Home » Knowledge » မွတ္သားထားသင့္တဲ့ ၾသ၀ါဒမ်ား

မွတ္သားထားသင့္တဲ့ ၾသ၀ါဒမ်ား

မွတ္သားထားသင့္တဲ့ ၾသ၀ါဒမ်ား

Zawgyi Font

Image may contain: 1 person, closeup

၁။ ေလာကမွာ အခ်စ္ဆုံးေသာ အရာသည္ ဒုကၡအေပးဆုံးပဲ၊ ခ်စ္စရာ တစ္ခုရွိလ်င္ ဒုကၡတစ္ခု၊ ခ်စ္စရာမ်ားလ်င္ ဒုကၡမ်ားတယ္၊ ခ်စ္စရာ မရွိလ်င္ ဒုကၡ မရွိေတာ႔ဘူး မွတ္ပါ။

 

၂။ စိတ္ႀကီး၀င္ၿပီး ေအာက္ေၿခလြတ္ေနတယ္ ဆိုတာ ဟိုလူကိုေငါက္၊ ဒီလူကို ေငါက္နဲ႔ တခ်ိဳ႕မ်ား ပိုက္ဆံေပါလို႔ ၊ အာဏာရွိလို႔ ရာထူးႀကီးလို႔ အဖက္မလုပ္ပဲ ဘ၀င္ေလဟပ္ေနႀကတာပဲ။ အဲဒါ စိတ္ႀကီး၀င္တာ မဟုတ္ဘူး၊ သံသရာမွာ ေအာက္က် ေနာက္က် ၿဖစ္ဖို႔အတြက္ စိတ္ကေလး၀င္တာ၊ အဲဒီလို စိတ္မ်ိဳး မေမြးမိေစနဲ႔။

 

၃။ လူေတြဟာ သာသနာရဲ႕ အႏွစ္ သီလ သမာဓိ ပညာကို မႀကည္ညိဳတတ္ႀကပဲ ေက်ာင္းေကာင္း ကန္ေကာင္းေတြမွပဲ ႀကည္ညိဳတတ္ႀကတယ္၊

 

၄။ ေလာကမွာ ဒါန ရွိမွ လူခ်စ္ခင္တယ္၊ သီလ ရွိမွ လူႀကည္ညိဳ ခံရတယ္၊ ပညာတတ္မွ ေလးစား ႀကၿပန္တယ္။

 

၅။ ပညာ ဆိုတာ စာေပကိုသာ ေၿပာတာမဟုတ္ဘူး၊ သူ႔အရြယ္ နွင္႔ အသက္ေမြး၀မ္းေက်ာင္း ဆိုင္ရာ လက္မွဳ႕အတတ္ အားလုံး ပါ၀င္တယ္။

 

၆။ ဆရာ ဆိုတာ တပည္႔ကို ေတာ္ေတာ္မ်ားမ်ားၿမင္မွ ဆရာလုပ္ရတယ္၊ ဘယ္သူ ဟာ ဘယ္လို အရည္အခ်င္း ရွိတယ္ ဆိုတာ ၿမင္၇တယ္္။ တခ်ိဳ႕ တပည္႔ေတြဟာ ဆရာထက္ အရည္အခ်င္း ပိုေသးတယ္၊ ဘယ္ေလာက္ပင္ ဥာဏ္ေကာင္းေနပါေစ ဆရာက မေကာင္းလ်င္ လုံးလည္လိုက္ၿပီး မတိုးတက္ေတာ႔ဘူး။

 

၇။ လူေတြဟာ ေကာင္းက်ိဳးကိုသာ ေမွ်ာ္ႀကတယ္၊ ေကာင္းတာကိုပဲ ခံစားခ်င္ႀကတယ္၊ အေႀကာင္းေကာင္းေအာင္ေတာ႔ မလုပ္ခ်င္ႀကဘူး၊ အေႀကာင္းမေကာင္းလ်င္ေတာ႔ အက်ိဳးလဲ ခံစားရမွာ မဟုတ္ဘူး။

 

၈။ ယခု ဘုန္းႀကီးတို႔ သာသနာမွာ ေငြ ကုန္ေတြ မ်ားေနတယ္၊ ဘုရားပြဲ အလွဴပြဲ ကထိန္ပြဲ ေတြမွာ မလိုအပ္တဲ႔ ေပ်ာ္ပြဲ ရႊင္ပြဲေတြ မ်ားေနၿပီး သုံးၿဖဳန္းေနႀကတာပဲ။ ၉။ အလွဴလုပ္တဲ႔ အခါမွာ လူခ်ီးမြမ္း ခံခ်င္တာ ေလာဘ၊ ဂုဏ္လိုခ်င္တာ ေလာဘ၊ နတ္ၿပည္ေရာက္ခ်င္တာလဲ ေလာဘပဲ။

