Home » Celebrity News » မိမိရဲ့အနုပညာကြေးလေးနဲ့ တိမ်တွေနေတဲ့ အရပ်မှာ အိမ်ဝယ်လိုက်တဲ့ အိချောပို

မိမိရဲ့အနုပညာကြေးလေးနဲ့ တိမ်တွေနေတဲ့ အရပ်မှာ အိမ်ဝယ်လိုက်တဲ့ အိချောပို

မိမိရဲ့အနုပညာကြေးလေးနဲ့ တိမ်တွေနေတဲ့ အရပ်မှာ အိမ်ဝယ်လိုက်တဲ့ အိချောပို

Zawgyi Font


Image may contain: cloud, sky, mountain, ocean, nature and outdoor

Image may contain: 3 people, people smiling, people standing

Image may contain: 1 person, standing, tree, plant, outdoor and nature


လွန်ခဲ့တဲ့ ၇လကျော်လောက်ကရှုတင်တစ်ခုနဲ့ တောင်ကြီးကိုရောက်တော့ ဒီလွိုင်ခမ်းအိမ်ရာလေးကိုသွားကြည့်ဖြစ်ခဲ့တယ်…🤔

Image may contain: 1 person, standing, sky, outdoor and nature

Image may contain: 1 person, smiling, standing, flower, plant, outdoor and nature


Image may contain: 1 person, standing, outdoor and nature


 

ဓာတ်ပုံ အိချောပို

 

Unicode Font

သရုပ်ဆောင် အိချောပိုက သူမကြိုက်နှစ်သက်ခဲ့တဲ့ ဒေသလေးမှာ အလှဆုံးအိမ်ကြီးကို ဝယ်ယူခဲ့ပါတယ်။ လွန်ခဲ့တဲ့ (၇) လကျော်က ရှုတင်တစ်ခုနဲ့ တောင်ကြီးကို ရောက်ဖြစ်ခဲ့ပြီး သူမ ဝယ်ယူလိုက်သည့် နေရာလေးကို သွားကြည့်ဖြစ်ခဲ့ရာမှ ရှုခင်းတွေနဲ့ စိုပြည်လန်းဆန်းတဲ့ ပန်းပင်များကို တွေ့ခဲ့ရတာကြောင့် ထိုကတည်းက သဘောကျမိသွားတယ်လို့ သိရပါတယ်။

 

မိသားစုနဲ့အတူ အေးအေးချမ်းချမ်းအနားယူလို့ရအောင်လည်း ဖြစ်တာကြောင့် အိချောပိုတစ်ယောက် အရမ်းကို ပျော်ရွှင်နေခဲ့ပါတယ်။

“ငယ်ငယ်လေးထဲက ခရီးထွက်မယ်ဆိုရင် အေးချမ်းသာယာတဲ့မြို့လေးတွေဒေသလေးတွေကိုပဲအမြဲရွေးချယ်ခဲ့တယ်… 🚙
လွန်ခဲ့တဲ့ ရလကျော်လောက်ကရှုတင်တစ်ခုနဲ့ တောင်ကြီးကိုရောက်တော့ ဒီလွိုင်ခမ်းအိမ်ရာလေးကိုသွားကြည့်ဖြစ်ခဲ့တယ်…🤔
လွိုင်ခမ်းအိမ်ရာ အဝင်ပေါက်ကစပြီး အရမ်းသာယာတဲ့ ရှုခင်းတွေ ချယ်ရီပန်းပင်တွေ စိန်ပန်းပင်တွေ ထင်းရှူးတောတွေနဲ့ စနစ်ကျတဲ့လမ်းလေးက သန့်ရှင်းမှုအပြည့်နဲ့ ကြိုဆိုနေတယ်…🌸
အိမ်ရာပေါ်ရောက်တော့ တိမ်တွေနေတဲ့အရပ်ဆိုတာ ဒါပါလားဆိုပြီး အရမ်းသဘောကျမိသွားတယ်…☁️
အဲဒါကြောင့် တောင်ကြီးရောက်တိုင်းအမြဲတမ်းသွားဖြစ်ခဲ့တာပေါ့…😊
ကိုယ့်မိသားစုနဲ့ အားတဲ့အချိန်မှာအနားယူရင်လည်း အပြည့်အဝအပန်းပြေမယ့်နေရာလေးဆိုတာရောက်ဖူးသူတိုင်းသိကြမယ်ထင်ပါတယ်…👍” ဆိုပြီး သူမရဲ့ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

 

သူမ အကောင်းဆုံးကြိုးစားခဲ့တဲ့ အနုပညာကြေးလေးနဲ့ ဖြူဖြူစင်စင် ဝယ်ယူနိုင်ခဲ့တဲ့ အိမ်လေးဖြစ်လို့ ပိုပြီးအေးချမ်းတယ်လို့ ဆိုပါတယ်။
“ခုတော့ ကိုယ်တတ်နိုင်သလောက်ငွေ amount နဲ့ ကိုယ်ကြိုက်တဲ့ view လေးမှာဝယ်ဖို့ဆုံးဖြတ်ခဲ့ပြီး စာချုပ်ချုပ်လိုက်ပါတယ်…👏
ကိုယ့်အနုပညာကြေးလေးနဲ့ ဖြူစင်စွာဝယ်မယ့်အိမ်လေးမို့လို့ အေးချမ်းမှုပိုရမယ်လို့ယုံကြည်မိပါတယ်…🙏” ဆိုပြီး ဆက်လက်ရေးသားခဲ့ပါတယ်။

 

အိချောပိုရဲ့ ဂုဏ်ယူစရာကောင်းတဲ့ လုပ်ရပ်လေးနဲ့ ပျော်ရွှင်စရာအတွက် ပရိသတ်များသာမက အနုပညာရှင်များကလည်း ဂုဏ်ပြုခဲ့ကြပါတယ်။