Home » Knowledge » လူျဖစ္ရက်ိဳးနပ္ခ်င္ရင္ ထိုကဲ့သို႕ စိတ္ထားႏိုင္ေအာင္ ေလ့က်င့္ပါ။

လူျဖစ္ရက်ိဳးနပ္ခ်င္ရင္ ထိုကဲ့သို႕ စိတ္ထားႏိုင္ေအာင္ ေလ့က်င့္ပါ။

လူျဖစ္ရက်ိဳးနပ္ခ်င္ရင္ ထိုကဲ့သို႕ စိတ္ထားႏိုင္ေအာင္ ေလ့က်င့္ပါ။

Zawgyi Font

၁။ “အမြန္ျမတ္ဆံုးအရာ ေမတၱာစိတ္”

 

ေမတၱာစစ္သည္သာလွ်င္ အေကာင္းဆံုး၊ အမြန္ျမတ္ဆံုး ျဖစ္သည္။ ကိေလသာ ေမတၱာမွာ ပို၍ေကာင္းသေယာင္၊ ေလးနက္သေယာင္၊ ပုိ၍တန္ဖုိးရွိသေယာင္ ထင္ရေသာ္လည္း စင္စစ္မွာ ဖန္တီးထားေသာ အတုအေယာင္မ်ားသာ ျဖစ္၏။

 

၂။ “ အသိစိတ္”

 

မသိကမွား၏။ မွားက ဘ၀မေအာင္ျမင္။

မေအာင္ျမင္က စိတ္ဆင္းရဲမည္။

 

၃။ “ဥေပကၡာစိတ္”

 

“အသက္ေတာင္ေသရေသးတာပဲ။ ဒီေလာက္ဆံုးရူံးတာ ဂရုမစိုက္စမး္ပါနဲ႕” ဟု ေျပာႏုိင္သူမ်ားကိ ဥေပကၡာစိတ္ဓာတ္ ရွိသူမ်ားျဖစ္၏။

“ ဘုရားေတာင္ ေ၀ဖန္ခံရ၊ ပဥၥ၀ဂၢီငါးဦး စြန္႕ပစ္သြားခံရေသးတာ၊ တုိ႕ကို ေ၀ဖန္ကဲ့ရဲ႕တာ မဆန္းပါဘူး။ ဟုတ္ရင္ခံ၊ မွန္ရင္ ေျဖရုံပဲ ရွိတယ္” ဆုိေသာ လူသည္ ဥေပကၡာျပဳႏိုင္သူ ျဖစ္၏။

 

၄။ “ထူးခြ်န္စိတ္”

 

ထူးခြ်န္လုိစိတ္ကို စိတ္ကူးယဥ္ႏွင့္သာ မရပ္ႏွင့္။

ထူးခြ်န္လုိစိတ္သည္ မေနာကံသာျဖစ္၏။

ထူးခြ်န္လုိစိတ္ရွိလွ်င္ လက္ေတြ႕လုပ္ရပ္ရွိရမည္။

ထူးခြ်န္လိုစိတ္ထက္သန္လွ်င္ ထူးခြ်န္မႈမွာ မခဲယဥ္း။

 

၅။ “မခံခ်င္စိတ္”

 

မခံခ်င္စိတ္သည္ စိတ္ဆိုး၊ စိတ္ယုတ္၊ စိတ္ညံ႕ အမ်ိဳးအစားထဲတြင္ မပါ။ လူတစ္ေယာက္တြင္ မခံခ်င္စိတ္သည္ ရွိသင့္ရွိထုိက္ေသာ စိတ္မ်ိဳး ျဖစ္သည္။ လူ႕ဘ၀တြင္

မခံခ်င္စိတ္သည္ အေရးပါေသာ စိတ္တစ္မ်ိဳး ျဖစ္သည္။

 

၆။ “တက္ၾကြစိတ္”

 

တက္ၾကြစိတ္သည္လည္း အစြန္းေရာက္သြားလွ်င္ လမး္လႊဲတတ္၏။ ခုတ္ရာတလြဲ၊ ရွရာတလြဲ ဆုိသလုိ အလြဲလြဲ အမွားမွား ျဖစ္ကုန္လိမ့္မည္။ မတက္ၾကြသင့္ေသာ ကိစၥမ်ိဳးတြင္ တက္ၾကြက ခက္လွေသာ အက်ိိဳးဆက္ေတြ ရကုန္တက္၏။

