Home » Celebrity News » ဒီနှစ်မှာလည်း နေတိုးကို အကယ်ဒမီ ထပ်ရနိုင်ကြောင်း ဖွင့်ဟပြောပြလာတဲ့ သရုပ်ဆောင် ဆုပန်ထွာ





အရမ်းကို တော်လွန်းပြီး အရည်အချင်း ရှိတဲ့ မင်းသားချော နေတိုး ကတော့ ၂၀၁၈ ခုနှစ်မှာ ရုံတင်ပြသတဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲက တစ်ခုဖြစ်တဲ့ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပတ်သက်လို့ ဒီနှစ်မှာလည်း အကယ်ဒမီ ထပ်ဆင့်ဆွတ်ခူးနိုင်ကြောင်း ကြိုတင် ရင်ခုန်ပြီး နမိတ်ဖတ်လိုက်သူကတော့ သရုပ်ဆောင် ဆုပန်ထွာပဲ ဖြစ်ပါတယ်။



Unicode


ဒီနှစ်မှာလည်း နေတိုးကို အကယ်ဒမီ ထပ်ရနိုင်ကြောင်း ဖွင့်ဟပြောပြလာတဲ့ သရုပ်ဆောင် ဆုပန်ထွာ
မကြာခင် အချိန်မှာတော ့ပရိသတ်တွေ ရင်ခုန်စိတ်လှုပ်ရှားစွာ မျှော်လင့်နေတဲ့ ကယ်ဒမီပေးပွဲကတော့ တဖြေး ဖြေး နီးကပ်လာပြီဖြစ်ပြီး ဒီအတွက်နဲ့လည်း သရုပ်ဆောင် အနုပညာရှင် မင်းသား၊ မင်းသမီး တွေသာ မက ပရိ သတ်တွေကပါ အကယ်ဒမီပေးပွဲ အတွက် ကြိုတင်ရင်ခုန်နေကြပြီဖြစ်ပါတယ်။ ဒီနှစ်ရဲ့ အကယ်ဒမီစာရင်းဝင် ရုပ်ရှင်ဇာတ်လမ်းတွေထဲမှာ အများဆုံး ပါ၀င်နေတဲ့ မင်းသမီးချော ဖွေးဖွေးဟာလည်း အကယ်ဒမီရရှိဖို့ ထိပ်ဆုံး က တစ် ပြေးနေသလို မင်းသားတစ်ယောက် အနေနဲ့ နောက်ထပ် ထပ်ဆင့် အကယ်ဒမီ ရရှိနိုင်ချေရှိနေသူ မင်းသား တစ်ဦး ကတော့ အကယ်ဒမီမင်းသားချော နေတိုးဖြစ်ပါတယ်။ အရမ်းကို တော်လွန်းပြီး အရည်အချင်း ရှိတဲ့ မင်းသားချော နေတိုး ကတော့ ၂၀၁၈ ခုနှစ်မှာ ရုံတင်ပြသတဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲက တစ်ခုဖြစ်တဲ့ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပတ်သက်လို့ ဒီနှစ်မှာလည်း အကယ်ဒမီ ထပ်ဆင့်ဆွတ်ခူးနိုင်ကြောင်း ကြိုတင် ရင်ခုန်ပြီး နမိ်တ်ဖတ်လိုက်သူကတော့ သရုပ်ဆောင်ဆုပန်ထွာပဲ ဖြစ်ပါတယ်။ ” နေတိုးဆိုရင် မုန်းစွဲမှာ ဒီလောက် ကောင်းတဲ့ အိုက်တင်မျိုး မတွေ့တော့ဘူး။ အမတို့အမြင်မှာ နေတိုးက အပြင်မှာ ပျော့ပျော့ အေး အေး လေး၊ နုနုဖတ်ဖတ်လေးလေ၊ ကိုရီးယားမင်းသားလေးလိုပဲ၊ ဒါပေမဲ့ မုန်းစွဲမှာ ကြည့်လိုက်တာ အရမ်းအံသြ သွားတယ်။အရမ်း ဂျမ်းထောကြီး အဲ့လိုပုံစံကြီးတွေ့လိုက်ရတော့ အံသြသွားတယ်။ အရမ်းတော်တယ်” လို့ နေတိုးရဲ့ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီးထဲက သရုပ်ဆောင်ချက်၊ အိုင်တင်တွေနဲ့ ပတ်သက်လို့ ကြိုတင်နမိတ် စကားဆို ချီးကျူးလိုက်တာပဲ ဖြစ်ပါတယ်။ ချစ်ပရိတ်သတ်ကြီးရဲ့ အမြင်လေးလည်း ပြောအုံးနော်…………..။