက ကစားသမားများ လာရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်လို့ သူမအနေနဲ့ သေချာလေ့ကျင့်ပြီး ကြိုးစားသွားမယ် လို့ ဆိုပါတယ်။

“April လကျရင်တော့ ညီမ ဗီယက်နမ်သွားပြိုင်ရမယ့် ပွဲမှာ အာရှဘက်ကနေပြီးတော့ ကစားသမားတေ၊ွ ထိုင်းတို့ ဗီယက်နမ်၊ လာအိုတို့က ကစားသမားတွေအများကြီးလာမှာပေါ့နော် ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီကစားသမားတွေကလည်း ညီမတို့အတွက် Challenging ဖြစ်တဲ့ ကစားသမားတွေဆိုတော့ ညီမကတော့ Training သေချာလုပ်ပြီးတော့ ပြိုင်ပွဲတွေကို ဆက်ဝင်ဖြစ်မှာပါ။ ညီမအခုယူလာတဲ့ဆုအပြင် ညီမနောက်ပြိုင်မယ့် ပြိုင်ပွဲတွေမှာ ဆုတွေအများကြီး ရအောင်ကြိုးစားသွားပါ့မယ်”လို့ ဆက်လက်ပြောပြသွားခဲ့ပါတယ်။

 

မြန်မာ့ဂုဏ်ဆောင် အားကစားမလေးအဖြစ် ပြည်သူပရိသတ်များက အားပေးထောက်ခံခဲ့ပြီး သက်ထားသူဇာကလည်း နိုင်ငံအတွက် အကောင်းဆုံးကြိုးစားပြီး ယှဉ်ပြိုင်သွားမယ်လို့ ဆိုပါတယ်။ ဆုတံဆိပ်များကိုလည်း အများကြီးရအောင် ကြိုးစားသွားမယ်လို့ ဆိုတာကြောင့် ပရိသတ်အားလုံးက အရမ်းကို ဝမ်းသာပီတိဖြစ်နေကြပါတယ်။