 

၇။ “ အတုယူစိတ္”

 

ေလာက၌ သနားစရာေကာင္းေသာသူကို ေဖာ္ျပပါဆုိလွ်င္ အတုယူမွားေသာသူကို ေဖာ္ျပရမည္ဟု အီဂ်စ္စကားပံု ရွိ၏။ လူလိမၼာ၏ အမွန္ကို အတုယူရသလုိ၊ လူမုိက္၏ အမွားကိုလည္း အတုယူရေပမည္။ ဖားကိုတု၍ ခရုခုန္လွ်င္ အုိင္ပ်က္ရုံသာ ရွိမည္။ အတုယူ၌ သဘာ၀တူသူ၊ အေျခအေန နီးစပ္သူ၊ ျဖစ္ႏိုင္ဖြယ္ရွိမွာသာလွ်င္ တုသင့္၊ ျပဳသင့္ ေပသည္။ မတူလွ်င္မတုႏွင့္ ဟူေသာ ဆိုရုိးစကားကို မွတ္သား၍ မတူေလသည္ကို ဇြတ္အတင္းလုိက္ မတုပါေလႏွင့္။

 

၈။ “သည္းခံစိတ္”

 

လုပ္မွ ျဖစ္သည္။ ရွာမွ ရသည္။ စားမွ ၀သည္။

သြားမွ ေရာက္သည္။ သင္မွ တတ္သည္။ ၾကည့္မွ ျမင္သည္။

ေမးမွ သိသည္။ သည္းခံစိတ္ထားမွ စိတ္ခ်မး္သာမည္။

 

၉။ “ယံုၾကည္စိတ္”

 

ယံုၾကည္မႈမွာ မွန္သည္ ရွိ၏။

ယံုၾကည့္မႈမွာ မွားသည္ ရွိ၏။

ယံုၾကည္ထားသည့္ အတုိင္း ျဖစ္လာသည္။ ျဖစ္ခဲ့သည္လည္း၇ွိ၏။ ယံုၾကည္ထားသလုိ ျဖစ္မလာသည္လည္း ရွိ၏။ ေလာက၌ အခ်စ္ေရး ျဖစ္ေစ၊ စစ္ေရး ျဖစ္ေစ၊ စီးပြားေရး ျဖစ္ေစ၊ ၾကီးပြားေရး ျဖစ္ေစ၊ ယံုၾကည္မႈရွိရန္ လုိအပ္သည္။

ယံုၾကည္မႈ ရွိမွ ထိုယံုၾကည္မႈအတုိင္း မရမေန ေဆာင္ရြက္သည့္ လံု႕လ၊ ၀ီရိယ၊ ဇြဲ တုိ႕ ျဖစ္လာမည္။

 

၁၀။ “မိတ္ေဆြစိတ္”

 

အေပါင္းအသင္းထားမွသာ အေၾကာင္းအျခင္းမ်ားေျဖရွင္းရ လြယ္ကူမည္။ အက်ိဳးတူရာ ေပါင္းဖြဲ႕ဆက္ဆံတတ္ေသာ အေလ့အထရွိရမည္။ အသိဥာစ္ႏွင့္ ယွဥ္ေသာ ပူးေပါင္းေဆာင္ရြက္မႈမ်ိဳးမွာ အလြန္တိုးတက္ ထြန္းကားျခင္း အေျခခံတရားပင္။

 

၁၁။ “ထၾကြလံု႕လ ၀ီရိယရွိျခင္း”

 

လူမဟန္ ကံပံုခ်လုိ႕ မျဖစ္ဘူး၊ ကံမရွိဥာဏ္ရွိတုိင္းမြဲ ဆုိတာလည္း မဟုတ္ပါဘူး။ ကံယံုျပီး အိပ္ေနၾကည့္ပါလား၊ ငတ္ေနမွာပဲ၊ မြဲေနမွာေပါ့။ စကားပံုမွာေတာ့ ကံေကာင္းခ်မး္သာ၊ တုိင္းထြာကိုယ္က်ိဳး၊ အဆိုးမရွိ လုိ႕ဆုိတယ္။ ကံကိုယံု ဆူးပံုမနင္းနဲ႕လုိ႕လည္း ရွိတယ္။ ျပီးေတာ့ က့ေပၚမွာေပၚလြင္၊ ဥာဏ္ရွိမႈ ေျမာ္ျမင္လုိိ႕လည္း ဆုိျပန္ပါတယ္။