 

၁၀။ သူေတာ္ေကာင္း ဆိုတာ သူမ်ားနဲ႔ ဆက္ဆံလ်င္ ကိုယ္က အနာခံရတယ္၊ ေလာဘ ေဒါသေတြကို တတ္နိုင္သမ်ွ ေလ်ာ႔ခ် ထားရတယ္။

 

၁၁။ သံသရာ အရွည္ နွင္႔ ပုထုဇဥ္ အရူး – ခရီးက ရွည္၊ အရူးေတြ၊ စာေရ ( ရိကၡာ )က သိုး၊ အေဖာ္္ ဆိုးသနင္႔၊ အမ်ိဳးမ်ိဳး ကာမဂုဏ္ အာရုံေတြ အလြန္ေနာက္တာေႀကာင္႔၊ အပါယ္ဘုံ ခါခါ ေရာက္ေသာ္လည္း လြတ္ေၿမာက္ဖို႔ ေ၀း။ (က) သံသရာ ခရီးက အလြန္ ရွည္၏။ (ခ) ခရီးသြားသူေတြက အရူးအနွမ္းေတြသာ၊ (ဂ) သူတို႔၏ ဂုဏ္ ပကာသန ဒါန သီလ ဘာ၀နာ စားနပ္ ရိကၡာသည္ နိဗၺာန္ မေရာက္ခင္ ပုပ္သိုးလိမ္႔မည္။ (ဃ) သူတို႔၏ အေဖာ္ကား အၿမဲပါေနေသာ တဏွာ ၿဖစ္၏။ (င) ထို႔ေႀကာင္႔ အပါယ္ငရဲ ေရာက္ေသာ္လည္း တဏွာ မေပ်ာက္ေသာေႀကာင္႔ သံသရာမွ လြတ္ေၿမာက္ဖို႔ အေ၀းႀကီး ၿဖစ္ေန၏။

 

၁၂။ ကုသိုလ္ အကုသိုလ္ ဘာကိုပဲၿဖစ္ၿဖစ္ လုပ္မိတဲ႔ အခါ ေသးငယ္တယ္၊ အက်ိဳးေပးမွာ မဟုတ္ဘူးလို႔ အထင္မေသးႀကနဲ႔။ တံစက္ၿမိတ္ ေအာက္မွာ ခ်ထားတဲ႔ ေရအုိးစရည္းႀကီးဟာ တစက္ခ်င္း က်ေသာ္လည္း မႀကာမီ ၿပည္႕လာသလို ေနာင္တခ်ိန္မွာ အက်ိဳးေပးမွာပဲ။

 

၁၃။ ေမြးေန႔ ဆိုတာ အသက္ႀကီးလာတဲ႔ အထိမ္းအမွတ္ ၿဖစ္တယ္၊ ငါသည္ တႏွစ္ပို၍ ေသဖက္ နီးလာၿပီ လို႔ ဆင္ၿခင္ရမယ္၊ ေအာက္က လကၤာေလးကို မရေသးရင္ ရေအာင္ ရြတ္ၿပီး မရဏာ နုႆတိ ဘာ၀နာၿဖစ္ေအာင္ ရြတ္ပါ၊ ငါနွင္႔ ရြယ္တူ ငါ႔ေအာက္လူ ႀကီးသူေသႀက မ်ားလွၿပီ၊ ခဏမစဲ အိုစၿမဲ၊ ကိုယ္္လဲ ေသဘက္ နီးခဲ႔ၿပီ၊ မေသရမီ ပါရမီ ငါသည္ ၿဖည္႔မွ သင္႔ေတာ႔မည္၊ အနိစၥ အနိစၥ၊ ဒုကၡ ဒုကၡ၊ အနတၱ အနတၱ။

 

၁၄။ သီလ မေကာင္းဘဲ ဘာ၀နာကို တက္ဖို႔ စိတ္မကူးနဲ႔၊ သီလ မေကာင္းရင္ ဒါနေတာင္ မသန္႔ရွင္းဘူး၊ သူမ်ားအထင္ မေသးေအာင္ ဂုဏ္ရွိေအာင္ ၿပဳတဲ႔ ဒါနဟာ အလြန္ညံ႕တဲ႔ ဒါနၿဖစ္တယ္။

 

