Home » Celebrity News » ‘ကၽြန္မက မေဟသီ’ ဇာတ္လမ္းၾကည့္ရင္း ဇာတ္ရွိန္တက္ၿပီး အဆဲခံရတယ္ ဆုိတဲ့ သံသာမိုးသိမ့္

‘ကၽြန္မက မေဟသီ’ ဇာတ္လမ္းၾကည့္ရင္း ဇာတ္ရွိန္တက္ၿပီး အဆဲခံရတယ္ ဆုိတဲ့ သံသာမိုးသိမ့္

‘ကၽြန္မက မေဟသီ’ ဇာတ္လမ္းၾကည့္ရင္း ဇာတ္ရွိန္တက္ၿပီး အဆဲခံရတယ္ ဆုိတဲ့ သံသာမိုးသိမ့္

Zawgyi Font

‘ကၽြန္မက မေဟသီ’ ဇာတ္လမ္းတြဲတြင္  သံသာမိုးသိမ့္က မိန္းမေခ်ာေနရာက သရုပ္ေဆာင္ခဲ့တာျဖစ္ၿပီး စည္းစိမ္ဥစၥာမ်ားနဲ႕ ခ်မ္းခ်မ္းသာသာေနရတာကို မက္ေမာတဲ့ မိန္းမ ကာရိုက္တာျဖစ္ပါတယ္။ လက္ရွိခင္ပြန္းေဟာင္းကို စြန္႕ပစ္၊ ေနစရာအိမ္ေတာင္မထားခဲ့တဲ့ မိန္းမေခ်ာဟာ ၿမိဳ႕တက္လာရင္းက အျခားအမ်ိဳးသမီးရဲ႕ခင္ပြန္းကို ေတြ႕ခဲ့ၿပီး ခ်မ္းသာတဲ့သူမွန္းသိခဲ့ရာမွ အတိတ္ေမ့ေနတဲ့ သူရဲ႕ဇနီးသည္အျဖစ္ ဟန္ေဆာင္ခဲ့တဲ့ ေကာက္က်စ္သူအျဖစ္ ကာရိုက္တာပုံစံမ်ိဳးနဲ႕ သရုပ္ေဆာင္ရတာ ျဖစ္ပါတယ္။ သူမရဲ႕သရုပ္ေဆာင္ခ်က္ ဟန္ပန္အျပဳအမူမ်ားက ကာရိုက္တာနဲ႕အံ၀င္ခြင္က်ျဖစ္တာေၾကာင့္ ပရိသတ္မ်ားက ဇာတ္လမ္းသေဘာနဲ႕အညီ မိန္းမေခ်ာ ကို ၾကိတ္မႏိုင္ခဲမရျဖစ္ခဲ့ၾကပါတယ္။

Image may contain: 1 person, standing

ဓာတ္ပံု သံသာမိုးသိမ့္

ဒါ့ေၾကာင့္ သံသာမိုးသိမ့္က ပရိသတ္မ်ား ဇာတ္လမ္းၾကည့္ရင္း ဇာတ္ရွိန္တက္ၿပီး အဆဲခံရတယ္လို႕ ဆုိပါတယ္။

“ဇာတ္ရွိန္ေတြတက္ၿပီးရင္းတက္ ေခ်ာေခ်ာေလးလည္းအဆဲခံရ😛” ဆိုၿပီး သူမရဲ႕ေဖ့စ္ဘြတ္မွာ ေရးသားခဲ့ပါတယ္။

Image may contain: 2 people, people sitting

ဓာတ္ပံု သံသာမိုးသိမ့္

သံသာမိုးသိမ့္ သူမတင္တဲ့ပို႕စ္ေအာက္မွာပဲ “ဆဲက်ပါလို႔ျပဳံးျပဳံးႀကီးခံပါတယ္လို႔😬😬” လို႕ ထပ္မံၿပီး ေရးသားခဲ့ပါတယ္။ ပရိသတ္မ်ားက သ႐ုပ္​က်လြန္​းလို႔ပါ​ေတာ္​ခ်က္​ အား​ေပး​ေနပါတယ္၊ အျပစ္မျမင္ပါဘူး အရမ္းခ်စ္ဖို႔ေကာင္းတယ္ သ႐ုပ္ေဆာင္တာပီျပင္တယ္၊ ကိုယ္ လုပ္ရမဲ႕လုပ္ကြက္ကို ပိုင္ေအာင္ ပီျပင္ေအာင္လုပ္တာ ေတာ္ပါတယ္ အားေပးပါတယ္၊ ႀကိဳးစားပါ ေအာင္ျမင္ပါလိမ့္မယ္ ဆိုတဲ့ ေ၀ဖန္ခ်က္ေကာင္းမ်ား ေရးသားခဲ့တာေၾကာင့္ “ဝမ္းသာလိုက္တာ😔🙏🏻” ဆိုၿပီး ျပန္လည္တုန္႕ျပန္ခဲ့ပါတယ္။

Image may contain: 1 person, smiling, standing, child, sky, tree, outdoor and nature