ေလာကမွာကံ၊ ဥာဏ္၊ လံု႕လ၊ ၀ီရိယ ညီမွ်မွ ခ်မး္သာမယ္။ ကံမေကာင္းရင္ ဘာလုပ္၇မလဲ။ ထၾကြ၀ီရိယနဲ႕ အလုပ္ကို ပိုလုပ္ၾကရမွာေပါ့။

 

၁၂။ “မိတ္ေဆြေကာင္းႏွင့္ ျပည့္စံုျခင္း“

 

သိုးအုပ္က ခြဲထြက္သြားတဲ့ သိုးကို ၀ံပုေလြက ဖမ္းစားႏုိင္တယ္။ ႏြားကြဲရင္ က်ားဆြဲတယ္။ ကိုယ့္မိသားစုေသာ္လည္းေကာင္း၊ မိတ္ေဆြအေပါင္းအသင္းေသာ္လည္းေကာင္း အုပ္စုကြဲရင္ အၾကံသမား သို႕မဟုတ္ ၇န္သူက ႏုိင္သြားႏုိင္တယ္လို႕ အာရပ္ပညာရွိ တစ္ဦးက ဆုိတယ္။

ဒါေၾကာင့္ မိတ္ေကာင္းရမွ ခ်မး္သာရလုိ႕ မိတ္ေကာင္းေဆြေကာင္းကို ဘယ္ေလာက္ေ၀းေ၀း ေတြ႕ေအာင္ရွာျပီး ေပါင္းၾကရမယ္ဗ်ိဳ႕။

 

၁၃။ “ကိုယ္က်င့္တရားႏွင့္ ျပည့္စံုျခင္း”

 

ဆင္းရဲလြန္းလုိ႕ အက်င့္ပ်က္သလုိ ခ်မး္သာလြန္းျပန္ရင္လည္း အက်င့္ပ်က္တာပဲ။ အဲဒါေၾကာင့္ အက်င့္ေကာင္းတာ ဆင္းရဲခ်မး္သာနဲ႕လည္း သိပ္မဆုိင္ပါဘူး။ သူ႕ကိုယ္က်င့္တရားနဲ႔ ကိုယ္ျဖစ္ၾကတာ။ အက်င့္ေကာင္းရခ်င္ရင္ ေလ့က်င့္ရတယ္။ ေကာင္းတဲ့ အေလ့အက်င့္ကို လုပ္ရင္ ေကာင္းတဲ့အက်င့္ရတာေပါ့။

 

မူရင္းေရးသားသူထံမွ ကုသိုလ္ျဖင့္ မွ်ေ၀ပါ၏။

 

Unicode Font

၁။ “အမွန်မြတ်ဆုံးအရာ မေတ္တာစိတ်”

 

မေတ္တာစစ်သည်သာလျှင် အကောင်းဆုံး၊ အမွန်မြတ်ဆုံး ဖြစ်သည်။ ကိလေသာ မေတ္တာမှာ ပို၍ကောင်းသယောင်၊ လေးနက်သယောင်၊ ပို၍တန်ဖိုးရှိသယောင် ထင်ရသော်လည်း စင်စစ်မှာ ဖန်တီးထားသော အတုအယောင်များသာ ဖြစ်၏။

 

၂။ “ အသိစိတ်”

 

မသိကမှား၏။ မှားက ဘဝမအောင်မြင်။

မအောင်မြင်က စိတ်ဆင်းရဲမည်။

 

၃။ “ဥပေက္ခာစိတ်”

 

“အသက်တောင်သေရသေးတာပဲ။ ဒီလောက်ဆုံးရူံးတာ ဂရုမစိုက်စမး်ပါနဲ့” ဟု ပြောနိုင်သူများကိ ဥပေက္ခာစိတ်ဓာတ် ရှိသူများဖြစ်၏။