၁၅။ မင္းစညး္စိမ္ ကို မင္းရဲ႕သားက စိတ္ကူးတယ္၊ သူေတာင္းစားက စိတ္မကူးပါ၊ ရဟႏၱာ အၿဖစ္ကို သူေတာ္ေကာင္းကသာ စိတ္ကူးတယ္၊ သူယုတ္မာက သတိပင္ မရပါ။

 

ေတာင္ၿမိဳ႕ မဟာဂႏၶာရုံ ဆရာေတာ္ ဘုရားႀကီး၏ ႀသ၀ါဒမ်ားကို ေကာင္းနိုး ရာရာ သင္႔သလို ေဖာ္ၿပပါသည္။

 

မူရင္းေရးသားသူထံမွ ကုသိုလ္ျဖင့္ ေ၀မွ်ပါ၏။

 

Unicode Font

၁။ လောကမှာ အချစ်ဆုံးသော အရာသည် ဒုက္ခအပေးဆုံးပဲ၊ ချစ်စရာ တစ်ခုရှိလျင် ဒုက္ခတစ်ခု၊ ချစ်စရာများလျင် ဒုက္ခများတယ်၊ ချစ်စရာ မရှိလျင် ဒုက္ခ မရှိတော့ဘူး မှတ်ပါ။

 

၂။ စိတ်ကြီးဝင်ပြီး အောက်ခြေလွတ်နေတယ် ဆိုတာ ဟိုလူကိုငေါက်၊ ဒီလူကို ငေါက်နဲ့ တချို့များ ပိုက်ဆံပေါလို့ ၊ အာဏာရှိလို့ ရာထူးကြီးလို့ အဖက်မလုပ်ပဲ ဘဝင်လေဟပ်နေကြတာပဲ။ အဲဒါ စိတ်ကြီးဝင်တာ မဟုတ်ဘူး၊ သံသရာမှာ အောက်ကျ နောက်ကျ ဖြစ်ဖို့အတွက် စိတ်ကလေးဝင်တာ၊ အဲဒီလို စိတ်မျိုး မမွေးမိစေနဲ့။

 

၃။ လူတွေဟာ သာသနာရဲ့ အနှစ် သီလ သမာဓိ ပညာကို မကြည်ညိုတတ်ကြပဲ ကျောင်းကောင်း ကန်ကောင်းတွေမှပဲ ကြည်ညိုတတ်ကြတယ်၊

 

၄။ လောကမှာ ဒါန ရှိမှ လူချစ်ခင်တယ်၊ သီလ ရှိမှ လူကြည်ညို ခံရတယ်၊ ပညာတတ်မှ လေးစား ကြပြန်တယ်။

 

၅။ ပညာ ဆိုတာ စာပေကိုသာ ပြောတာမဟုတ်ဘူး၊ သူ့အရွယ် နှင့် အသက်မွေးဝမ်းကျောင်း ဆိုင်ရာ လက်မှု့အတတ် အားလုံး ပါဝင်တယ်။

 

၆။ ဆရာ ဆိုတာ တပည့်ကို တော်တော်များများမြင်မှ ဆရာလုပ်ရတယ်၊ ဘယ်သူ ဟာ ဘယ်လို အရည်အချင်း ရှိတယ် ဆိုတာ မြင်ရတယ််။ တချို့ တပည့်တွေဟာ ဆရာထက် အရည်အချင်း ပိုသေးတယ်၊ ဘယ်လောက်ပင် ဉာဏ်ကောင်းနေပါစေ ဆရာက မကောင်းလျင် လုံးလည်လိုက်ပြီး မတိုးတက်တော့ဘူး။

 

၇။ လူတွေဟာ ကောင်းကျိုးကိုသာ မျှော်ကြတယ်၊ ကောင်းတာကိုပဲ ခံစားချင်ကြတယ်၊ အကြောင်းကောင်းအောင်တော့ မလုပ်ချင်ကြဘူး၊ အကြောင်းမကောင်းလျင်တော့ အကျိုးလဲ ခံစားရမှာ မဟုတ်ဘူး။

 

၈။ ယခု ဘုန်းကြီးတို့ သာသနာမှာ ငွေ ကုန်တွေ များနေတယ်၊ ဘုရားပွဲ အလှူပွဲ ကထိန်ပွဲ တွေမှာ မလိုအပ်တဲ့ ပျော်ပွဲ ရွှင်ပွဲတွေ များနေပြီး သုံးဖြုန်းနေကြတာပဲ။ ၉။ အလှူလုပ်တဲ့ အခါမှာ လူချီးမွမ်း ခံချင်တာ လောဘ၊ ဂုဏ်လိုချင်တာ လောဘ၊ နတ်ပြည်ရောက်ချင်တာလဲ လောဘပဲ။

