Home » Gallery » Health » ကင်ဆာဆဲလ် များကို သေစေနိုင်တဲ့ အံသြဖွယ် အစွမ်း နဲ့ ဖျော်ရည်ကို ဖော်ပြလိုက်ပါတယ်…

ကင်ဆာဆဲလ် များကို သေစေနိုင်တဲ့ အံသြဖွယ် အစွမ်း နဲ့ ဖျော်ရည်ကို ဖော်ပြလိုက်ပါတယ်…

ကင်ဆာဆဲလ် များကို သေစေနိုင်တဲ့ အံသြဖွယ် အစွမ်း နဲ့ ဖျော်ရည်ကို ဖော်ပြလိုက်ပါတယ်…

<<< Zawgyi ဖြင့်ဖတ်ရန် >>>

ရှေးကတည်းက အဆင့်ဆင့်လက်ဆင့်ကမ်းခဲ့တဲ့ အစွမ်းထက် ဖျော်ရည် တစ်မျိုးဖြစ်ပါတယ်။ယုံကြည်စွာသောက်သုံးကြည့်ပါ။ ခန္ဓာကိုယ် ကို ဘေးမဖြစ်စေပါဘူး။ကောင်းကျိုးသာရစေတဲ့အစွမ်း ထက် ဖျော်ရည် ဖြစ်ပါတယ်။

ဒီဖျော်ရည်ကို အာလူး တစ်လုံး ( တစ်ချိုတွေကတော့ Beetrootလို့ခေါ်တဲ့ဥတစ်မျိုးနဲ့လည်း အာလူး နေရာမှာ အစားထိုးသုံးပါတယ် )၊ မုန်လာဥနီ တစ်တောင့်၊ ပန်းသီး တစ်လုံးပေါင်းစပ်ပြီး ဖော်စပ်ရတာပါ။
သစ်သီးအားလုံးကိုဆေးကြောသန့်စင်ပါ။ အခွံခွာပါ။ ပြီးရင်ဖျော်စက်ထဲထည့်ကြိတ်ပြီးသည်နှင့် ချက်ခြင်း သောက်သုံးနိုင်ပါပြီ။ သံပုရာသီး ၊ ရှောက်သီး၊ သံပရိုသီး တို့ကိုလည်း လိုအပ်ရင်ထည့်သောက်နိုင်ပါတယ်။

ဒီဖျော်ရည်ရဲ့ အစွမ်းထက်ပုံတွေကတော့
( ၁ ) ကင်ဆာဆဲတွေကြီးထွားပြန့်ပွားခြင်းကို တားဆီးပေးပါတယ်။
( ၂ ) အသည်းကြီးထွားခြင်း၊ ကျောက်ကပ်ကြီးထွားခြင်း၊ကပါယ်အိတ်ကြီးထွားခြင်းကိုလည်းတားဆီးပေးပါ တယ်။ပြည်တည်နာဖြစ်ခြင်းကိုလည်း ကုစားနိုင်ပါတယ်။
( ၃ ) အဆုတ်ကိုအားတိုးစေပြီး၊ နှလုံးရောဂါ၊ သွေးတိုးရောဂါတို့ကိုလည်းကာကွယ်ပေးပါတယ်။
( ၄ ) ခုခံအား စနစ်ကိုလည်း အားကောင်းစေပါတယ်။
( ၅ ) မျက်စိ အာရုံကိုပိုကောင်းစေသလို၊ မျက်လုံး နီခြင်း၊မျက်စိညောင်းခြင်းတို့ကိုလည်းသက်သာစေပါတယ်။
( ၆ ) ကြွက်သား နားခြင်း၊ ကြွက်သား ဒဏ်ဖြစ်ခြင်းကိုလည်းပျောက်ကင်းစေပါတယ်။
( ၇ ) အသားကိုလှပစေပြီး ရွှန်းလဲ့တောက်ပစေပါတယ်။ ပိုမိုနုပျိုစေပါတယ်။
( ၈ ) အစာကိုကြေညက်စေနိုင်ပြီး အစာခြေစနစ်ပိုကို ပိုမိုကောင်းမွန်စေပါတယ်။
( ၉ ) အမျိုးသမီး များ မီယပ်သွေးပေါ်ချိန်တွင်ဖြစ်တတ်သောနာကျင်ခြင်းကိုလည်းလျှော့နည်းသက် သာစေပါတယ်။
( ၁၀ ) ဖျားနာခြင်း ကိုလည်း သက်သာပျောက်ကင်းစေပါတယ်။
( ၁၁ ) ဥာဏ်ရည် ကိုတိုးတက်စေပြီး ဦးနှောက် ကိုပိုမိုကောင်းမွန်စေပါတယ်။
( ၁၂ ) ကိုယ်အလေးချိန် လျှော့ချနေသူများအနေနှင့်လည်းသောက်သုံးနိုင်ပါတယ်။ဒီ ဖျော်ရည် ဟာ အားအင် ကိုတိုးစေသလို ကယ်လိုရီ ပါဝင်မှုကလည်းအနည်းဆုံးသောဖျော်ရည်ဖြစ်ပါတယ်။
( ၁၃ ) ကိုယ်ခန္ဓာ အတွင်းက ကလီစာ များပြန်လည်တည်ဆောက်ခြင်းကို အထောက်အပံ့ပေးပါတယ်။
ရောဂါ တော်တော်များကိုသက်သာအောင် အထူးအစွမ်းထက်သောဖျော်ရည်ဖြစ်ပါတယ်။
သောက်သုံးနည်းကတော့ ဖျော်ပြီးသား ဖျော်ရည် အား မနက်စာမစားခင် ၁နာရီအလိုဗိုက်ထဲတွင် အစာမရှိ ချိန်မှာ သောက်သုံးရပါမယ်။ ပိုပြီးအာနိသင်သက်ရောက်ချင်သူများအနေနဲ့ တစ်နေ့ ၂ကြိမ် မနက်တစ်ကြိမ်နှင့် ညနေ၅နာရီတွင် ၁ ကြိမ် သောက်သုံးနိုင်ပါတယ်။ ၂ပါတ်အတွင်းခုခံအားစနစ်ထူးခြားသိသာ ပြောင်းလဲလာ ပါလိမ့်မယ်။





















Ref : cancerHealth