Home » Hot News » မြန်မာ့ဂုဏ်ဆောင်သူ ကြက်တောင်အားကစားသမားလေး သက်ထားသူဇာရဲ့ ဘဝဇာတ်ကြောင်း အချို့
Unicode
မြန်မာ့ဂုဏ်ဆောင်သူ ကြက်တောင်အားကစားသမားလေး သက်ထားသူဇာရဲ့ ဘဝဇာတ်ကြောင်း အချို့
ပရိသတ်ကြီးရေ လတ်တလော လူမှုကွန်ရက်မှာ ရေပန်းစားလာသူကတော့ ကြက်တောင် ရိုက်အားကစား မယ်လေး သက်ထားသူဇာ ပဲဖြစ်ပါတယ်။ သက်ထားသူဇာဟာ ပြိုင်ပွဲတွေမှာ အောင်မြင်မှု တွေအများကြီး ရရှိခဲ့သလို ချောမောသန့်ပြန့်တဲ့ ရုပ်ရည်ကြောင့်လည်း အမျိုးသားပရိသတ်တွေရဲ့ အာရုံစိုက် မှုကိုရရှိခဲ့တာပါ ။သက်ထားသူဇာလေးနဲ့ ပတ်သက်ပြီး စိတ်ဝင်နေကြရတဲ့ ပရိသတ်တွေအတွက် သက်ထားသူ ဇာရဲ့ ဘဝအကြောင်းလေးအချို့ကိုလည်း တင်ပြဖော်ပြပေးလိုက်ပါတယ်။ သက်ထားသူဇာ ဟာ အသက် ရနှစ် အရွယ်မှ စတင်ပြီး ကြက်တောင်ကစားလာသူတစ်ယောက်ဖြစ် ပါတယ်။ထိုင်းနိုင်ငံတွင် ကျင်းပသည့် Clubပေါင်း စုံ ပြိုင်ပွဲ၌ Woman Doubleတွင် တတိယဆုရရှိထားသူဖြစ် သည်။နီပေါ အပြည်ပြည် ဆိုင်ရာ ကြက်တောင်ပြိုင် ပွဲ( Nepal International Series 2018)တွင် ဒုတိယဆု၊ အီရန် နိုင်ငံတကာ ကြက်တောင်ပြိုင်(Iran Internati onal challenge (2018) တွင်လည်း တတိယ ဆုရရှိထားသည်။ ထို့အပြင် အီဂျစ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ ကျင်းခဲ့သည့် Egypt International Series 2018 ပြိုင်ပွဲတွင် အမျိုးသမီး တစ်ဦးချင်းဖိုင်နယ်ပွဲစဉ်တွင် ချန်ပီယံ ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိထားသူဖြစ် သည်။ သက်ထားသူဇာကတော့” ဒီ (၁၀) နှစ်တာ ကာလအတွင်း ညီမ အပြည့် အဝကြိုးစားခဲ့ပါတယ်။ ညီမရဲ့အိမ်မက်ဖြစ်တဲ့ 2020 Summer Olympics ဝင်ပြိုင်နိုင်အောင် နောက် လာမည့် #1YearChallenge မှာ ဂုဏ်ယူရသော အမိမြန်မာနိုင်ငံနဲ့ ညီမရဲ့ချစ်သောမိဘအတွက် ညီမ အစွမ်း ကုန် ကြိုးစားနေပါတယ်။ ” ဆိုပြီး သူ့ရဲ့ ရည်မှန်းချက်လေးတွေကို ရေးသားထားတာကို့တွေ့ရပါတယ်။ ကဲ ချစ်ပရိတ်သတ်ကြီးရေ သက်ထားသူဇာလေးကို ချစ်ရင် တစ်ခုခုပြောခဲ့နော်…………………….။