 

၁၀။ သူတော်ကောင်း ဆိုတာ သူများနဲ့ ဆက်ဆံလျင် ကိုယ်က အနာခံရတယ်၊ လောဘ ဒေါသတွေကို တတ်နိုင်သမျှ လျော့ချ ထားရတယ်။

 

၁၁။ သံသရာ အရှည် နှင့် ပုထုဇဉ် အရူး – ခရီးက ရှည်၊ အရူးတွေ၊ စာရေ ( ရိက္ခာ )က သိုး၊ အဖော်် ဆိုးသနင့်၊ အမျိုးမျိုး ကာမဂုဏ် အာရုံတွေ အလွန်နောက်တာကြောင့်၊ အပါယ်ဘုံ ခါခါ ရောက်သော်လည်း လွတ်မြောက်ဖို့ ဝေး။ (က) သံသရာ ခရီးက အလွန် ရှည်၏။ (ခ) ခရီးသွားသူတွေက အရူးအနှမ်းတွေသာ၊ (ဂ) သူတို့၏ ဂုဏ် ပကာသန ဒါန သီလ ဘာဝနာ စားနပ် ရိက္ခာသည် နိဗ္ဗာန် မရောက်ခင် ပုပ်သိုးလိမ့်မည်။ (ဃ) သူတို့၏ အဖော်ကား အမြဲပါနေသော တဏှာ ဖြစ်၏။ (င) ထို့ကြောင့် အပါယ်ငရဲ ရောက်သော်လည်း တဏှာ မပျောက်သောကြောင့် သံသရာမှ လွတ်မြောက်ဖို့ အဝေးကြီး ဖြစ်နေ၏။

 

၁၂။ ကုသိုလ် အကုသိုလ် ဘာကိုပဲဖြစ်ဖြစ် လုပ်မိတဲ့ အခါ သေးငယ်တယ်၊ အကျိုးပေးမှာ မဟုတ်ဘူးလို့ အထင်မသေးကြနဲ့။ တံစက်မြိတ် အောက်မှာ ချထားတဲ့ ရေအိုးစရည်းကြီးဟာ တစက်ချင်း ကျသော်လည်း မကြာမီ ပြည့်လာသလို နောင်တချိန်မှာ အကျိုးပေးမှာပဲ။

 

၁၃။ မွေးနေ့ ဆိုတာ အသက်ကြီးလာတဲ့ အထိမ်းအမှတ် ဖြစ်တယ်၊ ငါသည် တနှစ်ပို၍ သေဖက် နီးလာပြီ လို့ ဆင်ခြင်ရမယ်၊ အောက်က လင်္ကာလေးကို မရသေးရင် ရအောင် ရွတ်ပြီး မရဏာ နုဿတိ ဘာဝနာဖြစ်အောင် ရွတ်ပါ၊ ငါနှင့် ရွယ်တူ ငါ့အောက်လူ ကြီးသူသေကြ များလှပြီ၊ ခဏမစဲ အိုစမြဲ၊ ကိုယ််လဲ သေဘက် နီးခဲ့ပြီ၊ မသေရမီ ပါရမီ ငါသည် ဖြည့်မှ သင့်တော့မည်၊ အနိစ္စ အနိစ္စ၊ ဒုက္ခ ဒုက္ခ၊ အနတ္တ အနတ္တ။

 

၁၄။ သီလ မကောင်းဘဲ ဘာဝနာကို တက်ဖို့ စိတ်မကူးနဲ့၊ သီလ မကောင်းရင် ဒါနတောင် မသန့်ရှင်းဘူး၊ သူများအထင် မသေးအောင် ဂုဏ်ရှိအောင် ပြုတဲ့ ဒါနဟာ အလွန်ညံ့တဲ့ ဒါနဖြစ်တယ်။

 

၁၅။ မင်းစညး်စိမ် ကို မင်းရဲ့သားက စိတ်ကူးတယ်၊ သူတောင်းစားက စိတ်မကူးပါ၊ ရဟန္တာ အဖြစ်ကို သူတော်ကောင်းကသာ စိတ်ကူးတယ်၊ သူယုတ်မာက သတိပင် မရပါ။

 

တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော် ဘုရားကြီး၏ သြဝါဒများကို ကောင်းနိုး ရာရာ သင့်သလို ဖော်ပြပါသည်။

 

မူရင်းရေးသားသူထံမှ ကုသိုလ်ဖြင့် ဝေမျှပါ၏။