“ ဘုရားတောင် ဝေဖန်ခံရ၊ ပဥ္စဝဂ္ဂီငါးဦး စွန့်ပစ်သွားခံရသေးတာ၊ တို့ကို ဝေဖန်ကဲ့ရဲ့တာ မဆန်းပါဘူး။ ဟုတ်ရင်ခံ၊ မှန်ရင် ဖြေရုံပဲ ရှိတယ်” ဆိုသော လူသည် ဥပေက္ခာပြုနိုင်သူ ဖြစ်၏။

 

၄။ “ထူးချွန်စိတ်”

 

ထူးချွန်လိုစိတ်ကို စိတ်ကူးယဉ်နှင့်သာ မရပ်နှင့်။

ထူးချွန်လိုစိတ်သည် မနောကံသာဖြစ်၏။

ထူးချွန်လိုစိတ်ရှိလျှင် လက်တွေ့လုပ်ရပ်ရှိရမည်။

ထူးချွန်လိုစိတ်ထက်သန်လျှင် ထူးချွန်မှုမှာ မခဲယဉ်း။

 

၅။ “မခံချင်စိတ်”

 

မခံချင်စိတ်သည် စိတ်ဆိုး၊ စိတ်ယုတ်၊ စိတ်ညံ့ အမျိုးအစားထဲတွင် မပါ။ လူတစ်ယောက်တွင် မခံချင်စိတ်သည် ရှိသင့်ရှိထိုက်သော စိတ်မျိုး ဖြစ်သည်။ လူ့ဘဝတွင်

မခံချင်စိတ်သည် အရေးပါသော စိတ်တစ်မျိုး ဖြစ်သည်။

 

၆။ “တက်ကြွစိတ်”

 

တက်ကြွစိတ်သည်လည်း အစွန်းရောက်သွားလျှင် လမး်လွှဲတတ်၏။ ခုတ်ရာတလွဲ၊ ရှရာတလွဲ ဆိုသလို အလွဲလွဲ အမှားမှား ဖြစ်ကုန်လိမ့်မည်။ မတက်ကြွသင့်သော ကိစ္စမျိုးတွင် တက်ကြွက ခက်လှသော အကျိိုးဆက်တွေ ရကုန်တက်၏။

 

၇။ “ အတုယူစိတ်”

 

လောက၌ သနားစရာကောင်းသောသူကို ဖော်ပြပါဆိုလျှင် အတုယူမှားသောသူကို ဖော်ပြရမည်ဟု အီဂျစ်စကားပုံ ရှိ၏။ လူလိမ္မာ၏ အမှန်ကို အတုယူရသလို၊ လူမိုက်၏ အမှားကိုလည်း အတုယူရပေမည်။ ဖားကိုတု၍ ခရုခုန်လျှင် အိုင်ပျက်ရုံသာ ရှိမည်။ အတုယူ၌ သဘာဝတူသူ၊ အခြေအနေ နီးစပ်သူ၊ ဖြစ်နိုင်ဖွယ်ရှိမှာသာလျှင် တုသင့်၊ ပြုသင့် ပေသည်။ မတူလျှင်မတုနှင့် ဟူသော ဆိုရိုးစကားကို မှတ်သား၍ မတူလေသည်ကို ဇွတ်အတင်းလိုက် မတုပါလေနှင့်။

 

၈။ “သည်းခံစိတ်”

 

လုပ်မှ ဖြစ်သည်။ ရှာမှ ရသည်။ စားမှ ဝသည်။

သွားမှ ရောက်သည်။ သင်မှ တတ်သည်။ ကြည့်မှ မြင်သည်။

မေးမှ သိသည်။ သည်းခံစိတ်ထားမှ စိတ်ချမး်သာမည်။

 

၉။ “ယုံကြည်စိတ်”

 

ယုံကြည်မှုမှာ မှန်သည် ရှိ၏။

ယုံကြည့်မှုမှာ မှားသည် ရှိ၏။

ယုံကြည်ထားသည့် အတိုင်း ဖြစ်လာသည်။ ဖြစ်ခဲ့သည်လည်းရှိ၏။ ယုံကြည်ထားသလို ဖြစ်မလာသည်လည်း ရှိ၏။ လောက၌ အချစ်ရေး ဖြစ်စေ၊ စစ်ရေး ဖြစ်စေ၊ စီးပွားရေး ဖြစ်စေ၊ ကြီးပွားရေး ဖြစ်စေ၊ ယုံကြည်မှုရှိရန် လိုအပ်သည်။