ဓာတ္ပံု သံသာမိုးသိမ့္

MRTV-4 ရုပ္သံလိုင္းက လက္ရွိ ထုတ္လႊင့္ျပသလ်က္ရွိတဲ့ ‘ကၽြန္မက မေဟသီ’ ျမန္မာဇာတ္လမ္းတြဲေလးက ပရိသတ္မ်ားရဲ႕ အားေပးမႈကို ရရွိေနတဲ့ ဇာတ္ကားေကာင္းျဖစ္ပါတယ္။ ႏိုင္ငံေက်ာ္စာေရးဆရာမ သွ်င္မ ရဲ႕ ဝထၱဳ ကို မူရင္းနာမည္ အတိုင္း ျပန္လည္ရိုက္ကူးထားတာျဖစ္ပါတယ္။ ပရိသတ္မ်ား အားေပးခ်က္နဲ႕အညီ ပါ၀င္သရုပ္ေဆာင္ခဲ့ၾကတဲ့ အႏုပညာရွင္မ်ားကလည္း အလြန္အမင္း သရုပ္ေဆာင္ေကာင္းခဲ့ၾကပါတယ္။

 

Unicode Font

‘ကျွန်မက မဟေသီ’ ဇာတ်လမ်းတွဲတွင်  သံသာမိုးသိမ့်က မိန်းမချောနေရာက သရုပ်ဆောင်ခဲ့တာဖြစ်ပြီး စည်းစိမ်ဥစ္စာများနဲ့ ချမ်းချမ်းသာသာနေရတာကို မက်မောတဲ့ မိန်းမ ကာရိုက်တာဖြစ်ပါတယ်။ လက်ရှိခင်ပွန်းဟောင်းကို စွန့်ပစ်၊ နေစရာအိမ်တောင်မထားခဲ့တဲ့ မိန်းမချောဟာ မြို့တက်လာရင်းက အခြားအမျိုးသမီးရဲ့ခင်ပွန်းကို တွေ့ခဲ့ပြီး ချမ်းသာတဲ့သူမှန်းသိခဲ့ရာမှ အတိတ်မေ့နေတဲ့ သူရဲ့ဇနီးသည်အဖြစ် ဟန်ဆောင်ခဲ့တဲ့ ကောက်ကျစ်သူအဖြစ် ကာရိုက်တာပုံစံမျိုးနဲ့ သရုပ်ဆောင်ရတာ ဖြစ်ပါတယ်။ သူမရဲ့သရုပ်ဆောင်ချက် ဟန်ပန်အပြုအမူများက ကာရိုက်တာနဲ့အံဝင်ခွင်ကျဖြစ်တာကြောင့် ပရိသတ်များက ဇာတ်လမ်းသဘောနဲ့အညီ မိန်းမချော ကို ကြိတ်မနိုင်ခဲမရဖြစ်ခဲ့ကြပါတယ်။

 

ဒါ့ကြောင့် သံသာမိုးသိမ့်က ပရိသတ်များ ဇာတ်လမ်းကြည့်ရင်း ဇာတ်ရှိန်တက်ပြီး အဆဲခံရတယ်လို့ ဆိုပါတယ်။

“ဇာတ်ရှိန်တွေတက်ပြီးရင်းတက် ချောချောလေးလည်းအဆဲခံရ😛” ဆိုပြီး သူမရဲ့ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။

 

သံသာမိုးသိမ့် သူမတင်တဲ့ပို့စ်အောက်မှာပဲ “ဆဲကျပါလို့ပြုံးပြုံးကြီးခံပါတယ်လို့😬😬” လို့ ထပ်မံပြီး ရေးသားခဲ့ပါတယ်။ ပရိသတ်များက သရုပ်​ကျလွန်​းလို့ပါ​တော်​ချက်​ အား​ပေး​နေပါတယ်၊ အပြစ်မမြင်ပါဘူး အရမ်းချစ်ဖို့ကောင်းတယ် သရုပ်ဆောင်တာပီပြင်တယ်၊ ကိုယ် လုပ်ရမဲ့လုပ်ကွက်ကို ပိုင်အောင် ပီပြင်အောင်လုပ်တာ တော်ပါတယ် အားပေးပါတယ်၊ ကြိုးစားပါ အောင်မြင်ပါလိမ့်မယ် ဆိုတဲ့ ဝေဖန်ချက်ကောင်းများ ရေးသားခဲ့တာကြောင့် “ဝမ်းသာလိုက်တာ😔🙏🏻” ဆိုပြီး ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။

 

MRTV-4 ရုပ်သံလိုင်းက လက်ရှိ ထုတ်လွှင့်ပြသလျက်ရှိတဲ့ ‘ကျွန်မက မဟေသီ’ မြန်မာဇာတ်လမ်းတွဲလေးက ပရိသတ်များရဲ့ အားပေးမှုကို ရရှိနေတဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်။ နိုင်ငံကျော်စာရေးဆရာမ သျှင်မ ရဲ့ ဝထ္တု ကို မူရင်းနာမည် အတိုင်း ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ပရိသတ်များ အားပေးချက်နဲ့အညီ ပါဝင်သရုပ်ဆောင်ခဲ့ကြတဲ့ အနုပညာရှင်များကလည်း အလွန်အမင်း သရုပ်ဆောင်ကောင်းခဲ့ကြပါတယ်။