Home » Celebrity News » မြင်တွေ့သူတိုင်းအသည်းထဲထိအေးစေမဲ့ မင်းသမီးချောလေးခေးဆက်သွင်ရဲ့မြန်မာဆန်ဆန်ပုံရိပ်များ







Unicode


မြင်တွေ့သူတိုင်းအသည်းထဲထိအေးစေမဲ့ မင်းသမီးချောလေးခေးဆက်သွင်ရဲ့မြန်မာဆန်ဆန်ပုံရိပ်များ
MRTV-4 ရဲ့ပင်တိုင်မင်းသမီးချောလေး ခေးဆက်သွင်ဟာ ရုပ်သံဇာတ်လမ်းတွဲများမှတစ်ဆင့် ပရိတ်သတ်တွေ ကြားမှာ ရေပန်းစားလာတဲ့မင်းသမီးလေးပဲ ဖြစ်ပါတယ်။ သူမဟာ ကြော်ငြာလေးတွေအများဆုံးရိုက်ကူး နေရ တာပဲ ဖြစ်ပြီးရုပ်ရှင်ဇာတ်ကားများနဲ့ ရုပ်သံဇာတ်လမ်းတွဲများလည်း ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ ဟန်ဆောင်မှု ကင်းတဲ့ အပြုံးလေးကလည်း ပရိသတ်ကို ကြွေစေတဲ့ အချက်တစ်ချက်လည်း ဖြစ်ပါတယ် ။ သူမဟာ ဘာသာ တရားကိုင်းရှိုင်းတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။ သူမရဲ့ချောမောလှပတဲ့ မျက်နှာလေးဟာလည်း လူတိုင်း ငေးမောသွားစေရတဲ့ အချက်တစ်ချက်လည်း ဖြစ်ပါတယ်။ သူမကိုယ်တိုင်လဲ ကိုယ့်ဒူးကိုယ်ချွန်ကာ ကြိုးစား နေဆဲ ဖြစ်သလို ရှေ့ဆက်လျှောက်လှမ်း မယ့် အနုပညာခရီးလမ်းကြောင်းအတွက်လည်း အချိန်တိုင်းကြိုးစား နေသူလေး တစ်ယောက်လည်း ဖြစ်ပါတယ် ။ သူမရဲ့ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ တင်ပေးလေ့ရှိတဲ့ သူမ က တော့ ဒီတစ်ခေါက်မှာလည်း မြန်မာဆန်ဆန်ပုံရိပ်လေးတွေကို ဝေမျှလိုက်ပြန်ပါပြီနော်။ မြန်မာဝတ် စုံလေးနဲ့ ကျက်သရေရှိနေတဲ့ ခေးဆက်သွင်ရဲ့ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်တွေ အတွက် ပြန်လည်မျှဝေပေးလိုက်ပါရ စေနော်………….ခေးလေးကို ချစ်ရင် တစ်ခုခုပြောခဲ့နော်။