Home » Hot News » ကၽြန္ေတာ္ျမန္မာႏုိင္ငံမွာပဲ ကန္မွာမဟုတ္ပါဘူး ျပည္ပထိသြားဖုိ႔ပါ အခုေတာ့ ကၽြန္ေတာ္အိမ္မက္ေလး ပ်က္စီးသြားခဲ့ပါျပီး

ကၽြန္ေတာ္ျမန္မာႏုိင္ငံမွာပဲ ကန္မွာမဟုတ္ပါဘူး ျပည္ပထိသြားဖုိ႔ပါ အခုေတာ့ ကၽြန္ေတာ္အိမ္မက္ေလး ပ်က္စီးသြားခဲ့ပါျပီး

ကၽြန္ေတာ္ျမန္မာႏုိင္ငံမွာပဲ ကန္မွာမဟုတ္ပါဘူး ျပည္ပထိသြားဖုိ႔ပါ အခုေတာ့ ကၽြန္ေတာ္အိမ္မက္ေလး ပ်က္စီးသြားခဲ့ပါျပီး

လြန္ခဲ့တဲ့ သံုးႏွစ္ခန့္က ျမန္မာယူ-၂၀ အမ်ိဳးသားေဘာလံုးအသင္းကို နယူးဇီလန္ ကမာၻ႔ဖလားထံ ပို႕ေဆာင္ ေပးခဲ့တဲ့ လူငယ္ကစား သမားေတြ အမ်ားအျပားထဲကမွ လူငယ္ကြင္းလယ္ကစားသမား ေက်ာ္မင္းဦးဟာ ဒဏ္ရာေၾကာင့္ ေဘာလံုးသမား ဘဝကေန အျပီးတိုင္အနားယူခဲ့ျပီလုိ႔ တရားဝင္ေၾကျငာခဲ့ျပီးေနာက္ သူအရမ္း ခ်စ္တဲ့ ျမက္ခင္းစိမ္းေတြကို မ်က္ရည္မ်ားနဲ႔ ေက်ာခိုင္းခဲ့ရ ပါတယ္။ ေဘာလံုးေလာကကို ရင္နာနာနဲ႔ စြန႔္လႊတ္ ခဲ့ရေပမယ့္ ပရိသတ္ေတြကို စိတ္မဆင္းရဲေစခ်င္တဲ့ ေစတနာကိုအရင္းခံျပီး လက္ရွိဘဝမွာ ေပ်ာ္သလို ေနေန တဲ့အေၾကာင္း ဓါတ္ပံုေလးတစ္ပံုကို ေက်ာ္မင္းဦးတစ္ေယာက္ မွ်ေဝေပးခဲ့ပါတယ္။

ေက်ာ္မင္းဦးဟာ ျမန္မာ့ယူ-၁၉ အသင္းနဲ့ အတူ နည္းျပဂတ္ဇီ ရဲ့လက္ေအာက္မွာ Defensive Midfielder , Holding Midfielder ေနရာမ်ား မွာ ကစားခဲ့ျပီး ေဒသတြင္းမွာ ျပိဳင္ဘက္ကင္းအသင္းတစ္သင္း ျဖစ္လာေစခဲ့သူပါ။ သူဟာ ေအာင္သူ ၊ သန္းပိုင္ ၊ ျငိမ္းခ်မ္းေအာင္တို႔နဲ႔ အတူ အဲ့ဒီ့အခ်ိန္ကာလေလာက္က စတင္ေခတ္စားခဲ့တဲ့ Pressing Game ကိုအေကာင္း ဆံုး အသက္သြင္းကာ ျမန္မာယူ-၂၀အသင္းကို သမိုင္းတစ္ေလွ်ာက္ ပထမဆံုးအၾကိမ္အျဖစ္ နယူးဇီလန္ ယူ-၂၀ ကမာၻ႔ဖလားကို ပို႔ေဆာင္ေပးနိုင္ခဲ့ပါတယ္။

