Home » Knowledge » ေအာက္ပါ အမ်ိဳးသမီးမ်ားထဲက သင္ ဘယ္အမ်ိဳးအစားမွာ ပါ,ပါသလဲ ?

ေအာက္ပါ အမ်ိဳးသမီးမ်ားထဲက သင္ ဘယ္အမ်ိဳးအစားမွာ ပါ,ပါသလဲ ?

ေအာက္ပါ အမ်ိဳးသမီးမ်ားထဲက သင္ ဘယ္အမ်ိဳးအစားမွာ ပါ,ပါသလဲ ?

Zawgyi Font

တည္ျငိမ္ေသာ အမ်ိဳးသမီးတစ္ဦးက
သူ႕ေဒါသကို ဘယ္ေတာ့မွ ထုတ္မျပဘူး။
ေအးေဆးတဲ႕အျပံဳးတစ္ခုနဲ႕ ေဒါသကိုထိန္းတယ္။

 

စိတ္ဓာတ္တည္ၾကည္ေသာ အမ်ိဳးသမီးက
တာဝန္တစ္ခုကို မနိုင္ဝန္မထမ္းဘူး။
ကတိစကားတစ္ခြန္းကို…
ခ်င့္ခ်ိန္ျပီးမွေျပာဆိုတတ္တယ္။

 

ရိုးသားေသာအမ်ိဳးသမီးတစ္ဦးက
ကိုယ္က်ိဳးတစ္ခုဘဲ မၾကည့္တတ္ဘူး။
လုပ္ေဆာင္မႈ႕တိုင္းသူတစ္ပါးအတြက္
အျမဲထည့္တြက္ေပးတတ္တယ္။

 

ထက္ျမက္တဲ႕အမ်ိဳးသမီးက
အသည္းကြဲျခင္းကို
ေဆြးဖို႕အခ်ိန္မေပးဘူး။
အခ်ိန္မွီသင္ခန္းစာယူျပီး
အနာဂတ္ တိုးတက္ေအာင္ပဲ
ေတြးဖို႕အခ်ိန္ယူတယ္။

 

နွလံုးရည္ ျပည့္ဝတဲ့ အမ်ိဳးသမီးက
ဘယ္ေတာ့မွ…
တစ္ပါးသူပိုင္ဆိုင္တာကို လုမယူဘူး။
ကိုယ္ပိုင္ပစၥည္းဥစၥာကိုပဲ
အျမတ္တနိုးတန္ဖိုးထားတတ္တယ္။

 

ဥာဏ္ရည္ျပည့္ဝေသာအမ်ိဳးသမီးက
ထက္ျမက္တဲ႕လူရဲ႕ေနာက္ကလိုက္ရတဲ့
လမ္းကို မွီခုိမလိုက္ဘူး။
ကိုယ္တိုင္လမ္းကိုကိုယ္တိုင္ေဖာက္ဖို႔
တခဏတာပဲတပည့္ခံတယ္။

 

တကယ္ေခတ္မွီတဲ႕အမ်ိဳးသမီးက
မိတ္ကပ္နဲ႕မ်က္နွာေဆးျခယ္သဖို႔ပဲ
ေတြးမေနဘူး။
သူမဘဝေအာင္ျမင္မႈ႕ ပတ္ဝန္းက်င္နဲ႔
ဘယ္လို ေနထိုင္သင့္တယ္…
ဘယ္လိုတိုးတက္ေျပာင္းလဲေနတယ္
ဆိုတာပဲ အဓိကအာရံုထားတယ္။

 

ေတာ္တဲ႕အမ်ိဳးသမီးတစ္ဦးက
အခ်စ္ကိုမရွိမျဖစ္ ဘဝ တစ္ခုလံုးလို
သတ္မွတ္မထားဘူး။
ဘဝရဲ႕ မရွိလည္းျဖစ္တဲ့
လိုအပ္ခ်က္တစ္စိတ္တစ္ပိုင္း လိုပဲ
သတ္မွတ္ထားတယ္။

 

ယဥ္ေက်းတဲ႕အမ်ိဳးသမီးက စကားတစ္ခြန္းကို
ႏွဳတ္ခမ္းဖ်ားက မဖန္ဆင္းဘူး။
ဦးေနွာက္နဲ႕ပိုင္းျဖတ္၊
နွလံုးသားနဲ႕ဆန္းစစ္ျပီးမွ
စကားတစ္ခြန္းဖန္ဆင္းတယ္။

 

