Home » Gallery » Health » အလှအပရေးရာ မှာ အလွန်အသုံးဝင်တဲ့ သံလွင်ဆီအကြောင်းကို ဖော်ပြလိုက်ပါတယ်….

အလှအပရေးရာ မှာ အလွန်အသုံးဝင်တဲ့ သံလွင်ဆီအကြောင်းကို ဖော်ပြလိုက်ပါတယ်….

အလှအပရေးရာ မှာ အလွန်အသုံးဝင်တဲ့ သံလွင်ဆီအကြောင်းကို ဖော်ပြလိုက်ပါတယ်….

<<< Zawgyi ဖြင့်ဖတ်ရန် >>>

အိမ်တော်တော်များများမှာ သံလွင်ဆီ တစ်ဘူးလောက်တော့ ရှိကြမှာပါ ။ သံလွင်ဆီကို အစားအသောက်တွေချက်ပြုတ်တဲ့နေရာမှာ သုံးစွဲကြလေ့ရှိတယ်ဆိုပေမယ့် အလှပအရေးရေးရာဘက်မှာလည်းအသုံးပြုနိုင်ပါသေးတယ် ။ သံလွင်ဆီရဲ့ အားသာချက် ဒါဇင်ချီရှိတဲ့အထဲမှာမှ အလှအပရေးရာ အတွက်အသုံးဝင်တဲ့အချက်နှစ်ချက်ကိုပြောပြသွားမှာပါ ။သံလွင်ဆီဟာ အကောင်းဆုံး သဘာဝ skin care တွေထဲက တစ်ခုဖြစ်တယ်ဆိုတာကို သင်သိရဲ့လား ။

သံလွင်ဆီ ဟာ မိတ်ကပ် ဖျက်တဲ့နေရာမှာ အထိရောက်ဆုံး ပစ္စည်းတစ်ခုလည်းဖြစ်ပါတယ် ။သာမန်မိတ်ကပ်ဖျက်ဆေးတွေနဲ့ မပျက်နိုင်တဲ့ မိတ်ကပ်တွေကို သံလွင်ဆီဆွတ်ထားတဲ့ ဂွမ်းစလေးနဲ့ နှစ်ကြိမ်လောက်ပွတ်ဆွဲလိုက်ရင် လုံးဝပြောင်စင်သွားပါလိမ့်မယ် ။ထို့အပြင် သံလွင်ဆီကို Night Cream အဖြစ်လည်းသုံးနိုင်ပါသေးတယ် ။သံလွင်ဆီမျက်နှာပေါ်လိမ်းမယ်ဆိုရင် အဆီပြန်တဲ့မျက်နှာမျိုး ရလာလိမ့်မယ်လို့ သင်ထင်ကောင်းထင်နေနိုင်ပါတယ် ။

ဒါပေမယ့် ခန္ဓာကိုယ်က ချွေးပေါက်တွေဟာ သံလွင်ဆီကို အလျင်အမြန်စုပ်ယူလိုက်တဲ့အတွက် အဆီပြန်နေသလို ပြောင်တင်းတင်းဖြစ်နေမှာမဟုတ်ပါဘူး ။အထူးသဖြင့် ခြောက်သွေ့တဲ့ မျက်နှာအသားအရည်ရှိတဲ့သူမျိုးတွေဟာ သံလွင်ဆီကို Skin Care အဖြစ် အသုံးပြုပေးမယ်ဆိုရင် စိုလဲ့နေတဲ့ မျက်နှာလေးပိုင်ဆိုင်နိုင်ပါလိမ့်မယ် ။





Ref : Healthylife