ျမန္မာေဘာလံုး ပရိသတ္ေတြ ေတာင့္တ ေနၾကတဲ့ ေအာင္ပြဲ အေငြ႔ အသက္ေတြကုိ ျပန္လည္ယူေဆာင္လာေပးခဲ့တဲ့ ေက်ာ္မင္းဦးအတြက္ မေရွးမေႏွာင္းမွာပဲ ေလာကဓံရဲ့ ၾကမၼာဆိုးက စတင္ရိုက္ခတ္လာပါေတာ့တယ္။ ၂၀၁၄ခုႏွစ္မွာ ဧရာဝတီယူနုိက္တက္အသင္းနဲ႔ ၂ႏွစ္ စာခ်ဳပ္ ခ်ဳပ္ ဆုိျပီး ပေရာ္ဖက္ရွင္နယ္လ္ ကစားသမားဘဝ စတင္ခဲ့တဲ့ ေက်ာ္မင္းဦးဟာ

စာခ်ဳပ္သက္တမ္းကုန္ဆံုးခ်ိန္မွာ နုိင္ငံ တ ကာ ထိေျခဆန့္ဖို့ ရည္ရြယ္ခ်က္ေတြနဲ့ ရန္ကုန္ယူနိုက္တက္အသင္းကို ေျပာင္းေရႊ႕လာခဲ့ပါတယ္။ ရန္ကုန္ယူနုိက္တက္ အသင္းအတြက္ အေကာင္းဆံုးေပးဆပ္ကစားခဲ့ျပီး ၂၀၁၆ခုႏွစ္ ဇန္နဝါရီလ(၁၀)ရက္ေန့ မေကြးFC နဲ့ပြဲစဥ္မွာ ပထမပိုင္း ၁၈ မိနစ္မွာပဲ ကစားသမားတုိင္းေၾကာက္ရတဲ့ ဒူးဒဏ္ရာအျပင္းစား ရရွိခဲ့ျပီး ၂၀၁၆ တစ္ရာသီလံုး အနားယူခဲ့ရပါတယ္။ ၂၀၁၇ခုႏွစ္ရာသီအစမွာေတာ့ ျပန္လည္သက္သာလာခဲ့ေပမယ့္ ဧျပီလ အတြင္း ကစားခဲ့တဲ့ ရတနာပံုအသင္းနဲ့

မကစားမီ ေလ့က်င့္ေရးကြင္းမွာ ညာဘက္ဒူးမွာ ဒဏ္ရာထပ္မံ ရရွိခဲ့ရပါတယ္။ အဲ့ဒီ့ေနာက္ပိုင္းမွာေတာ့ ေက်ာ္မင္းဦးဟာ သူခ်စ္တဲ့ျမက္ခင္းစိမ္းေတြထက္ ေဆးရံုေဆးခန္းေတြ မွာသာ အခ်ိန္ကုန္ေနခဲ့ရပါတယ္။ သူ့ရဲ့ ဒဏ္ရာအေျခအေနကလည္း ေမွ်ာ္လင့္ထားသလို ျပန္လည္ေကာင္းမြန္ မလာခဲ့ပဲ ၂၀၁၉ခုႏွစ္ ဇန္နဝါရီမွာေတာ့ ေဘာလံုးေလာကမွ အနားယူေတာ့မွာျဖစ္ေၾကာင္း သူ့ရဲ့

ေဖ့စ္ဘုတ္စာ မ်က္ႏွာ ကေန တရားဝင္ေၾကျငာသြားခဲ့ပါတယ္။ သူ့ရဲ့ေၾကျငာမႈဟာ ျမန္မာေဘာလံုးပရိသတ္ေတြကို အထူး ဝမ္းနည္း ေစခဲ့ျပီး ေဘာလံုးေလာကကို တစ္ဖန္ျပန္လာဖုိ႔ အတြက္ ပရိသတ္ေတြက ဝိုင္းဝန္းေဖ်ာင္းဖ် ခဲ့ၾကေပမယ့္ ေျခေထာက္ႏွစ္ဘက္စလံုးမွာ ရခဲ့တဲ့ ဒဏ္ရာေတြကို (၃) ႏွစ္ေလာက္ ေဆးကုခဲ့ရပါတယ္။

