Home » Celebrity News » ‘ကၽြန္မက မေဟသီ’ ဇာတ္ကားအတြက္ သရုပ္ေဆာင္ရတဲ့ အခက္အခဲမ်ားကို ေျပာျပခဲ့တဲ့ ေအာင္ေရခ်မ္း

‘ကၽြန္မက မေဟသီ’ ဇာတ္ကားအတြက္ သရုပ္ေဆာင္ရတဲ့ အခက္အခဲမ်ားကို ေျပာျပခဲ့တဲ့ ေအာင္ေရခ်မ္း

‘ကၽြန္မက မေဟသီ’ ဇာတ္ကားအတြက္ သရုပ္ေဆာင္ရတဲ့ အခက္အခဲမ်ားကို ေျပာျပခဲ့တဲ့ ေအာင္ေရခ်မ္း

Zawgyi Font

MRTV-4 ရုပ္သံလိုင္းက လက္ရွိ ထုတ္လႊင့္ျပသလ်က္ရွိတဲ့ ‘ကၽြန္မက မေဟသီ’ ျမန္မာဇာတ္လမ္းတြဲေလးက ပရိသတ္မ်ားရဲ႕ အားေပးမႈကို ရရွိေနတဲ့ ဇာတ္ကားေကာင္းျဖစ္ပါတယ္။ ႏိုင္ငံေက်ာ္စာေရးဆရာမ သွ်င္မ ရဲ႕ ဝထၱဳ ကို မူရင္းနာမည္ အတိုင္း ျပန္လည္ရိုက္ကူးထားတာျဖစ္ၿပီး ‘ပ်ားရည္အိုင္’ ဇာတ္လမ္းတြဲနဲ႔ ပရိသတ္အသိအမွတ္ျပဳမႈကို ရရွိထားတဲ့ ေအာင္ေရခ်မ္းက ယခုဇာတ္လမ္းတြဲထဲမွာ အမ်ိဳးသမီးႏွစ္ဦးရဲ႕ ခင္ပြန္းေနရာကေန သရုပ္ေဆာင္ထားၿပီး အဓိက ဇာတ္ေဆာင္ေနရာကေန ပါ၀င္သရုပ္ေဆာင္ထားတာပါ။

Image may contain: 2 people, selfie, outdoor, closeup and nature

ဓာတ္ပံု ေအာင္ေရခ်မ္း

ေအာင္ေရခ်မ္းက သူ ပါ၀င္သရုပ္ေဆာင္ထားတဲ့ ‘ကြ်န္မက မေဟသီ’ ဇာတ္လမ္းတြဲထဲက သူ႕ရဲ႕ကာရိုက္တာအေနအထားနဲ႕ သရုပ္ေဆာင္ရတဲ့ ပံုစံကို အခုလို ရွင္းျပခဲ့ပါတယ္။ အတိတ္ေမ့တဲ့သူအေနနဲ႕ အတိတ္ကို ေနာက္ေၾကာင္းျပန္ေကာက္ရတဲ့ သူတစ္ေယာက္လို သရုပ္ေဖာ္ရတာေၾကာင့္ သရုပ္ေဆာင္ရတာ သူ႕အတြက္ ပိုခက္ခဲတယ္လို႕ ဆိုပါတယ္။

“အတိတ္ေမ့တဲ့လူတစ္ေယာက္အေနနဲ႔ သရုပ္ေဆာင္ရတာ ကၽြန္ေတာ့္အတြက္ ပိုခက္ခဲတယ္။ အတိတ္ေမ့တဲ့ ပံုစံကို ပရိသတ္က ေပါ့တယ္လို႕ ထင္ရင္ထင္လိမ့္မယ္ဆိုေပမယ့္ သူ႕ရဲ႕ပံုစံကိုက အဲဒီလုိျဖစ္ေနတာပါ။ အတိတ္ေမ့သြားတဲ့ လူတစ္ေယာက္ျဖစ္တဲ့အတြက္ တစ္ခ်က္တစ္ခ်က္ လြတ္လြတ္သြားမယ္၊ စကားေျပာတာနည္းလာမယ္၊ အတိတ္ကို ျပန္ျပန္ေကာက္ေနရတဲ့သူ တစ္ေယာက္ျဖစ္တဲ့အတြက္ နည္းနည္းေၾကာင္ေတာင္ေတာင္ေလး ျဖစ္မယ္” ဆိုၿပီး သူသရုပ္ေဆာင္ရတဲ့ ကာရိုက္တာအပိုင္းနဲ႕ ပတ္သက္ၿပီး ရွင္းျပခဲ့ပါတယ္ ။