ယုံကြည်မှု ရှိမှ ထိုယုံကြည်မှုအတိုင်း မရမနေ ဆောင်ရွက်သည့် လုံ့လ၊ ဝီရိယ၊ ဇွဲ တို့ ဖြစ်လာမည်။

 

၁၀။ “မိတ်ဆွေစိတ်”

 

အပေါင်းအသင်းထားမှသာ အကြောင်းအခြင်းများဖြေရှင်းရ လွယ်ကူမည်။ အကျိုးတူရာ ပေါင်းဖွဲ့ဆက်ဆံတတ်သော အလေ့အထရှိရမည်။ အသိဉာစ်နှင့် ယှဉ်သော ပူးပေါင်းဆောင်ရွက်မှုမျိုးမှာ အလွန်တိုးတက် ထွန်းကားခြင်း အခြေခံတရားပင်။

 

၁၁။ “ထကြွလုံ့လ ဝီရိယရှိခြင်း”

 

လူမဟန် ကံပုံချလို့ မဖြစ်ဘူး၊ ကံမရှိဉာဏ်ရှိတိုင်းမွဲ ဆိုတာလည်း မဟုတ်ပါဘူး။ ကံယုံပြီး အိပ်နေကြည့်ပါလား၊ ငတ်နေမှာပဲ၊ မွဲနေမှာပေါ့။ စကားပုံမှာတော့ ကံကောင်းချမး်သာ၊ တိုင်းထွာကိုယ်ကျိုး၊ အဆိုးမရှိ လို့ဆိုတယ်။ ကံကိုယုံ ဆူးပုံမနင်းနဲ့လို့လည်း ရှိတယ်။ ပြီးတော့ က့ပေါ်မှာပေါ်လွင်၊ ဉာဏ်ရှိမှု မြော်မြင်လိုိ့လည်း ဆိုပြန်ပါတယ်။

လောကမှာကံ၊ ဉာဏ်၊ လုံ့လ၊ ဝီရိယ ညီမျှမှ ချမး်သာမယ်။ ကံမကောင်းရင် ဘာလုပ်ရမလဲ။ ထကြွဝီရိယနဲ့ အလုပ်ကို ပိုလုပ်ကြရမှာပေါ့။

 

၁၂။ “မိတ်ဆွေကောင်းနှင့် ပြည့်စုံခြင်း“

 

သိုးအုပ်က ခွဲထွက်သွားတဲ့ သိုးကို ဝံပုလွေက ဖမ်းစားနိုင်တယ်။ နွားကွဲရင် ကျားဆွဲတယ်။ ကိုယ့်မိသားစုသော်လည်းကောင်း၊ မိတ်ဆွေအပေါင်းအသင်းသော်လည်းကောင်း အုပ်စုကွဲရင် အကြံသမား သို့မဟုတ် ရန်သူက နိုင်သွားနိုင်တယ်လို့ အာရပ်ပညာရှိ တစ်ဦးက ဆိုတယ်။

ဒါကြောင့် မိတ်ကောင်းရမှ ချမး်သာရလို့ မိတ်ကောင်းဆွေကောင်းကို ဘယ်လောက်ဝေးဝေး တွေ့အောင်ရှာပြီး ပေါင်းကြရမယ်ဗျို့။

 

၁၃။ “ကိုယ်ကျင့်တရားနှင့် ပြည့်စုံခြင်း”

 

ဆင်းရဲလွန်းလို့ အကျင့်ပျက်သလို ချမး်သာလွန်းပြန်ရင်လည်း အကျင့်ပျက်တာပဲ။ အဲဒါကြောင့် အကျင့်ကောင်းတာ ဆင်းရဲချမး်သာနဲ့လည်း သိပ်မဆိုင်ပါဘူး။ သူ့ကိုယ်ကျင့်တရားနဲ့ ကိုယ်ဖြစ်ကြတာ။ အကျင့်ကောင်းရချင်ရင် လေ့ကျင့်ရတယ်။ ကောင်းတဲ့ အလေ့အကျင့်ကို လုပ်ရင် ကောင်းတဲ့အကျင့်ရတာပေါ့။

 

မူရင်းရေးသားသူထံမှ ကုသိုလ်ဖြင့် မျှဝေပါ၏။