ျပန္ေကာင္း မလာေတာ့တာေၾကာင့္ အသက္ (23) ႏွစ္နဲ႔ ျမန္မာ့ လက္ေရြးစင္ ေဘာလံုး ကစားသမားဘ၀ကို ေက်ာခိုင္းခဲ့ရျပီး မိဘေတြနဲ႔အတူ ေမြးရပ္ေျမမွာ မိဘေတြရဲ႕အလုပ္ေတြကုိ ကူလုပ္ေပးေနပါတယ္ …။

Unicode


ကျွန်တော်မြန်မာနိုင်ငံမှာပဲ ကန်မှာမဟုတ်ပါဘူး ပြည်ပထိသွားဖို့ပါ အခုတော့ ကျွန်တော်အိမ်မက်လေး ပျက်စီးသွားခဲ့ပါပြီး
လွန်ခဲ့တဲ့ သုံးနှစ်ခန့်က မြန်မာယူ-၂၀ အမျိုးသားဘောလုံးအသင်းကို နယူးဇီလန် ကမ္ဘာ့ဖလားထံ ပို့ဆောင် ပေးခဲ့တဲ့ လူငယ်ကစားသမားတွေ အများအပြားထဲကမှ လူငယ်ကွင်းလယ်ကစားသမား ကျော်မင်းဦးဟာ ဒဏ်ရာကြောင့် ဘောလုံးသမားဘဝကနေ အပြီးတိုင်အနားယူခဲ့ပြီလို့ တရားဝင်ကြေငြာခဲ့ပြီးနောက် သူအရမ်း ချစ်တဲ့ မြက်ခင်းစိမ်းတွေကို မျက်ရည်များနဲ့ ကျောခိုင်းခဲ့ရ ပါတယ်။ ဘောလုံးလောကကို ရင်နာနာနဲ့ စွန့်လွှတ် ခဲ့ရပေမယ့် ပရိသတ်တွေကို စိတ်မဆင်းရဲစေချင်တဲ့ စေတနာကိုအရင်းခံပြီး လက်ရှိဘဝမှာ ပျော်သလို နေနေ တဲ့အကြောင်း ဓါတ်ပုံလေးတစ်ပုံကို ကျော်မင်းဦးတစ်ယောက် မျှဝေပေးခဲ့ပါတယ်။ ကျော်မင်းဦးဟာ မြန်မာ့ယူ-၁၉ အသင်းနဲ့ အတူ နည်းပြဂတ်ဇီ ရဲ့လက်အောက်မှာ Defensive Midfielder , Holding Midfielder နေရာများ မှာ ကစားခဲ့ပြီး ဒေသတွင်းမှာ ပြိုင်ဘက်ကင်းအသင်းတစ်သင်း ဖြစ်လာစေခဲ့သူပါ။ သူဟာ အောင်သူ ၊ သန်းပိုင် ၊ ငြိမ်းချမ်းအောင်တို့နဲ့ အတူ အဲ့ဒီ့အချိန်ကာလလောက်က စတင်ခေတ်စားခဲ့တဲ့ Pressing Game ကိုအကောင်း ဆုံး အသက်သွင်းကာ မြန်မာယူ-၂၀အသင်းကို သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် နယူးဇီလန် ယူ-၂၀ ကမ္ဘာ့ဖလားကို ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ မြန်မာဘောလုံး ပရိသတ်တွေ တောင့်တ နေကြတဲ့ အောင်ပွဲ အငွေ့ အသက်တွေကို ပြန်လည်ယူဆောင်လာပေးခဲ့တဲ့ ကျော်မင်းဦးအတွက် မရှေးမနှောင်းမှာပဲ လောကဓံရဲ့ ကြမ္မာဆိုးက စတင်ရိုက်ခတ်လာပါတော့တယ်။ ၂၀၁၄ခုနှစ်မှာ ဧရာဝတီယူနိုက်တက်အသင်းနဲ့ ၂နှစ် စာချုပ် ချုပ် ဆိုပြီး ပရော်ဖက်ရှင်နယ်လ် ကစားသမားဘဝ စတင်ခဲ့တဲ့ ကျော်မင်းဦးဟာ စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ နိုင်ငံ တ ကာ ထိခြေဆန့်ဖို့ ရည်ရွယ်ချက်တွေနဲ့ ရန်ကုန်ယူနိုက်တက်အသင်းကို ပြောင်းရွှေ့လာခဲ့ပါတယ်။ ရန်ကုန်ယူနိုက်တက် အသင်းအတွက် အကောင်းဆုံးပေးဆပ်ကစားခဲ့ပြီး ၂၀၁၆ခုနှစ် ဇန်နဝါရီလ(၁၀)ရက်နေ့ မကွေးFC နဲ့ပွဲစဉ်မှာ ပထမပိုင်း ၁၈ မိနစ်မှာပဲ ကစားသမားတိုင်းကြောက်ရတဲ့ ဒူးဒဏ်ရာအပြင်းစား ရရှိခဲ့ပြီး ၂၀၁၆ တစ်ရာသီလုံး အနားယူခဲ့ရပါတယ်။ ၂၀၁၇ခုနှစ်ရာသီအစမှာတော့ ပြန်လည်သက်သာလာခဲ့ပေမယ့် ဧပြီလ အတွင်း ကစားခဲ့တဲ့ ရတနာပုံအသင်းနဲ့ မကစားမီ လေ့ကျင့်ရေးကွင်းမှာ ညာဘက်ဒူးမှာ ဒဏ်ရာထပ်မံ ရရှိခဲ့ရပါတယ်။ အဲ့ဒီ့နောက်ပိုင်းမှာတော့ ကျော်မင်းဦးဟာ သူချစ်တဲ့မြက်ခင်းစိမ်းတွေထက် ဆေးရုံဆေးခန်းတွေ မှာသာ အချိန်ကုန်နေခဲ့ရပါတယ်။ သူ့ရဲ့ ဒဏ်ရာအခြေအနေကလည်း မျှော်လင့်ထားသလို ပြန်လည်ကောင်းမွန် မလာခဲ့ပဲ ၂၀၁၉ခုနှစ် ဇန်နဝါရီမှာတော့ ဘောလုံးလောကမှ အနားယူတော့မှာဖြစ်ကြောင်း သူ့ရဲ့ ဖေ့စ်ဘုတ်စာ မျက်နှာ ကနေ တရားဝင်ကြေငြာသွားခဲ့ပါတယ်။ သူ့ရဲ့ကြေငြာမှုဟာ မြန်မာဘောလုံးပရိသတ်တွေကို အထူး ဝမ်းနည်း စေခဲ့ပြီး ဘောလုံးလောကကို တစ်ဖန်ပြန်လာဖို့ အတွက် ပရိသတ်တွေက ဝိုင်းဝန်းဖျောင်းဖျ ခဲ့ကြပေမယ့် ခြေထောက်နှစ်ဘက်စလုံးမှာ ရခဲ့တဲ့ ဒဏ်ရာတွေကို (၃) နှစ်လောက် ဆေးကုခဲ့ရပါတယ်။ ပြန်ကောင်း မလာတော့တာကြောင့် အသက် (23) နှစ်နဲ့ မြန်မာ့ လက်ရွေးစင် ဘောလုံး ကစားသမားဘဝကို ကျောခိုင်းခဲ့ရပြီး မိဘတွေနဲ့အတူ မွေးရပ်မြေမှာ မိဘတွေရဲ့အလုပ်တွေကို ကူလုပ်ပေးနေပါတယ် …။