Image may contain: 3 people, people smiling, people standing, tree, sky, outdoor and nature

ဓာတ္ပံု ေအာင္ေရခ်မ္း

လူငယ္သဘာ၀ လြတ္လပ္ခ်င္တဲ့ စိတ္နဲ႕ ဆုိးခဲ့ေပမယ့္ ေနာက္ပိုင္း တည္ၿငိမ္ရင့္က်က္သြားတဲ့ သူပံုစံနဲ႕ သူ႕ရဲ႕ဇနီးသည္အေၾကာင္းကို ျပန္စဥ္းစားရင္း နည္းနည္းေအးတဲ့ သူပံုစံ စတဲ့ ကာရိုက္တာမ်ိဳး သရုပ္ေဆာင္ရတယ္လို႕ ဆိုပါတယ္။

“မင္းမ်ိဳးႏြယ္ဆိုတဲ့ ဇာတ္ေကာင္ရဲ႕ နဂိုပံုစံကိုက သမာသမတ္က်တယ္။ ငယ္ငယ္တုန္းက ဆိုးခဲ့ေပမယ့္ က်ဴရွင္ဆရာလုပ္ျပီးေနာက္ပိုင္းမွာေတာ့ တည္ျငိမ္ရင့္က်က္သြားျပီး စံျမန္းနဲ႕ လင္မယားခ်င္း စကားမ်ားရင္ေတာင္ တိုးတိုးတိတ္တိတ္ နဲ႔ တစ္ေယာက္ကိုတစ္ေယာက္ခ်စ္ျပီး ၾကင္ၾကင္နာနာနဲ႔စကားေျပာတယ္ ဆိုေတာ့ မိန္းမေခ်ာနဲ႕သူနဲ႕အရင္က ဒီလုိပံုစံမ်ိဳးလားဆိုျပီး အတိတ္ကို ျပန္ျပန္စဥ္းစားရင္း နည္းနည္းေအးတဲ့သူတစ္ေယာက္ ပံုျဖစ္သြားတဲ့ ပံုစံဖမ္းရတာျဖစ္တယ္” လုိ႕ ဆက္လက္ ရွင္းျပခဲ့ပါတယ္။

Image may contain: 1 person, sunglasses, outdoor and closeup

ဓာတ္ပံု ေအာင္ေရခ်မ္း

လက္ရွိမွာေတာ့ ဗီဒီယိုကားေတြ ျပန္ရိုက္ဖို႕စီစဥ္ေနတာျဖစ္ျပီး ဗီဒီယိုကားေတြ ထြက္လာရင္လည္း ပရိသတ္ၾကီးက အားေပးေစခ်င္ပါတယ္လို႕ ေျပာသြားခဲ့ပါတယ္။ ေနာက္ၿပီး သူ႕အေနနဲ႔ ဒရမ္မာဘက္ကို ပိုအားသန္လို႕ ဒရမ္မာကားေတြကို ရိုက္ခ်င္တယ္လုိ႕လည္း ေျပာျပခဲ့ပါတယ္။

 

Unicode Font

MRTV-4 ရုပ်သံလိုင်းက လက်ရှိ ထုတ်လွှင့်ပြသလျက်ရှိတဲ့ ‘ကျွန်မက မဟေသီ’ မြန်မာဇာတ်လမ်းတွဲလေးက ပရိသတ်များရဲ့ အားပေးမှုကို ရရှိနေတဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်။ နိုင်ငံကျော်စာရေးဆရာမ သျှင်မ ရဲ့ ဝထ္တု ကို မူရင်းနာမည် အတိုင်း ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး ‘ပျားရည်အိုင်’ ဇာတ်လမ်းတွဲနဲ့ ပရိသတ်အသိအမှတ်ပြုမှုကို ရရှိထားတဲ့ အောင်ရေချမ်းက ယခုဇာတ်လမ်းတွဲထဲမှာ အမျိုးသမီးနှစ်ဦးရဲ့ ခင်ပွန်းနေရာကနေ သရုပ်ဆောင်ထားပြီး အဓိက ဇာတ်ဆောင်နေရာကနေ ပါဝင်သရုပ်ဆောင်ထားတာပါ။

 

