Home » Celebrity News » မိဘမဲ့ကလေး (၈၀၀ )နဲ့အတူ မွေးနေ့ကိတ်ကို ပျော်ပါးစွာ ခွဲခဲ့ကြပြီး နေ့လည်စာပါ လှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ

မိဘမဲ့ကလေး (၈၀၀ )နဲ့အတူ မွေးနေ့ကိတ်ကို ပျော်ပါးစွာ ခွဲခဲ့ကြပြီး နေ့လည်စာပါ လှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ

မိဘမဲ့ကလေး (၈၀၀ )နဲ့အတူ မွေးနေ့ကိတ်ကို ပျော်ပါးစွာ ခွဲခဲ့ကြပြီး နေ့လည်စာပါ လှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ






Unicode


မိဘမဲ့ကလေး (၈၀၀ )နဲ့အတူ မွေးနေ့ကိတ်ကို ပျော်ပါးစွာ ခွဲခဲံကြပြီး နေ့လည်စာပါ လှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ
ပရိတ်သတ်ကြီးရေ စိတ်ထားအရမ်းဖြူစင်တဲ့ ပြည်သူချစ်မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ တစ်ခေတ် တစ်ခါ တည်းက ဆံပင်အရှည်ကြီးနဲ့ အရမ်းကိုလှခဲ့တဲ့ မင်းသမီးတစ်လက်ပါနော်။သူမပြုံးလိုက်တဲ့ အပြုံးလေး ဟာ ဆိုရင်လည်း ပါးချိုင့်လေးနှစ်ဖတ်နဲ့ အရမ်းကို ချစ်စရာကောင်းပြီး အေးချမ်းလှပါတယ်။ ဟိုးအရင်ကတည်း က အနုပညာအလုပ်တွေကို တစ်စိုက်မက်မက်လုပ်ဆောင်ရင်း ပရိတ်သတ်ရဲ့ အချစ်တွေကို ရရှိခဲ့ပါတယ်နော်။ အခုချိန်ထိလည်း အနုပညာအလုပ်တွေကို လုပ်ဆောင်နေပြီး ဇာတ်ကားတိုင်းရဲ့ ကျရာဇာတ်ရုပ်ကို ပီပြင်ပိုင်နိုင် စွာ သရုပ်ဆောင်နိုင်တဲ့ မင်းသမီးလေးပါ။ခိုင်နှင်းဝေက အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန် လုပ် ဆောင်နေသလို အလှူအတန်းနဲ့ ပရဟိတလုပ်ငန်းများကိုလည်း ကိုယ်တိုင်းဦးဆောင်ပါဝင်ကာ စွမ်းစွမ်းတမံ လုပ်ဆောင်နေတဲ့ စိတ်ထားဖြူစင်တဲ့ မင်းသမီးလေးဖြစ်ပါတယ်။ ခိုင်နှင်းဝေက ငယ်ငယ်တုန်းကလိုပဲ ဆံပင် အရှည်နဲ့ ကျက်သရေရှိစွာ နုငယ်ပျိုမျစ်နေတုန်းပါပဲနော်။အခုဆိုရင် ခိုင်နှင်းဝေက မွေးနေ့အကြိုအဖြစ် “နက်ဖြန် ကျ ရောက်မဲ့ကျမမွေးနေ့လေးမတိုင်ခင်မှာ မွေးနေ့အကြိုအနေနဲ့ ကျမချစ်တဲ့ မမခင်ဥမ္မာအေး (နာယက)နှင့် ကျမရဲ့ အသင်းသားများမှကျမကို Suprise အနေနဲ့ တွံတေးမြို့ မင်္ဂလာပရဟိတကျောင်းမှ ကလေး(၈၀၀) အားနေ့လည်စာကျွေးမွေး၍ ကလေးများနှင့်မွေးနေ့ပွဲကို ကျမမသိအောင် ကြိုတင်စီစဉ်ပေးထား ခဲ့ပါတယ်. တကယ့်ကိုပျော်စရာမွေးနေ့အကြိုနေ့လေးဖြစ်ခဲ့ပါတယ်”ဆိုပြီး သူမရဲ့ လူမှုကွန်ယက်လေးမှာ ရေးသားခဲ့တာပါ ဒီလေးလေးဟာ ဆိုရင် သူမရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ် ပရိတ်သတ်ကြီးလေ ဆုတောင်းစကားလေးတွေ ပြောခဲ့အုံးနော်……………….။