မိန္းမျမတ္ဆိုတာ တဒဂၤ သာယာမႈ႕ကုိ
အစဥ္ျမဲပိုင္ဆိုင္မႈ႕ရမၼက္အေနနဲ႕
အသြင္ေျပာင္း မယူဘူး။
ငရဲထိဆြဲခ်မဲ႕စက္ဆုပ္စရာ..
ရာဂစိတ္လို႔ပဲ သေဘာထားတယ္။

 

Credit to ပီတိ
Unicode Font

တည်ငြိမ်သော အမျိုးသမီးတစ်ဦးက
သူ့ဒေါသကို ဘယ်တော့မှ ထုတ်မပြဘူး။
အေးဆေးတဲ့အပြုံးတစ်ခုနဲ့ ဒေါသကိုထိန်းတယ်။

 

စိတ်ဓာတ်တည်ကြည်သော အမျိုးသမီးက
တာဝန်တစ်ခုကို မနိုင်ဝန်မထမ်းဘူး။
ကတိစကားတစ်ခွန်းကို…
ချင့်ချိန်ပြီးမှပြောဆိုတတ်တယ်။

 

ရိုးသားသောအမျိုးသမီးတစ်ဦးက
ကိုယ်ကျိုးတစ်ခုဘဲ မကြည့်တတ်ဘူး။
လုပ်ဆောင်မှု့တိုင်းသူတစ်ပါးအတွက်
အမြဲထည့်တွက်ပေးတတ်တယ်။

 

ထက်မြက်တဲ့အမျိုးသမီးက
အသည်းကွဲခြင်းကို
ဆွေးဖို့အချိန်မပေးဘူး။
အချိန်မှီသင်ခန်းစာယူပြီး
အနာဂတ် တိုးတက်အောင်ပဲ
တွေးဖို့အချိန်ယူတယ်။

 

နှလုံးရည် ပြည့်ဝတဲ့ အမျိုးသမီးက
ဘယ်တော့မှ…
တစ်ပါးသူပိုင်ဆိုင်တာကို လုမယူဘူး။
ကိုယ်ပိုင်ပစ္စည်းဥစ္စာကိုပဲ
အမြတ်တနိုးတန်ဖိုးထားတတ်တယ်။

 

ဉာဏ်ရည်ပြည့်ဝသောအမျိုးသမီးက
ထက်မြက်တဲ့လူရဲ့နောက်ကလိုက်ရတဲ့
လမ်းကို မှီခိုမလိုက်ဘူး။
ကိုယ်တိုင်လမ်းကိုကိုယ်တိုင်ဖောက်ဖို့
တခဏတာပဲတပည့်ခံတယ်။

 

တကယ်ခေတ်မှီတဲ့အမျိုးသမီးက
မိတ်ကပ်နဲ့မျက်နှာဆေးခြယ်သဖို့ပဲ
တွေးမနေဘူး။
သူမဘဝအောင်မြင်မှု့ ပတ်ဝန်းကျင်နဲ့
ဘယ်လို နေထိုင်သင့်တယ်…
ဘယ်လိုတိုးတက်ပြောင်းလဲနေတယ်
ဆိုတာပဲ အဓိကအာရုံထားတယ်။

 

တော်တဲ့အမျိုးသမီးတစ်ဦးက
အချစ်ကိုမရှိမဖြစ် ဘဝ တစ်ခုလုံးလို
သတ်မှတ်မထားဘူး။
ဘဝရဲ့ မရှိလည်းဖြစ်တဲ့
လိုအပ်ချက်တစ်စိတ်တစ်ပိုင်း လိုပဲ
သတ်မှတ်ထားတယ်။

 

ယဉ်ကျေးတဲ့အမျိုးသမီးက စကားတစ်ခွန်းကို
နှုတ်ခမ်းဖျားက မဖန်ဆင်းဘူး။
ဦးနှောက်နဲ့ပိုင်းဖြတ်၊
နှလုံးသားနဲ့ဆန်းစစ်ပြီးမှ
စကားတစ်ခွန်းဖန်ဆင်းတယ်။

 

မိန်းမမြတ်ဆိုတာ တဒင်္ဂ သာယာမှု့ကို
အစဉ်မြဲပိုင်ဆိုင်မှု့ရမ္မက်အနေနဲ့
အသွင်ပြောင်း မယူဘူး။
ငရဲထိဆွဲချမဲ့စက်ဆုပ်စရာ..
ရာဂစိတ်လို့ပဲ သဘောထားတယ်။

 

Credit to ပီတိ