အောင်ရေချမ်းက သူ ပါဝင်သရုပ်ဆောင်ထားတဲ့ ‘ကျွန်မက မဟေသီ’ ဇာတ်လမ်းတွဲထဲက သူ့ရဲ့ကာရိုက်တာအနေအထားနဲ့ သရုပ်ဆောင်ရတဲ့ ပုံစံကို အခုလို ရှင်းပြခဲ့ပါတယ်။ အတိတ်မေ့တဲ့သူအနေနဲ့ အတိတ်ကို နောက်ကြောင်းပြန်ကောက်ရတဲ့ သူတစ်ယောက်လို သရုပ်ဖော်ရတာကြောင့် သရုပ်ဆောင်ရတာ သူ့အတွက် ပိုခက်ခဲတယ်လို့ ဆိုပါတယ်။

“အတိတ်မေ့တဲ့လူတစ်ယောက်အနေနဲ့ သရုပ်ဆောင်ရတာ ကျွန်တော့်အတွက် ပိုခက်ခဲတယ်။ အတိတ်မေ့တဲ့ ပုံစံကို ပရိသတ်က ပေါ့တယ်လို့ ထင်ရင်ထင်လိမ့်မယ်ဆိုပေမယ့် သူ့ရဲ့ပုံစံကိုက အဲဒီလိုဖြစ်နေတာပါ။ အတိတ်မေ့သွားတဲ့ လူတစ်ယောက်ဖြစ်တဲ့အတွက် တစ်ချက်တစ်ချက် လွတ်လွတ်သွားမယ်၊ စကားပြောတာနည်းလာမယ်၊ အတိတ်ကို ပြန်ပြန်ကောက်နေရတဲ့သူ တစ်ယောက်ဖြစ်တဲ့အတွက် နည်းနည်းကြောင်တောင်တောင်လေး ဖြစ်မယ်” ဆိုပြီး သူသရုပ်ဆောင်ရတဲ့ ကာရိုက်တာအပိုင်းနဲ့ ပတ်သက်ပြီး ရှင်းပြခဲ့ပါတယ် ။

 

လူငယ်သဘာဝ လွတ်လပ်ချင်တဲ့ စိတ်နဲ့ ဆိုးခဲ့ပေမယ့် နောက်ပိုင်း တည်ငြိမ်ရင့်ကျက်သွားတဲ့ သူပုံစံနဲ့ သူ့ရဲ့ဇနီးသည်အကြောင်းကို ပြန်စဉ်းစားရင်း နည်းနည်းအေးတဲ့ သူပုံစံ စတဲ့ ကာရိုက်တာမျိုး သရုပ်ဆောင်ရတယ်လို့ ဆိုပါတယ်။

“မင်းမျိုးနွယ်ဆိုတဲ့ ဇာတ်ကောင်ရဲ့ နဂိုပုံစံကိုက သမာသမတ်ကျတယ်။ ငယ်ငယ်တုန်းက ဆိုးခဲ့ပေမယ့် ကျူရှင်ဆရာလုပ်ပြီးနောက်ပိုင်းမှာတော့ တည်ငြိမ်ရင့်ကျက်သွားပြီး စံမြန်းနဲ့ လင်မယားချင်း စကားများရင်တောင် တိုးတိုးတိတ်တိတ် နဲ့ တစ်ယောက်ကိုတစ်ယောက်ချစ်ပြီး ကြင်ကြင်နာနာနဲ့စကားပြောတယ် ဆိုတော့ မိန်းမချောနဲ့သူနဲ့အရင်က ဒီလိုပုံစံမျိုးလားဆိုပြီး အတိတ်ကို ပြန်ပြန်စဉ်းစားရင်း နည်းနည်းအေးတဲ့သူတစ်ယောက် ပုံဖြစ်သွားတဲ့ ပုံစံဖမ်းရတာဖြစ်တယ်” လို့ ဆက်လက် ရှင်းပြခဲ့ပါတယ်။

 

လက်ရှိမှာတော့ ဗီဒီယိုကားတွေ ပြန်ရိုက်ဖို့စီစဉ်နေတာဖြစ်ပြီး ဗီဒီယိုကားတွေ ထွက်လာရင်လည်း ပရိသတ်ကြီးက အားပေးစေချင်ပါတယ်လို့ ပြောသွားခဲ့ပါတယ်။ နောက်ပြီး သူ့အနေနဲ့ ဒရမ်မာဘက်ကို ပိုအားသန်လို့ ဒရမ်မာကားတွေကို ရိုက်ချင်တယ်လို့လည်း ပြောပြခဲ့ပါတယ်။